Friday, July 1, 2011

မြန်မာတိုင်းမ်ဂျာနယ်မှ(CEO)Mr Ross Dunkley ကိုထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်လိုက်ပြီ

မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr RossDunkleyမှ ၄င်းအားတရားရုံးကချမှတ်သည့် အမိန့်အပေါ်ကျေနပ်
ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပမီဒီယာများသို့ ပြောကြားနေစဉ်
မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyနောက် ဆုံးအမှုရုံးချိန်းရင်ဆိုင်ရန်အတွက် ရန်ကုန်တိုင်း
ဒေသကြီး၊ ကမာရွတ်မြို့နယ်တရားရုံးသို့ဇွန်လ (၃၀)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်
Mr Ross Dunkley နှင့်မြန်မာတိုင်းမ်ဂျာနယ်မှ အမှုဆောင်လူကြီးတစ်ဦးနှင့် စကားပြောနေပုံ
မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkley တရားရင်ဆိုင်ရာ ကမာရွတ်မြို့နယ်တရားရုံး
၂၀၁၁-၆-၃၀
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ၊ ကမာရွတ်မြို့နယ်တရားရုံးတွင်မြန်မာ တိုင်းမ်ဂျာနယ်မှ(CEO) Mr Ross 
Dunkley ၏အမှုကိုယနေ့၂၀၁၁ခု၊ဇွန်လ(၃၀)ရက်နေ့နေ့လည် (၂)နာရီတွင်အပြီးသတ်အမိန့်ချမှတ်ခဲ့ပါ 
သည်။ကမာရွတ်မြို့နယ်တရားသူကြီးမှမြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr RossDunkleyသည်တရားလိုမခိုင်
ဇာလင်းအားနာကျင်စေခဲ့သောအမှု ဥပဒေပုဒ်မ (၃၂၃)အရပြစ်မှုထင်ရှားကြောင်းတွေ့ရှိရသဖြင့် ထောင်ဒဏ်
(၁)လပြစ်ဒဏ်ကျခံစေရန်နှင့်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကိုချိုးဖောက်ကြောင်းပြစ်မှုထင်
ရှားသဖြင့်လ၀ကအက်ဥပဒေ (၁၃(၁)) အရ ဒဏ်ငွေ(၁)သိန်းကျပ်တိတိပေးဆောင်စေရန်အမိန်ချမှတ်ခဲ့
ပါသည်။အပြစ်ပေးခံရသောထောင်ဒဏ်(၁)လကိုတရားခံ)မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross 
Dunkley အားပြစ်မှုရင်ဆိုင်နေစဉ်အတွင်း ချုပ်နှောင်ထားခဲ့သော ရက်ပေါင်း(၄၄) ရက်ဖြင့်ကြေစေကြောင်း
အမိန့်ချမှတ်ခဲ့ပါသည်။ယင်းစီရင်ချက်နှင့်ပတ်သက်၍ MrRoss Dunkley မှ၎င်းတွင်အပြစ်လုံးဝမရှိ
ကြောင်း၊တရားလိုမခိုင်ဇာလင်းအားလဲကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ယခုချမှတ်သည့်
အမိန့်အပေါ်တွင်လဲကျေနပ်ခြင်းမရှိကြောင်းပြည်တွင်းပြည်ပမီဒီယာများသို့ပြောကြားသွားခဲ့ပါသည်။
လူထုအော်သံ