၂၀၁၁-၆-၂၅
၂၄ ရက် သောကြာနေ့  ဆီးရီးယားနိုင်ငံတွင် ဘုရားကျောင်းဝတ်ပြုမှပြန်လာသော ပြည်သူများ က Damascusမြို့ တွင်းမှ တောင်ပိုင်း Darua မြို့  အနောက်ပိုင်း Homsမြို့  အလယ်ပိုင်း Hamaမြို့  စသည့် မြို့ ကြီးများတွင် တပြိုင် နက် လူဦးရေး သောင်းနဲ့ ချီပြီး ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးများအတွက် Assad အစိုးရအား ဆန္ဒပြခဲ့ရာ မြို့ တော် Damascus တွင် လုံထိမ်းရဲများ၏ ပစ်ခတ်ခဲ့မှုကြောင့် ၁၅ ဦးသေဆုံးခဲ့ရသည်။
Turkey's Anatolian News Agency ၏ ထုတ်လွင့်ချက်အရ တူရကီနယ်စပ်မြောက်ပိုင်း Hirubetojozu ရွာလေး တွင် စစ်တင့်ကားများအသုံးပြုခဲ့သောကြောင့် ပစ်ခတ်မှုကိုစိုးရိမ်သောပြည်သူ ၁၅၀၀ ကျော်က တူရကီဘက် သို့ တွက်ပြေးခဲ့ကြသည်။
ဆီးရီးယား Assad အစိုးရအားသည် ဒီလလယ်ပိုင်း Jisr ash-Shughur မြောက်ပိုင်းတွင် စစ်တပ်မှစစ်ဆင်
ရေးစတင်ခဲ့ပြီး အပြစ်မဲ့ပြည်သူများ ၁သောင်း၂ထောင်ကျော်က ဒုက္ဒသည်အဖြစ်နှင့်အနီးနိုင်ငံများသို့  တွက်
ပြေးခိုလုံနေကြရသည်။
၃လပိုင်းမှစတင်၍ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးများအတွက် ပြည်သူများတောင်းဆိုဆန္ဒပြခဲ့ရာ ၁၄၀ ထက် မနဲ သေဆုံးခဲ့ကြပြီး နိုင်ငံတကာမှ လူ့ အခွင့်အရေးချိုးဖေါက်မှုဖြင့် အပြစ်တင်ဝေဖန်နေကြသည်။