Saturday, September 6, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် BAYDA Institute နှင့် Konrad- Adennauer-Stiftung ပူးပေါင်းစီစဉ်သည့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

 ၂၀၁၄-၉-၆
၅ရက် စက်တင်ဘာလ ၂၀၁၄ခုနှစ် သောကြာနေ့ နံနက်၁၀နာရီတွင် အမှတ်(၁၇)၊ ကမ္ဘာအေးလမ်းမ၊ ရန်ကင်းမြို့နယ် MiCasa Hotel ၌ BAYDA Institute နှင့် Konrad-Adennauer-Stiftung ပူးပေါင်း
စီစဉ်သည့် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ် သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း
စုကြည်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊အမျိုးသားဒီမိုကရေစီအဖွဲချုပ်နှင့် တိုင်းရင်းသား
နိုင်ငံရေးပါတီများ Konrad-Adennauer-Stiftung မှ မြန်မာနိုင်ငံဒါရိုက်တာ ဒေါက်တာ သောမတ်စ်
လာဝိုး၊ ဂျာမဏီနိုင်ငံသံရုံး ဒုတိယ သံအမတ်ကြီး ၊ဗေဒါအင်စတီကျု .မှတာဝန်ရှိသူများ ၊တက်ရောက်
ကြသည။

NLD