Monday, August 25, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များတွေ့ ဆုံ

၂၀၁၄-၈-၂၅
အမျိုးသားဒီမိုကရေစီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များတွေ့ ဆုံပွဲကို
သြဂုတ်လ ၊၂၅ ရက်နေ့  ၊ နံနက်၁၀:၀၀တွင် ရန်ကုန်မြို ရွှေဂုံတိုင်ရှိ ၊တော်ဝင်နှင်းဆီ သိရီခန်းမ
တွင်ကျင်းပရာ နာယကကြီး ဦးတင်ဦးနှင့်၊ဒေါ်အောင်ဆန်းစုကြည်၊ဗဟိုအလုပ်အမှု့ ဆောင်
ဦးဝင်းထိန်၊ဦးအုန်းကြိုင်၊ဦးမိုးသူနှင့်  စာပေ ၊ ကဗျာ၊ကာတွန်း၊ ပန်းချီ ၊ဒီဇိုင်း ဆရာ စာနယ်ဇင်းများမှ အယ်ဒီတာ၊ထုပ်ဝေသူများ၊(၁၈၀)ခန့် တက်ရောက်ကြပြီး၊သက်ဆိုင်ရာနယ်ပါယ်အလိုက်ဆွေးနွေးခဲ့
ကြသည်။ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးခဲ့သည်၊ ထိုနောက် စာပေတိုက်များမှ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းအတွက် စာအုပ်များလှု ဒါန်းရာ ဒေါ်အောင်ဆန်းစုကြည်
မှ လက်ခံခဲ့သည်၊ ဥက္ကဋ္ဌ မှ ဂုဏ်ပြုလက်မှတ်များပြန်လည်ပေးအပ်ပြီး၊ စာရေးဆရာ ၊ပန်းချီ ၊ကာတွန်း၊ ကဗျာဆရာများမှ ဒီချုပ်ဥက္ကဋ္ဌ အား အမှတ်တယလက်ဆောင်များပေးအပ်ပြီးတွေ့ ဆုံပွဲတက်ရောက်
လာသူများအား နေလည်စာဖြင့် တည်ခင်းဧည်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်း ဘယ်ဘက်ကို
 ဦးတည်နေသလဲဆိုတာကို မှတ်ကျောက်တင်မယ့် အရေးကြီးတဲ့ကာလ ဖြစ်တာကြောင့်
 စာပေအနုပညာရှင်တွေအနေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲပြီး ဆောင်ရွက်သွားဖို့ 
တိုက်တွန်းခဲ့ပါတယ်။ 

NLD