Tuesday, August 25, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ ပူးတွဲကြေညာချက်


နေ့စွဲ။ ။ ၂၄ ရက်၊ သြဂုတ်လ၊ ၂၀၁၅ ခုနှစ် ။

မိမိတို့သည် ၂၀၁၅ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာ ချက်မှ ရှေ့
လုပ်ငန်းစဉ် (၃)ရပ်အပေါ် ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူကြပါသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက် ပွဲ ဖြစ်ပေါ်ရေးနှင့်
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့အပါအ၀င် တူညီသော နိုင်ငံရေးရည်
မှန်းချက်များ အကောင်အထည် ဖော်ရန် အောက်ပါအချက်များကို ပူးတွဲလုပ်ဆောင်ကြပါမည်။
 မဲဆန္ဒရှင်ပြည်သူအပေါင်းကိုလည်း ပူးပေါင်းပါဝင် ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲသည် နိုင်ငံ၏ အရေးကြီးသော အချိုး အကွေ့ဖြစ်သဖြင့်
မဲဆန္ဒရှင်ပြည်သူများအကြား နိုးကြားမှုများမြင့်တက်နေစေရေးနှင့် မဲစာရင်းမှန်ကန်မှုရှိရန်
ကိုယ်တိုင် ပါဝင်စစ်ဆေးကြရန် ၊

ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများ ကင်းစင်ရေး အတွက် စောင့်ကြည့်လေ့လာ
 ဖော်ထုတ်ကြရန်၊

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ၂၀၁၅-ရွေးကောက်ပွဲတွင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့်
 တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ကြရန်။

လာမည့်ရွေးကောက်ပွဲနှင့် အနာဂါတ်ကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းစွာ ပြုပြင်
ပြောင်းလဲနိုင်ရေးအတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားကြရန် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
.
Credit : The 88 Generation Peace and Open Society
.