Saturday, September 6, 2014

မြန်မာနိုင်ငံသားအဖြစ်ပြန်လည်လက်ခံမှုမှာ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်

၂၀၁၄-၉-၆
မြန်မာနိုင်ငံသားအဖြစ် လက်ခံမှုမှာ ပြည်သူလူထုအနေနဲ့  တိတိကျကျ သိရှိနိုင်ဖို့  တရားဝင် ထုတ်ပြန်ကြေညာပေးရမှာပါ။ ကလိမ်ကကျစ်ကျပြီး လက်သိပ်ထိုး လက်ခံပေးတာမျိုး ရပ်တန့် ဖို့ 
လိုပါတယ်။အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားတွေ
 မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားခဲ့ကြရာမှာ ၁၉၄ ဦးအနက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မြင့်ဆွေရဲ့  သမက်တော်စပ်သူ အပါအဝင် ၁၉ ဦးကို မြန်မာနိုင်ငံသားအဖြစ် လက်ခံလိုက်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့  နိုင်ငံသားအဖြစ် အသိအမှတ်ပြု ပြန်လည်လက်ခံတဲ့ကိစ္စမှာ မည်သူမည်ဝါကို မည်သို့ သော သတ်မှတ်ချက်နဲ့  ပြည့်စုံလို့  လက်ခံတယ်ဆိုတာကို အများပြည်သူသိအောင်
အမည်စာရင်း အကြောင်းရင်း အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံသားအဖြစ် ခံယူလာသူဟာ မြန်မာနိုင်ငံအပေါ် ဘယ်လောက်သစ္စာ
စောင့်ထိန်းနိုင်မယ့်သူ ဖြစ်နိုင်မလည်းဆိုတာ သိနိုင်မှာ ဖြစ်သလို၊ နိုင်ငံသားအဖြစ် လက်ခံမှုမှာ မရိုးသားသော အဂတိလိုက်စားတဲ့ လုပ်ရပ်တွေ လူမသိရတာမျိုး မဖြစ်မှာပါ။ အခုတော့ လက်သိပ်
ထိုး နီးစပ်ရာသူများကို နိုင်ငံသားအဖြစ် မိမိသဘောကျ လုပ်ချင်သလို လုပ်နေတဲ့ပုံစံ ဖြစ်နေပါ
တယ်။

အထူးသဖြင့် မြန်မာနိုင်ငံသားအဖြစ် လက်ခံခြင်း ခံရတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
 မြင့်ဆွေရဲ့  သမက်ဆိုတာ ဘယ်သူဘယ်ဝါပါလည်း၊ ဘယ်လို အကြောင်းကြောင့် လက်ခံရပါသလည်းဆိုတာ အများပြည်သူ သိရဖို့  လိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မြင့်ဆွေရဲ့  သမက်လား သားလားဆိုတာကိုလည်း တိတိကျကျ သိဖို့ လိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မြင့်ဆွေဆိုတာ ၂၀၁၂ ခုနှစ်က ဒုတိယသမ္မတအဖြစ်
လျာထားခံခဲ့ရသူပါ။ သိန်းစိန်တို့ ရဲ့  မတရားသတ်မှတ်ထားတဲ့ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံ
အခြေခံဥပဒေ (နာဂစ်ဖွဲ့ စည်းပုံ) နဲ့  ကိုယ်ရှူးကိုယ်ပတ်ဖြစ်ပြီး ဒုတိယသမ္မတ မဖြစ်ခဲ့လိုက်ရတဲ့
 မြင့်ဆွေပါ။ မြင့်ဆွေရဲ့ သား တာရာမြင့်ဆွေဟာ သြစတြေးလျနိုင်ငံသား ဖြစ်နေခဲ့လို့ ပါ။



ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာ သြစတြေလျနိုင်ငံသားခံယူထားသူ သူရဲ့  ဇနီးဖြစ်သူကို လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာ
သူကိုယ်တိုင်လည်း သြစတြေလျနိုင်ငံသား ခံယူခဲ့သူပါ။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့ 
 ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊
 သူမဟာ လွန်ခဲ့တဲ့ (၁၂) နှစ်ခန့် ကကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ သြစတြေလျနိုင်ငံရဲ့ 
 နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက် နေထိုင်ခဲ့ကြသူတွေ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မြင့်ဆွေဟာ ဒုတိယသမ္မတနေရာကနေ လွဲချော်ခဲ့ရတာပါ။

မြန်မာနိုင်ငံသားအဖြစ် လက်ခံလိုက်တဲ့ အဆိုပါ ၁၉ ဦးရဲ့  အမည်စာရင်းနဲ့  အချက်အလက်
အကြောင်းအရာတွေကို တရားဝင် ထုတ်ပြန်ကြေညာပေးပါ။ အဆိုပါသူတွေ ခံယူထားခဲ့တဲ့ အခြားနိုင်ငံသားဖြစ်မှုကို ရပ်တန့် မှု ရှိ မရှိကို သက်ဆိုင်ရာ နိုင်ငံတွေက တရားဝင်ကြေညာစာကိုပါ အများသူငှာ သိရှိရဖို့ လည်း လိုအပ်ပါတယ်။

မြန်မာနိုင်ငံသားအဖြစ် ခံယူမှု လက်ခံမှုကို ခိုးကြောင်ခိုးဝှက် လုပ်နေတဲ့ သိန်းစိန်အစိုးရနဲ့  ခင်ရီဦးဆောင်နေတဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနရဲ့  လုပ်ရပ်ကို
လုံးဝကန့် ကွက်ပါတယ်ပါတယ်ခင်ဗျာ။
Nay Min Thit