Thursday, June 30, 2011

အစိုးရသစ်၏ တရားမျှတမှုမရှိသည့် ဥပဒေကိုအလွဲသုံးစားပြုသော ချိန်းခြောက်စာ

ပုံကိုနှိပ်ပြီး ပုံကြီးချဲ့ ကြည်ပါ
အစိုးရသစ်၏ ချိန်းခြောက်အကြောင်းကြားစာတွင်ပါရှိသော နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ ၂/၂၀၁၀နှင့် ၁၈/၂၀၁၀ ကိုထုတ်ပြန်၍ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံတင်ရမည်ဟု ကြေညာခဲ့သည်။
နိုင်ငံတကာတွင် မှတ်ပုံတင်ထားပြီးသော ပါတီတခုသည် ရွေးကောက်ပွဲကျင်းပတိုင်း
ပြန်လည်မှတ်ပုံတင်ရမည်ဟု ဥပဒေတွင် မရှိပါ။ ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်သည့် နိုင်ငံလည်း ယနေ့ အထိမကြားဘူးသေးပါ။
စစ်အစိုးရ သစ်သည် နိုင်ငံတကာဥပဒေကို လေ့လာလေးစားခြင်းမရှိသောကြောင့်  ဥပဒေကိုလက်တလုံးခြား
လုပ်၍ ပြည်သူများအထင် အမြင်လွဲအောင် အခြေခံဥပဒေတွေကိုတဖက်သတ်သတ်မှတ်ပြီး ပြည်သူဆန္ဒကို
လည်း မတရားသောနည်းဖြင့်ကောက်ခံခဲ့သည်။ မိမိတို့ ပြထမ်းထားသော ဥပဒေတွင် အသစ်ပြန်လည်ရေး
ဆွဲအတည်ပြုမည့် ဥပဒေသည် တည်ဆဲဥပဒေများအား နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုမရှိစေရဟု
ပြထမ်းထားပါလျှက်နှင့် ဥပဒေကိုအလွဲသုံးစားလုပ်ကာ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း၏ ဥပဒေအထက်တွင်မည်
သူမျှမရှိစေရဟု တတွင်တွင်ပြောဆိုနေသောလည်း ယခုချိန်းချောက်စာကိုကြည့်ခြင်းအားဖြင့် ဥပဒေ အထက်တွင် ဗိုလ်ချုပ်များထင်သလို အလွဲသုံးစားပြုနေသည်မှာ ထင်ရှားပါသည်။
ကောင်းမွန်သောအစိုးရ သန့် ရှင်းသောအစိုးရ ဒီမိုကရေစီ၏အနှစ်သာရကိုနားလည်ပါက ဒီမိုကရေစီ၏ အဓိပ္ပါယ်သည် အာဏာသည်ပြည်သူထံမှ ဆင်းသက်ရမည် ပြည်သူ့ အစိုးရဖြစ်ရမည် ဥပဒေစိုးမိုးပြီး အခြေခံဥပဒေကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဖြင့်ရေးဆွဲရမည် တဖက်သတ်ရေးဆွဲခြင်းမပြုရ။
အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောပြီး တိုင်းရင်းသားဒေသများကို မိမိတို့ နှင့်မပူးပေါင်းသည့်အတွက် မတရားထိုးစစ်ဆင်နေခြင်းသည် လူ့ အခွင့်အရေးကြေညာစာတမ်းပါ ဥပဒေများကို ချိုးဖေါက်နေခြင်း
 ဖြစ်သောကြောင့် ဥပဒေကို လေးစားလိုက်နာရမည့်သူမှာ အစိုးရသစ်သာဖြစ်ပါကြောင်း အသိပေး