Saturday, September 27, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၆ နှစ်ပြည့်မြောက် နှစ်ပတ်လည်အခမ်းအနား


 ၂၀၁၄-၉-၂၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး ၂၇ ရက်နေ့တွင်မှတ်ပုံတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၂၆ နှစ်ပြည့်မြောက်ခဲ့ပေပြီ။ အဖွဲ့ချုပ်စတင်မွေးဖွားခြင်းနှစ်ပတ်လည်အခမ်းအနားအား ယနေ့ နံနက် ၁၀နာရီတွင် အဖွဲ့ချုပ်ရုံးချုပ်တွင်စည်ကားစွာကျင်းပခဲ့ပြီး အဖွဲ့ဝင်များ၊သံတမန်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း စသည်တို့မှ ပရိသတ် ၅၀၀၀ ခန့်တက်ရောက်ခဲ့
ပါသည်။ အခမ်းအနားတွင် သဘာပတိဖြစ်သူ နာယကကြီးဦးတင်ဦးက အဖွင့်အမှာစကားပြောကြား
ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးအောင်က အဖွဲ့ချုပ်နှစ်ပတ်လည်အခမ်းအနားကြေညာ
ချက်အားဖတ်ကြားခဲ့ကာ အခမ်းအနားပထမပိုင်းကို ၁၀နာရီ ၄၅မိနစ်ခန့်တွင်ပြီးဆုံးခဲ့ပါသည်။
ထို့နောက် ကြွရောက်လာကြသောဧည့်ပရိသတ်များအား ပန်းရဲ့လမ်းလူမှုကွန်ရက်မှ တေးသံသာ
များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပါသည်။