Friday, April 20, 2012

မင်းတို့ စော်ကားချင်တဲ့ သတင်းကို တင်ပြီးတိုင်း ပြန်ဖျက်ချင်တော့ အဟက်ခံလိုက်ရတယ်လို့  ပြောတာဟာ အိပ်ငိုက်မပြေတဲ့ ပြက်လုံးပါ


ဒေါ်စုက ဧရာဝတီအောင်ဇော်အား လက်ချာပေးနေပုံ-”မင်းတို့ စော်ကားချင်တဲ့ သတင်းကို မင်းတို့ ဖာသာ တင်ပြီး မကြာခင် ပြန်ဖျက်ပြီးတိုင်း လုံခြုံရေးကြောင့် အဟက်ခံလိုက်ရတာဆိုတဲ့ ခပ်ပေါ့ပေါ့ အကြောင်းပြချက်မျိုးတွေက နာမည်ကြီးသတင်းဌာနကြီးအတွက် ရိုးလွန်းတဲ့ အဖြေပါ။(အားလုံးကို တပြေးညီ အဟက်ခံရတဲ့အခါမျိုးကို ယုံပေမယ့် ..ဧရာဝတီတခုတည်း အဟက်ခံရတာလို့ ပေါ့ပျက်တဲ့ ဖြေရှင်းချက်တွေက အိပ်ငိုက်မပြေတဲ့ ပြက်လုံးတခုလောက်တောင် စိတ်ဝင်စားလို့ မရပါဘူး။) ဒေါ်စုကို ခဏခဏ စော်ကားတဲ့သတင်းတွေတင်ပြီးတိုင်း ဟက်ခ်ကာတွေ      ကို အပြစ်ပုံချတတ်တဲ့ စရိုက်က ဘာနဲ့တူသလဲ ဆိုတော့...မဆလ+န၀တ+နအဖ စစ်အစိုးရတို့ သူတို့ကိုယ်တိုင် လူထုကြား ဗုံးခွဲပြီးတိုင်း ပြည်ပသောင်းကျန်းသူတို့ရဲ့ လက်ချက်လို့ အလွတ်ကျက်ပြီး သတင်းထုတ်ပြန်တတ်တဲ့ အစဉ်အဆက် အကျင့်ဆိုးကြီးနဲ့ သိပ်တူနေတာကို အကဲခတ်မိလာတယ် ဧရာဝတီ သတင်းတာဝန်ခံတို့ရေ။အိုးဝေအောင်