Friday, August 22, 2014

မြန်မာအစိုးရ၏ တရားစီရင်မှုသည် လူ့ အခွင့်အရေးချိုးဖေါက်သည်ဟု နိုင်ငံတကာက မေးခွန်းထုတ်

၂၀၁၄-၈-၂၂
ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးမြို့နယ်မှ ထောင်ဒဏ်

ပေါင်း ခုနစ်နှစ်ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဩဂုတ် ၁၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။ထို့ကြောင့် ကိုထင်ကျော်အား ပြစ်ဒဏ်စုစုပေါင်း ထောင်ဒဏ်ရှစ်နှစ် ချမှတ်ထားပြီးဖြစ်
ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသဖြင့် ဥပဒေတွေကို အစိုးရက လက်ခုတ်ထဲကရေလို
မိမိလိုသလိုအသုံးချကာ တရားရေးမဏ္ဍိုင် ချစားပျက်ဆီးနေပြီး တရားရေးကို စစ်တပ်က
ချုပ်ကိုင်လျှက်ရှိသည်ကို တွေ့ ရှိရသည်။ ပြည်သူတွေမှာ တရားဥပဒေရဲ့ အကာအကွယ်မရရှိပဲ
စစ်အာဏာရှင်တို့ ရဲ့ အကြမ်းဖက်မှု အလွဲသုံးစားပြုမှုကို ခံနေကြရသည်။တရားစီရင်ရေးမှာ
စစ်တပ်ကပါဝင်နေမှုကြောင့် တရားဥပဒေစိုးမိုးရေးကို အဟန့် အတားဖြစ်စေသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်ထက်ထဲက ကျင့်သုံးခဲ့သော ထောင်ဒဏ်ချခံရသူတွေကို
ခြေခြင်းခတ်ကာ တရာရုံးထုတ်စစ်ဆေးခြင်းနှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်ရှည်ကျခံရသူ
များ ရဲဘက်စခန်းပို့ ဆောင်ခံရသူများကို ခြေခြင်းခတ်ခံရမှုကြောင့် ခြေခြင်းဝတ်တွင် ဒဏ်ရာရရှိ
သူများအများအပြားရှိသည်။ထိုသို့ ခြေခြင်းခတ်သော အပြုအမှုသည် အာဏာရှင်နိုင်ငံများတွင်
 တွေ့ ရှိရပြီး လူ့ အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်သည်ဟု နိုင်ငံတကာက မေးခွန်းထုတ်လာ
နေပြီး၊ဆန္ဒဖေါ်ထုတ်သူတွေကို ဖမ်းဆီးအရေးယူမှုများ၊ ဘာသာရေး၊လူမျိုးရေးနှင့် အထိကရုဏ်း
များကြောင့် လူ့ အခွင့်အရေးကိုယ်စားလှယ်မှ ကုလသမဂ္ဂသို့ တင်သွင်းမည့် လူ့ အခွင့်အရေး
အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် လူ့ အခွင့် အရေးချိုးဖေါက်မှုရှိနေဆဲ တင်ပြမည်ဟု
သတင်းများထွက်ပေါ်နေသည်။

မြသိန်း