Tuesday, February 8, 2011

ပါတီဖျက်သိမ်းခံရမှု NLD ကုလ လူ့အခွင့်အရေးကောင်စီ တိုင်မည်

07 ဖေဖော်ဝါရီ 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ပိုင်ခွင့် အထူးအယူခံကို အပြီးသတ် ပယ်ချလိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုပြီး ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး ကောင်စီကို တင်ပြ တိုင်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD တာဝန်ရှိသူတွေ ဒီကနေ့ တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြပြီးတဲ့နောက်မှာ အခုလို ဆုံးဖြတ်ချက် ချခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။