Monday, July 25, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့  တွေ့ ဆုံဆွေးနွေး


AP
Democracy icon Aung San Suu Kyi (L) speaks to the media as Myanmar Labour Minister Aung Kyi (R) looks on after they met for talks in Yangon on July 25, 2011. Aung San Suu Kyi met with the minister of Myanmar's new government for the first time, raising tentative hopes of sustained dialogue between the opposition icon and authorities.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၅ ရက်နေ့  အစိုးရအဖွဲ့ဝင် အလုပ်သမားဝန်ကြီးဌာန နှင့်လူမူဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ရှိ စိမ်းလဲ့ကန် သာအစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရသစ်တက်လာပြီးနောက် ဒေါ်အောင် ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စား လှယ်တို့ ပထမဆုံး တွေ့ ဆုံကြတာလည်း ဖြစ်ပါတယ်။

အစည်းအဝေးအပြီး ဝန်ကြီး ဦးအောင်ကြည်က ပူးတွဲကြေငြာချက်ကို ဖတ်ပြရာမှာ ''ပြည်သူ လူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေနွေးခဲ့ကြပါသည်'' လို့ ပြောပါတယ်။
ဆွေနွေးချက်များကတော့ တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ နဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေကို ဆွေနွေးခဲ့ကြတယ်လို့  ကြေငြာ ချက်မှာ
ဖော်ပြပါတယ်။
 နောက်ထပ်လည်း ထပ်မံတွေ့ ဆုံဆွေးနွေးဖို့  သဘောတူကြတယ်လို့ လည်း ကြေငြာချက်မှာ
ဖော်ပြပါတယ်။