Tuesday, October 18, 2011

လူငယ်တို့အားမာန် လူငယ်ပြပွဲ


လူမှုဝန်းကျင် ဖွံ့ဖြိုးရန် လူငယ်တို့အားမာန် လူငယ်ပြပွဲတစ်ခုကို လူမှုရေးနှင့်ပတ်သက်
သည့်လူငယ်အဖွဲ့အစည်း ၂၀ကျော်ပေါင်းကာ အောက်တိုဘာ၁၆ရက်နေ့နှင့် ၁၇ရက်နေ့ တို့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းလူငယ်ပြပွဲကို ဂေဟဟိတအဖွဲ့အစည်းနှင့် အက်တစ်ဗစ်စတာ( activista) တို့မှ ကြီးမှုးကျင်းပခြင်းဖြစ်ပြီး တခြား လူငယ်အဖွဲ့၂၀ခန့်က ၀င်ရောက်ပူးပေါင်းပြသခဲ့ကြောင်း 
သိရသည်။ ယင်းပြပွဲတွင် စာရေးဆရာများဖြစ်သည့် ဆရာကျော်ဝင်း၊ ဆရာမသန်းမြင့်
အောင်၊ ဆရာချစ်ဦးညို၊ နှင့်အကြည်တော်တို့က လူငယ်နှင့်ပတ်သက်သည့်အကြောင်းအရာ
များ ကိုဟောပြောခဲ့ပြီး လူငယ်၅၀၀ နီးပါးတက်ရောက်ခဲ့ကြောင်းသိရသည်

ကျွန်တော်တို့ လူငယ်တွေစုပေါင်းပြီး လုပ်လို့ရသလောက်လုပ်တာပါ။ လူငယ်အားမာန်ဆိုတဲ့
အတိုင်း ကျွန်တော်တို့ ရှိတဲ့အားတွေစုပေါင်းပြီး ဒီလိုပွဲကြီးကို လုပ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ လူငယ်တွေပေါင်းပြီး နောက်ပိုင်းလဲ ဒီလိုပွဲတွေထပ်လုပ်ဖို့ရှိပါတယ်။ ဟု ယင်းပွဲတွင်ပါဝင်ခဲ့သူ
တစ်ဦးက ဆိုသည်။

ယင်းပွဲတွင်လူငယ်အဖွဲ့အစည်းများမှ လက်ဆောင်ပစည်းများရောင်းချခြင်း၊ သဘာဝပတ်ဝန်း
ကျင်နှင့်ပတ်သက်သည့်မေးခွန်းများမေးပြီး လက်ဆောင်ပေးခြင်း၊ လူကုန်ကူးခြင်းဆိုင်ရာ
နှင့်ပတ်သက်သည့်ဥာဏ်စမ်းများမေးခြင်း၊ ပုံပြောခြင်း၊ ပါဖောမန့်များလုပ်ခြင်း၊ ကန်ပိန်းများ
လုပ်ခြင်း၊ ကယ်ရီကေးချားဆွဲပေးခြင်း၊ ဘကဘုန်းကြီးကျောင်းများအတွက် ဗေဒင်ဟောပေး
ကာ အလှူခံပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇော်တူး