Monday, August 25, 2014

အဓိကတာဝန်

၂၀၁၄-၈-၂၅
ဒီနေ့ EMG သတင်းကို ဖတ်ရတဲ့အတွက် တိုင်းပြည်အတွက်ရင်လေးသွားပါတယ် ဒေါ်လာ
(သန်း-၈၀၀၀- ၈ ဘီလီယံ) အထိ ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့ ဧက (၃၀၀၀၀) ကျော်ရှိတဲ့ ရန်ကုန်မြို့ သစ်စီမံကိန်းရဲ့အကြောင်း သတင်းကြောင့်ဖြစ်ပါတယ် အဲဒီစီမံကိန်းဟာ..မြန်မာစေတနာ ဆိုတဲ့
ကုမ္မဏီကို တိုက်ရိုက်လုပ်ပိုင်ခွင့်ပေးထားပြီး..ဒီလောက်ကြီးမားတဲ့ စီမံကိန်းတွေကို နိုင်ငံတကာက ကကမ္ဘာ့နာမည်ကြီး မြို့ပြတည်ဆောက်ရေး ကုမ္ပဏီတွေကိုအပြိုင်အဆိုင်ခေါ်ယူပြီး လုပ်ငန်းအပ်နှံ
တာမျိုးမလုပ်ပဲ ဘယ်ကမှန်းမသိတဲ့ ပြည်တွင်းကုမ္မဏီတစ်ခုကို တိုက်ရိုက် လုပ်ငန်းအပ်နှံလိုက်တာကို
သတိထားမိပါတယ်။ပြီးတော့ အဲဒီကုမ္မဏီဟာ တရုပ်ပြည်ကလုပ်ငန်းရှင်တွေနဲ့ ဆက်စပ်နေတဲ့
အကြောင်းနဲ့ ၊တရုတ်ပြည်က အဂတိလိုက်စားမှုဆိုင်ရာငွေမည်းတွေနဲ့ ပတ်သက်နိုင်တဲ့အကြောင်း
ကိုလည်း သိရှိရပါတယ်။

သမ္မတရုံးဝန်ကြီးဦးစိုးသိန်း ပါဝင်ပတ်သက်နေကြောင်းလဲ ရေးထားတာကိုတွေ့ရပါတယ်
ဦးစိုးသိန်းဟာ MIC ဥက္ကဌ လုပ်ကိုင်ခဲ့တုန်းကနဲ့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ အစိုးရရဲ့  ဆုံးဖြတ်ချက်ချမှတ်မှုတွေကို စတင်ကိုင်တွယ်ကတည်းက ခရိုနီကုမ္မဏီတွေကို မြေကွက် ၊
အိမ်ရာစီမံကိန်း စတဲ့ လက်သိပ်ထိုးရောင်းချမှုတွေ မှာ အပုတ်နံ့တစ်ထောင်းထောင်း
ထလာသူတစ်ဦး ဖြစ်လာပါတယ် လွန်ခဲ့တဲ့နှစ်တွေက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုတောင် ခရိုနီတစ်ယောက်ကို ပြည်သူ့အသံကိုနားထောင်ပြီးမှ လုပိုင်ခွင့်ပေမယ်လို့ သွေးတိုးစမ်းကြေငြာခဲ့
သူတစ်ဦးဖြစ်ပါတယ်။ပြည်သူက လက်မခံတော့မှ အဖြားရှူးသွားခဲ့တာပါ။လွန်ခဲ့တဲ့နှစ်တွေကလဲ
ရန်ကုန်မြို့မှာရှိတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအဆင့် ကုန်းကျော်
တံတားတည်ဆောက်ရေးအတွေ့အကြုံ လုံးဝမရှိတဲ့ ခရိုနီကုမ္မဏီတွေကို..ပြည်သူ့ဘဏ္ဍာတွေချပေး
ကာကုန်းကျော်တံတား တွေတည်ဆောက်ခဲပေမဲ့ ယာဉ်ကြောပိတ်ဆို့ မှုတွေဆက်ပြီး ဖြစ်ပွားနေတာ
ကိုလည်း တွေ့ရပါတယ်။Project တွေလုပ်ဖြစ်သွားကြတယ် ငွေတွေသောက်သောက်လဲ ကုန်သွားကြတယ် ခရိုနီတွေနဲ့ ၀န်ကြီးတွေ သပိတ်ဝင်အိပ်ဝင်ရသွားကြတယ်ဒါကလွဲရင်ဘာမှဖြစ်
မလာပါဘူး။

(၂)
လေ့လာတွေ့ရှိလာတဲ့အချက်ကတော့ ဦးသိန်းစိန်အစိုးရရဲ့ပြုပြုင်ပြောင်းလည်းရေးနဲ့ ဆင်းရဲမှုလျှော့
ချရေးတွေကို ခေါင်းစဉ်ပြပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကြီးမားတဲ့စီမံကိန်းတွေမှာ ကြီးမားတဲ့ အဂတိလိုက်စားမှုတွေ ပါဝင်ပတ်သက်နေနိုင်တယ်ဆိုတာပါပဲ သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ဝန်ကြီး
တွေကို မသေချာတော့တဲ့ဘ၀ဖြစ်စေမဲ့ ၂၀၁၅ မတိုင်ခင် မျိုးမျိုးမြက်မြက်ရစေဖို့အတွက် ရွှေလမ်း
ငွေလမ်းဖေါက်ပေးနေသလား ဆိုတာကိုလဲ တွေးမိပါတယ်။ ဒီကြားထဲမှာ သမ္မတဦးသိန်းစိန်အစိုးရ
လက်ပိုက်ကြည့်နေတဲ့အချက်တွေကတော့ ဘယ်ကပေါ်ပေါက်လာမှန်းမသိတဲ့ ငွေတွေကို ဘီလျံနဲ့ ချီကိုင်တွယ်သုံးစွဲနေတဲ့ ဦးနေ၀င်းရဲ့မြေးတွေအပါအ၀င် တရုတ်တွေရဲ့ လက်တံခြေတံတွေပဲဖြစ်ပါ
တယ်။

(၃)
ပြုပြင်ပြောင်းလဲမှုကိုတကယ်လုပ်မယ်ဆိုရင် ငွေကြေးနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ ကန့် သတ်ထိန်း
ချုပ်မှုလိုအပ်ပါတယ် သမ္မတဟာ တရားမ၀င်ငွေကြေးနဲ့ပတ်သက်တဲ့ စစ်ဆေးရေးအဖွဲ့တွေကို
ကမန်းကတမ်း ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တာကို တွေ့ရပေမဲ့ အဲဒီအဖွဲ့အစည်းတွေက
တာဝန်ရှိသူတွေကိုယ်တိုင်ဟာ လာဘ်လာဘတံစိုးလက်ဆောင်တွေမယူဘူးဆိုတာကို ဘယ်သူ အာမခံနိုင်မှာပါလဲ ဖွဲ့စည်းခံထားရတဲ့သူတွေဟာလဲ သူတို့မကျေနပ်တဲ့သူကို စစ်ဆေးဖေါ်ထုတ်ပြီး
ဦးသန်းရွှေ..၊ သမ္မတ၊ အစိုးရ တို့နဲ့ပလဲနံပသင့်သူတွေကိုကျတော့ မသိချင်ယောင်မဆောင်ပေးပါဘူး
လို့ ဘယ်သူအာမခံမှာပါလဲ။ပြီးတော့ အစိုးရထိပ်ပိုင်းအထိ ပါဝင်ပတ်သက်နေတဲ့၊ ကြီးမားတဲ့  အဂတိငွေကြေးတွေပိုင်ဆိုင်မှုတွေအတွက် အမှန်တကယ် စစ်ဆေးဖေါ်ထုတ်ပြီး အရေးယူရဲပါ့မလား (ဥပမာ- ဦးစိုးသိန်းပါဝင်ပတ်သက်နေတဲ့စီမံကိန်းတွေနဲ့ ခရိုနီတွေရဲ့ ငွေကြေးတွေအကြောင်း
ဆိုတာမျိုးပေါ့ )ငွေသိန်း (၁၀၀) လောက်ပဲတန်တဲ့ အခွင့်ထူးတစ်ခုကို ဘုရားထီးတင်တဲ့ကိစ္စတစ်ခု
အတွက် အသုံးပြုလို့ ၀န်ကြီးတစ်ယောက်ကို ဖြုတ်ပစ်တယ်ဆိုရင် သြဇာရှိတဲ့ဝန်ကြီးတွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဒေါ်လာဘီလျံချီတဲ့ ကိစ္စကြီးတွေကို ဘယ်လို လုပ်မှာပါလဲဆိုတာ
သိချင်လှပါတယ်။ငွေထုတ်ကြီးနဲ့ကွယ်နေလို့ လူကိုမသိမမြင်လိုက်ဘူး လို့တော့ မလုပ်ကြနဲ့ပေါ့ဗျာ။

(၄)
လက်ရှိဦးသိန်းစိန်အစိုးရ ရင်ဆိုင်နေရတဲ့အနေအထားဟာ သယံဇာတလဲကုန် နိုင်ငံတော်ဘတ်ဂျက်
လဲ နည်းပါး အကြွေးတွေကလဲထူ၊နေတဲ့အနေအထားပဲဖြစ်ပါတယ်။အဲဒီတော့ တိုင်းပြည်ပြန်လည် ထူထောင်ချင်တယ် ဆင်းရဲမှုလျော့ချချင်တယ်ဆိုရင် တကယ်ကို အစစ်အမှန်လုပ်ကိုင်ဖို့လိုပါတယ်
အဲဒီလိုမဟုတ်ပဲ "၂၀၁၅ မှာမသေချာတဲ့အတွက် ရှိသမျှအကုန်ယူကြမယ်" ဆိုတဲ့ စိတ်ဓာတ်တွေ
ခံယူချက်တွေနဲ့ မရှိရှိတာတွေကို ရောင်းစား ခရိုနီတွေနဲ့ ဝေစားမျှစားလုပ် တရုတ်ကို ပေါပေါပဲပဲဈေး
တွေနဲ့ ၀ ကွက်အပ်ပြီး တည်ဆောက်ရေး၊ ဆင်းရဲမှုလျော့ချရေးဆိုတဲ့ အသံချိုချိုလေးကို အသုံးချပြီး ဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ခွက်ခွက်လန်သွားဖို့ပဲရှိပါတယ်။

 (၅)
ကျွန်တော်တို့ဟာ..စစ်အစိုးရလက်ထက်ကာလတွေကို လူတိုင်းဖြတ်သန်းခဲ့ဖူးကြပြီးသားဖြစ်ပါတယ်၊
အဲဒီတုန်းကလဲ.နိုင်ငံတော်တည်ဆောက်ရေး.နိုင်ငံတော်တည်ဆောက်ရေး ဆိုပြီး လမ်း၊ တံတား ၊
ဆည်မြောင်း ၊တာ တမံတွေကို လိုတာထက်ပိုပြီး ဆောက်ပြ ၊ ဘတ်ဂျက်တွေထုတ်စားကြ။
ရေရှည်စားလို့ရတာတွေကို နှစ်ပေါင်းများစွာ မပြီးမချင်း တည်ဆောက်ပြ ကြလို့ သယံဇာတ
ရောင်းရငွေတွေဟာလည်း တရားဝင်မသမာမှု လို့ခေါ်ရမဲ့ နည်းစနစ်တွေကြားမှာ သမင်မွေးရင်း
ကျားစားရင်းဖြစ်ခဲ့ကြတာကိုလဲ ရင်နာစရာတွေ့မြင်ခဲ့ကြရမှာဖြစ်ပါတယ်၊ အဲဒီလိုစနစ်ကြောင့်
တိုင်းပြည်ရဲ့ ဘတ်ဂျက်နဲ့..သယံဇာတတွေကို တရားဝင်ထုတ်ယူစားသုံး ခွင့်ရတဲ့ ကြီးမားတဲ့
လူ့တန်းစားအဖွဲ့စည်းတစ်ရပ် ပေါ်ပေါက်ခဲ့တာကိုလဲတွေ့ရပါတယ်။အဲဒီလူတန်းစားဟာ
အရမ်းကိုချမ်းသာကြပါတယ်။အင်အားလဲကြီးမားပါတယ်၊ဒေါ်စုအပါအ၀င် အတိုက်အခံတွေတက်
လာမှာကို အစိုးရိမ်ဆုံးလူတန်းစားလဲဖြစ်ပါတယ်၊ပုဒ်မ ၄၃၆ ပြင်မှာကို မလိုလားဆုံးလူတန်းစား
လဲဖြစ်ပါတယ်၊အဲဒီလူတန်းစားတွေဟာ ပုဒ်မ (၄၃၆) ရဲ့ အရိပ်အာဝသအောက်မှာ ပျော်ပျော်ကြီး
 စံမြန်းပြီး.ပြည်သူတွေဒုက္ခရောက်တာကို မသိချင်ယောင် ဆောင်နေကြပါတယ်။
အဲဒီတော့ ကျွန်တော်တို့သွားရမဲ့လမ်းက (၁) လမ်းပဲ ရှိပါတယ်၊ ပုဒ်မ (၄၃၆) အပါဝင်
အခြေခံဥပဒေပြင်ဆင်ရေးကို တက်တက်ကြွကြွ လုပ်သွားကြဖို့ ပါပဲ၊ အဲဒါဟာ ကျွန်တော်တို့ရဲ့ 
အဓိကတာဝန်ပါ။
( Pa Yit )