၂၀၁၁-၇-၁၈
၆၄ နှစ်မြောက် အာဇာနည်နေ့တွင် ဒီမိုကရေစီအင်အားစု ကွန်ယက်လူငယ်များက အာဇာနည်ဗိမာန်သို့
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ချီတက်အလေးပြုမည်ဟု စီစဉ်ထားသည်။
ရွှေဂုံတိုင်လမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် အာဇာနည်နေ့အခမ်းအနားပြုလုပ်အပြီး တက်ရောက် လာသော အဖွဲ့ ဝင်များက ခြေလျင်ချီတက် အလေးပြုကြမည်ဖြစ်သည်။
တနင်္ဂနွေနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် အာဇာနည်နေ့၌ နံက် ၁၀ နာရီမှ ညနေ၄ နာရီ အတွင်း အများပြည်သူ လာရောက်ဂါရ၀ပြုနိုင်ကြောင်း ဖော်ပြပါရှိသည်။ လွတ်လပ်ရေး၏ဖခင်ကြီး(အမျိုးသားခေါင်းဆောင်)ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး များသည် တိုင်းပြည်၏ တာဝန်ကိုထမ်းဆောင်နေရင်း ဂဠုန် ဦးစောနှင့် အပေါင်းအပါ လူယုတ်မာတစု၏ လုပ်ကြံသတ်ဖြတ်မှုဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရသည်။ အာဇာနည်နေ့ သည် မြန်မာနိုင်ငံအဖို့  ၀မ်းနည်း
ကျေကွဲဖွယ်ကောင်းသော ဆုံးရုံးမှုကြီးဖြစ်၍ ယနေ့ ထိတိုင် မမေ့နိုင်သော နေ့ တနေ့ ဖြစ်သည်။