Sunday, May 27, 2012

ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အရေးတော်ပုံ အခမ်းအနား ကျင်းပရေး အတွက် စည်းရုံးရေး အကြိုလှုပ်ရှားမှုများ စတင်


သမိုင်းတွင် မေ့ပျောက်၍ မရနိုင်သော ကျောင်းသားအရေးတော်ပုံကြီးဖြစ်ပြီး ဗကသများအဖွဲ့ချုပ်၏ တကသ အဆောက်အဦအား ဒိုင်းနမိုက် ဖြင့် ဖြိုချခံခဲရပြီး ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ထင်ရှားသောကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်သည်။ ယခုအချိန်တွင် နှစ်ငါးဆယ် ပြည့်ပြီ ဖြစ်သဖြင့် ဗကသများ အဖွဲ့ချုပ်(အထက်ဗမာပြည်) မှ တခမ်းတနား ကျင်းပမည် ဖြစ်ပါသည်။ သို့ပါ၍ ဝိုင်းဝန်း  နိုးဆော် ကူညီပေးကြပါရန်တိုက်တွန်းအပ်ပါသည်။ နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် 
အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလစည်းရုံးရေး လှုပ်ရှားမှုများ စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ 
လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရောအားပေးခဲ့ကြသည်။
မန်းမြန်မာပလာဇာသို့ ဝင်ရောက် ရာတွင် မူ တာဝန်ကျ မန်းမြန်မာပလာဇာ ဝန်ထမ်းမှ ဓါတ်ပုံများ
မရိုက်ရန်၊ကြေငြာများ မကပ်ရန် ၊ကပ်လို့ပါက ရုံးခန်းသို့ လိုက်ပြောရန် လာပြောသည်။ကျောင်းသား  များက ဓါတ်ပံမရိုက်ရန်သဘောတူသောလည်းအခြားစီးပွားရေးကြော်ငြာများကပ်သည့် နေရာများတွင် ကပ်ခဲ့ကြသည်။
အချို့နေရာများ ပြန်လည်ခွာပစ်ခဲ့ကြသည့်အတွက် မှတ်တမ်းဓါတ်ပုံများ ပြန်လည်ရိုက်ခဲ့သည်။
စီပွားရေးကြော်ငြာများ ကပ်ခွင့် ပြုထားပြီး အရေးတော်ပုံ စတစ်ကာအား ကပ်ခွင့်မပြုခဲ့သော
ထိုလုပ်  ရပ်ကိုကျောင်းသားများ မကျေနပ်သော်လည်း ငြိမ်းချမ်းစွာ ဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)