Friday, July 29, 2011

မြန်မာနဲ့ အိုမန်ဘောလုံးပွဲ ဆူပူမှုဖြစ်ပွား


မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို အမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာကိုဟိန်းမင်းအောင်သက်သေအဖြစ် တင်ပြ
0 Comments - 28 Jul 2011
Congressional Brefing on Burmese Child Soldier - Hein Min Aungအမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာ မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို ပိုမို သိရှိလာဘို့ အတွက် နယူးဇီလန်နိုင်ငံမှာ ရောက်ရှိအခြေချ နေထိုင်နေတဲ့ ကိုဟိန်းမင်းအောင်က သွားရောက် ကာမြန်မာနိုင်ငံ ရှိ ခလေးစစ်သား များ ကိုယ်စား သက်သေအဖြစ် တင်ပြခြင်းဖြစ်ပါတယ်။...ဒီအစီအစဉ်ကို ၀ါရှင်တန် အခြေဆိုက် (Human Rights Action Centre)ကနေ ဦးဆောင်ပြီးတော့ အမေရိကန်နိုင်ငံ ။ (Texas)တက်...

More Link

သောကြာနေ့၊ ဂျူလိုင်လ ၂၉၊ ၂၀၁၁

ဒီနေ့ သုဝဏ္ဏမှာကန်တဲ့ မြန်မာနဲ့ အိုမန်ဘောလုံးပွဲ ဆူပူမှုဖြစ်ပွားခဲ့ရာ မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ပစ်နေကြတာ၊ ထီးလည်းပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းဘက်သို့ပင်နယ်တီပြစ်ဒဏ်ဘောပေးလိုက်ရချိန်
နောက်ပိုင်းတွင် ပရိသတ်မှာ ပိုမိုကြမ်းတမ်းစွာ ဆူညံပေါက်ကွဲ လာခဲ့ပြီး ယင်းသို့ ကွင်း အတွင်း သို့ ရရာပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ရာ အိုမန်ဘောလုံးအသင်း၏ နည်းပြဖြစ်သူမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒိုင်လူကြီးနှင့် နှစ်ဘက်အသင်း အားကစားသမားများအပါအဝင် လူနှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ဒီနေ့ ဘောပွဲဟာ ရှက်ဖို့ကောင်းတယ်နော် မျက်နှာပျက်စရာပဲ။