Tuesday, August 2, 2011

လက်လုပ်လက်စားဈေးသည်များ အရောင်းထိုင်း စားဝတ်နေရေးအဆင်မပြေ

ရန်ကုန်မြစ်ရေကြီးမှုများဖြစ်နေသောကြောင့် လက်လုပ်လက်စားဈေးသည်များ အရောင်းထိုင်းနေကြပြီး စားဝတ်နေရေးအဆင်မပြေမှုများဖြစ်ပေါ်နေသည်။ စီပွားရေးကျဆင်းနေသောကြောင့် လုပ်ငန်းရှင်ကြီးများ လည်း လုပ်ငန်းများနှေးကွေးလျှက်ရှိသည်။အသေးစားလုပ်ငန်းများမှာ ထိုင်းမှိုင်းလျှက်ရှိသည်ဟု စီပွားရေး လုပ်နေသူ တာမွေမြို့ နယ်မှ လုပ်ငန်းရှင်တဦးကဆိုသည်။ မြန်မာ့မီးရထားလုပ်ငန်းဌာန လုပ်ငန်းများကို ရှယ်ယာစနစ်ဖြစ် လုပ်ကိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များအားခေါ်ယူနေသောလည်း အများအားဖြင့် ဗိုလ်ချုပ်ကြီးများ၏ လုပ်ငန်းရှင်များသာ ရရှိမည်ဖြစ်ပြီး သက်သီးပုဂ္ဂလ သာမှန်လုပ်ငန်းရှင်လေးများမှာ
မရရှိနိုင်ကြောင်း ထိုစီးပွားရေးလုပ်ငန်းရှင်ကဆိုသည်။မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် တံခါးပိတ်ဝါဒကို ကျင့်သုံးသဖြင့် အာမခံနိုင်သည့် လုပ်ငန်းများမဟုတ်သောကြောင့် အလုပ်ရှင်နှင့်အလုပ်သမားပြသနာသည် လည်း တနေ့ တခြားများပြားလာနေပြီး လုပ်ငန်းအာမခံ အလုပ်သမာအာမခံများ မရှိသောကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းများကို အာမခံနိုင်သည့် အဖွဲ့ အစည်းများ ဖွဲ့ စည်းခွင့်မရှိ။
 ပြသနာတခုကို ပြေလည်အောင်မဖြေရှင်းနိုင်ဘဲ လုပ်ငန်း ရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်လာစေပြီး
နိုင်ငံနှင့်အလုပ်သမားများ အသေးစားလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးရပေသည်။