Saturday, July 30, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေးတောင်းဆိုသည့်
ဆန္ဒပြပွဲ အခမ်းအနားဖိတ်ကြားအပ်ပါသည်။

ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများခင်ဗျာ။ ။

မြန်မာနိုင်ငံရဲ့ လက်ရှိလတ်တလော နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ကြပ်တည်းနေသောအခြေအနေမှ
အမြန်ဆုံးလွှတ်မြောက်ရန်အတွက် တွေ့ဆုံဆွေးနွေးရေးသည်မဖြစ်မနေအမြန်ဆုံးလိုအပ်နေပါသည်။
 အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီပဲရင်း
အရေးအခင်းအားသင်ပုန်းခြေပြီး နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသော တွေ့ဆုံဆွေးနွေးမှုအမြန်
ဆုံးပေါ်ပေါက်စေရေးအတွက် လက်ရှိစစ်အာဏာပိုင်အစိုးရတို့ကိုအစဉ်တစိုက်တောင်းဆိုနေပါသည်။
ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများမှ လစဉ်(၃၀)ရက်နေ့တွင်ကျင်းပပြုလုပ်နေသောဒီပဲရင်းဆု
တောင်းသည့်အခမ်းအနားမှ အမျိုးသားပြန်လည်သင့်မြတ်ရေးတောင်းဆိုသည့်ဆန္ဒပြပွဲအခမ်းအနား
ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် အခမ်းအနားသို့ မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖြင့်
ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။ ။

နေရာ။ ။ တိုကျိုမြို့၊ ရှိနာဂါဝါ၊ မြန်မာစစ်အခွန်ရုံးရှေ့
နေ့စွဲ ။ ။ ၂၀၁၁-ခုနှစ်. ၇လ.(၃၀)ရက်နေ့
အချိန်။ ။ ညနေ(၃-၀၀ မှ ၄-၀၀) အထိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲသတင်းနှင့်ပြန်ကြားရေးဌာန