Thursday, February 10, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ ဒုတိ​ယ​အ​ကြိမ်တွေ့ ဆုံဆွေးနွေးပွဲ

၂၀၁၁-၂-၉
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ NGO များ၏ အားနည်းချက်များ၊ ပညာရေးဆိုင်ရာ လုပ်ငန်းများ၊ လူငယ်နှင့် နိုင်ငံရေးဆိုင်ရာကိစ္စရများ၊ တရားဥပေဒ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကေရစီနှင့် လူ့အခွင့်အေရးဆိုင်ရာ ကိစ္စရပ်များကိုပွင့်လင်းရင်းနှီးစွာ တွေ့ ဆုံဆွေးနွေး ခဲ့ကြပါသည်။အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်များမှ လူငယ် ၅၀၀ကျော် တက်ရောက် ခဲ့ကြပြီး နေရာအခက်အခဲကြောင့် ဆွေးနွေးပွဲကို ၂ ရက်ခွဲ၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မနက်ဖြန် ၉ ရက်နေ့ တွင်လည်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် ယနေ့  ကျင်းပေသာ ဆွေးနွေးပွဲတွင် အဖွဲ့ ချုပ်လူငယ်ခေါင်းဆောင်များသာမက အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင်များပါ တက်ရောက်ခဲ့  ကြပြီး၊ အဖွဲ့ ချုပ် ဒုတိယ ဥကဌ ဦးတင်ဦးမှ အဖွင့် အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။