Friday, July 15, 2011

ပင်စင်လစာ တိုးမြှင့်ပေးလိုက်ခြင်းကြောင့် သက်ဆိုင်ရာ မိခင်ဌာနများ လူစည်ကား

AP
၂၀၁၁-၇-၁၅
အစိုးရသစ် တက်လာပြီး ရက် ၁ဝဝ အတွင်း ပင်စင်လစာ တိုးမြှင့်ပေးလိုက်ခြင်းသည် လစာငွေ ရာဂဏန်း၊
ထောင်ဂဏန်းမျှသာ ခံစားနေရသည့် အငြိမ်းစား ဝန်ထမ်းများအတွက် ကျေနပ်ဖွယ်ဖြစ်သည်ဟု ပင်စင်စား
များက ပြောသည်။
လုပ်သက် နှစ် ၃ဝ ရှိ အစိုးရဝန်ထမ်းများသည် လုပ်သက်ပြည့် ပင်စင်၊ အသက် ၆ဝ နှစ်အထိ တာဝန်ထမ်း
 ဆောင်ခဲ့လျှင် သက်ပြည့်ပင်စင်၊ ကျန်းမာရေး ချွတ်ယွင်းမှုကြောင်း ခိုင်လုံလျှင် ဆေးပင်စင်တို့ ခံစားခွင့် ရှိသည်။
ပင်စင်စားများအနေဖြင့် မိမိတိုးမြှင့်ခံစားရမည့် လစာနှုန်းထားများ သိရှိရန် သက်ဆိုင်ရာ မိခင်ဌာန၊ အဖွဲ့အ စည်းများသို့ ဆက်သွယ်ပြီး လျှောက်လွှာ ပုံစံဖြည့်ပြီးနောက် တိုးမြှင့်လစာ မည်မျှရရှိကြောင်း တွက်ချက်
ပေးမည်ဟု သိရ၍ မိခင်ဌာနများသို့ သွားရောက်စုံစမ်းသူများ ၇လပိုင်းနောက်ဆုံးထား လျှောက်လွှာတင်ရ မည်ဖြစ်သည်။လူအမြောက်အများလာရောက်တန်းစီသောကြောင့် ဌာန၀န်ထမ်းများက နီးစပ်ရာကို လပ်ပေး လပ်ယူလုပ်၍ အမြန်ဆောင်ရွက်ပေးမှုများလည်း ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။
၁၉၈၈ စက်တင်ဘာက စစ်တပ် အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ၏ လစာကို ၁၉၈၉၊ ၁၉၉၃၊ ၂၀၀၀၊ ၂၀၀၆ နှင့် ၂ဝ၁ဝ ခုနှစ်များ၌ ၆ ကြိမ် လစာတိုးပေးခဲ့သည်။ နောက်ဆုံးတိုးပေးခဲ့သည့်မှာ ၂ဝ၁ဝ ဇန်နဝါရီ တွင်ဖြစ်ပြီး ဝန်ထမ်းတိုင်း၏ လစာကို ကျပ် ၂ သောင်းစီ ထပ်မံတိုးမြှင့်မှု ဖြစ်သော်လည်း ပင်စင်စားများ လစာကိုမူ မတိုးမြှင့်ဘဲ ထားခဲ့သည်။ ၀န်ထမ်းပင်စင်လစာကို ၉ဆမျှတိုးမြင့်ပေးလိုက်ခြင်းသည် သာမှန်ဝန် ထမ်းများအဖို့  စားဝတ်နေရေး ကျမ်းမာရေးတို့ အတွက် လုံလောက်သောငွေပမာဏ မဟုတ်သောလည်း သိန်းနဲ့ ချီပြီးလစာရရှိသော ဗိုလ်ချုပ်ကြီးများပင်စင်မသွားခင် ဥပဒေဖြင့်တရားဝင်အတည်ပြုသတ်မှတ်ကာ 
ပင်စင်လစာတိုးမြင့်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဝေဖန်သူများလည်းရှိနေသည်။