Thursday, June 23, 2011

ခေတ်နောက်ကျနေတဲ့ မြန်မာ့လယ်ယာနှင့် တံခါးဖွင့်ဝါဒကိုမကျင့်သုံးတဲ့ မြန်မာ့စီးပွားရေး စနစ်

၂၀၁၁-၆-၂၃
မြန်မာ့လယ်ယာလုပ်ငန်းများသည် ခေတ်မှီတိုးတက်နေသော ၂၁ ရာစုတွင် မြန်မာ့တောင်ယာလုပ်ငန်း ယနေ့ ထိတိုင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လက်စိုက်လယ်ယာလုပ်ငန်းဖြင့် လယ်ယာမြေ၏ ၉၀%က
ခေတ်မှီ စက်ကရိယာများကို မသုံးစွဲနိုင်သေးသောကြောင့် လယ်ယာမြေစိုက်ပျိုးမှုနည်းပညာများခေတ်မှီ
တိုးတက်မှုမရှိသေးပေ။မြန်မာနိုင်ငံ၏ လူဦးရေး ၇၀%သည် လယ်ယာလုပ်ငန်းများလုပ်ကိုင် လျှက်ရှိသည်။ လယ်ယာစိုက်ပျိုးရေးချီးငွေစနစ်ကိုလည်း စေသနာသန့် သန့် နှင့် အတိုးမဲ့ချေးငွေစနစ်ကို အစိုးရမှပံ့ပိုးပေး 
မှုမရှိ လယ်ယာမြေများအဓမ္မသိမ်းစည်းမှု စိုက်ပျိုးသီးနှံများ သိမ်းစည်းမှုနှင့် ကာယနှင့်ကျွဲ နွား တိရိစ္ဆာန်များ
ကိုသာအားကိုးနေရသေးသည်။ 
စီပွားရေးလုပ်ငန်းများဟာလည်း ယခင်အာဏာရှင်နည်းတူ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူများသာ လုပ်ငန်းရှင်
ကြီးများဖြစ်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များမှာ နေရာမရဖြစ်နေကြရသည်။စစ်တပ်ကိုကူညီထောက်ပံ့သူများ
သာ စီးပွားရေးလုပ်ငန်းပါမစ်ထုတ်ပေးပြီး လုပ်ငန်းအမြတ်များကို ဗိုလ်ချုပ်ကြီးများနှင့်ဝေစားမျှစား လုပ်နေ
သူများသာ ကြီပွားချမ်းသာလာနေသည်။ ဦးတေဇသည် ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်ကြီး စာရင်းဝင်အောင်
 ကျိုးစားနေမှုရှိနေသည်။
အစိုးရသစ်သည် တိုင်းပြည်မှာ ဦးစားပေး ဖြေရှင်းသွားမယ့် ကိစ္စတွေထဲ တခုအဖြစ် ထည့်သွင်းပြီး စီးပွားရေး
ဖွံ့ဖြိုးအောင် လုပ်သွားမယ်လို့ အစိုးရသစ်ကို ဦးဆောင်သွားမယ့် သမ္မတကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုပွဲ
အတွင်း အာမခံပြောဆိုသွားတာပါ။ လူမှုစီးပွားရေး ဘ၀တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဈေးကွက်စီးပွားရေး စနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေး ရည်ရွယ်ထားကြောင်းလည်း သမ္မတသစ် ဦးသိန်း
စိန် ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သို့ သော်လည်း ယနေ့ လက်ရှိစီးပွားရေးလုပ်ငန်း အများစုသည် အစိုးရနှင့်ပါတ်သက်သူများသာ နေရာ ရနေပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအား အစိုးရ၏ ကူညီပံ့ပိုးမှု မရှိသလောက်နည်းပါးနေရသည်။
စီးပွားရေးလုပ်ငန်းများကိုလည်း ပါမစ်စနစ်ဖြင့် လေလံတင် အမြတ်ထုတ်ရောင်းစားနေသော လဒ်စားမှုများ လည်းရှိသေးသည်။စနစ်တခုကို ခိုင်ခိုင်မာမာ ကျစ်လစ်မှုရှိအောင် ဥပဒေစိုးမိုးရေးပြထမ်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိပဲ ချစားမှုစီးပွားရေးစနစ်ကို ကျင့်သုံးနေပါက အောင်မြင်မှုမရနိုင်။
“ဈေးကွက်စီးပွားရေးစနစ် လိုမျိုး အခြေခံအားဖြင့် ပြောမယ်ဆိုရင်၊ ပုဂ္ဂလိကကဏ္ဍကနေ လွတ်လွတ် လပ်လပ်နဲ့ လုပ်ကိုင်နိုင်ရန်နှင့်လုပ်ငန်းအချင်းချင်း၊ ထုတ်လုပ်သူ အချင်းချင်း၊ လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်မှု ရှိကြရမယ် ဈေးကွက်စီးပွားရေးစနစ် အခြေခံတွေအဖြစ် ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ပြဋ္ဌာန်း ခဲ့ပြီးဖြစ်သလို၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလို အပြောင်းအလဲတွေလည်း လုပ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ နိုင်ငံပိုင် စီးပွားရေး အများစုကို ပြည်သူပိုင် ပြောင်းလဲဖို့ အစီအစဉ်ရှိကြောင်း အစိုးရသစ်မဖွဲ့ခင်ကတည်းက ပြော ဆိုထားတာ ဖြစ်သလို၊ အစိုးရက တတ်နိုင်သမျှ စွက်ဖက်မှု နည်းနိုင် သမျှနည်းအောင် လုပ်သွားပါ့မယ်လို့ ၀န်ခံကတိပေးသွားပါတယ်။
အခုအချိန်အထိတော့ အဓိက စီးပွားရေးလုပ်ငန်းတွေကို အစိုးရနှင့်ပါတ်သက်သူများကသာ လက်ဝါးကြီးအုပ် ထားပါတယ်။စစ်ဗိုလ်ချုပ်ဟောင်းတွေကို ပြန်ပြီးနေရာပေးထားတဲ့အတွက် စီးပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ တံခါးဖွင့်ဝါဒမဟုတ်ဘဲ ဈေးကွက်စီးပွားရေးစနစ်လို့  ဆိုတာကလည်း ထိန်းကွပ်ထားတဲ့ပုစံမျိုး သဘောသက်ရောက်တဲ့အတွက် လွပ်လပ်စွာလုပ်ကိုင်မှုများ မရရှိနိုင်ပေ။ ထိုကြောင့် မြန်မာ့လယ်ယာနှင့် စီပွားရေးစနစ်ကို တံခါးဖွင့်ဝါဒကျင့်သုံးကာ လွတ်လပ်စွာလုပ်ကိုင်ခွင့်များပေ၍ အစိုးရအနေဖြင့် အာမခံ ချက် ပေးရမည်ဖြစ်ပြီး အသိပညာပေးလုပ်ငန်းများ တွင်ကျယ်လာအောင် သမဂ္ဂများ အဖွဲ့ အစည်းများ ဖွဲ့ 
စည်းခွင့်ပေးရမည်။ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းရှင်များ၏ ရပိုင်ခွင့်အခွင့်အရေးများကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည်။