Sunday, August 3, 2014

PR ဆွေးနွေးမယ့် လွှတ်တော်ကို ဆန္ဒပြမယ်

၂၀၁၄-၈-၃
ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ PR စနစ် ကျင့်သုံးနိုင်ရေး ကော်မရှင်ဖွဲ့ဆုံးဖြတ်မယ့် 

အစီအစဉ်ကို ဆက်ပြီး မဆွေးနွေးဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လူအင်အား တစ်ထောင်ခန့်နဲ့ 
ဆန္ဒပြမှာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် ပြန်ကြားရေး တာဝန်ခံ ဦးမြတ်ကျော်က ဆိုပါတယ်။

ခုလို ဆန္ဒပြတာကို ကြည့်မြင်တိုင် လူမှုဘဝ ဖွံ့ဖြိုးရေး ကွန်ရက်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား

သူများ ကွန်ရက်တွေအပြင် တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့ ခြောက်ဖွဲ့ခန့်နဲ့ ပူးပေါင်း
လုပ်မှာဖြစ်ပြီး လူတစ်ထောင်ခန့်အထိ ပါဝင်ဆန္ဒပြဖို့ ကျောက်တံတား ရဲစခန်းမှာ ခွင့်ပြုမိန့် 
လျှောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

“လွှတ်တော်က ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံလေ။ အဲဒါမှ သက်ရောက်မှုမရှိလည်း ချိတ်ထားတဲ့

 ဆောင်ပုဒ် ဖြုတ်ပေါ့။ ကျွန်တော်တို့က လူထုလေ။ လူထုကပြောတာ။ ကျွန်တော်တို့က လူထု
အားလုံးကို ကိုယ်စားပြု တယ်လို့တော့ ပြောလို့မရဘူး။ သို့ပေမယ့် ကျွန်တော်တို့ဟာ လူထုပဲ။ နိုင်ငံသားတစ်ယောက်ပဲ။ နိုင်ငံသားတစ်ယောက်ကလည်း လူထုပဲ။ သုံးယောက်ကလည်း
 လူထုပဲ။ ငါးယောက်ကလည်း လူထုပဲ” လို့ ဦးမြတ်ကျော်က ဆိုပါတယ်။

သြဂုတ်လ ၅ ရက်နေ့ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ မြို့တော်ခန်းမ ရှေ့မှာ

 ဆန္ဒပြခွင့်ပြုမိန့် လျှောက်ထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

The Voice