Wednesday, February 9, 2011

လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်

9-2-2011
မြန်မာနိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းတွေဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့်သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ချိန်မှာ အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိသွားမယ်လို့ ပြောလိုက်ပါတယ်။