Wednesday, April 11, 2012

မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ငလျင်လှုပ်


မြန်မာစံတော်ချိန် ၃နာရီ ကျော်က မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၈.၇ ရှိသော ရေအောက်ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ ရန်ကုန်မြို့လယ်တွင်ပင် တုန်ခါမှုများရှိ ခဲ့ကြောင်းသိရသည်။ "နှစ်မိနစ်လောက်ကြာတယ် လှုပ်နေတာ၊ ရုတ်တရက်တော့ ငလျင်မှန်းမသိဘူး။ အိမ်မှာချိတ်ထားတဲ့ တီဗီတွေ၊ မီးချောင်းတွေလှုပ်နေပြီး ခေါင်းပါနည်းနည်းမူးလာတော့မှ ငလျင်လှုပ်နေ
ကြောင်းသိရတယ်ဟု ပြောပါသည်။ ငလျှင်နှင့်ပါတ်သက်ပြီး ဆုနမိ အန္တရာယ် ယခုအချိန်အထိ မရှိ
ကြောင်းသိရှိရပါတယ်။