Friday, August 22, 2014
PR ကော်မတီ မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များကို
လေ့လာမည်ဟုဆိုသော်လည်း နောက်ဆုံးတော့ ကျင့်သုံးရန်
အဓမ္မဆုံးဖြတ်လိမ့်မည်
၂၀၁၄-၈-၂၂
အချိုးကျကိုယ်စားပြုစနစ် (PR)ကို မြန်မာ့နိုင်ငံတွင် ကျင့်သုံးရေးအတွက် ကိုက်ညီမှုရှိမရှိ လေ့လာမှုများ
 ပြုလုပ်နေသော ပြည်သူ့လွှတ်တော် PR ကျင့်သုံးနိုင်ရေးအကောင်အထည်ဖော်ရေး ကော်မတီသည်
 မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ အခြေအနေကို လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးအောင်ဇင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသော အရေးကြီးပြသနာများကို လွှတ်တော်တွင်တင်ပြဆွေးနွေးတိုင်း
အငြင်းအခုံများဖြစ်ပေါ်လျှက်ရှိပြီး ကြံခိုင်ဖွံ့ ဖြိုးရေးပါတီသည် လွှတ်တော်နှစ်ရပ်စလုံးတွင် အများဆုံး
နေရာရထားသောပါတီဖြစ်ပြီး အရေးကြီးဆုံးဖြတ်ချက်များကို မဲဖြင့်အနိုင်ယူခဲ့သည်။နိုင်ငံသား ပြည်သူ
တို့ ၏ ဆန္ဒကို လွှတ်တော်က လျစ်လှူ့ ရှု့ ထားသည်ကို တွေ့ မြင်ရသည်။အစိုးရသည် မိမိတို့ လျှေက်
လှမ်းချင်သော အခြေအနေကိုသာ ဦးစားပေးဆောင်ရွက်လျှက်ရှိသည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
နှင့် တိုင်းရင်းသားပါတီများ ဒီမိုကရေစီအင်အားစုများမှာ လွှတ်တော်တွင် နေရာအနည်းငယ်သာရှိပြီး
နိုင်ငံအတွက် အရေးကြီးဆုံးဖြတ်ချက်များမှာ အင်အားကြီးသောပါတီမှ အနိုင်ယူဆောင်ရွက်ကာ
မိမိလိုချင်သော အာဏာရှင်စနစ်သက်ဆိုးရှည်ရေး ဦးတည်လာနေသည်ကို တွေ့ မြင်ရသည်။
ပြည်သူလူထုက လက်မခံသော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က  ဖွဲ့ စည်းပုံပြင်ဆင်ရေး လေ့လာသုံးသတ်ရေးကော်မတီကိုဖွဲ့ စည်းကာ ပြည်သူကို အကြံညဏ်
တောင်းခံမှုများပြုလုပ်ခဲ့ပြီး အများစုက ပြင်ဆင်ရေးကို ဆန္ဒပေးပို့  တောင်းဆိုခဲ့ကြသော်လည်း
ဖွဲ့ စည်းပုံပြင်ဆင်ရေး လေ့လာသုံးသတ်ရေးကော်မတီက မပြင်ဆင်ဟု ထုတ်ပြန်ခဲ့သည်။
လွှတ်တော်တွင် လေ့လာသုံးသတ်ရေး ကော်မတီဖွဲ့ သည့် အလေ့အထသည် လွှတ်တော်မှ
ပြည်သူများကို နှစ်သိမ့်သော လုပ်ရပ်သာဖြစ်ပြီး တကယ်တော့ မိမိတို့ လိုချင်သောလမ်းကြောင်းကို
သွားနိုင်အောင် ပြည်သူကို လှည့်စားသော နည်းလမ်းတစ်ခုသာဖြစ်နေသည်။
PR စနစ် ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းစဉ်များတွင်ထည့်သွင်း
 ရေးဆွဲထားကြောင်း သိရှိရသည်။“မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ၊ ဒေသဖွဲ့စည်းပုံ အခြေအနေတွေကို
 သိဖို့ လိုပါတယ်။ ဒါမှ PR စနစ် ကျင့်သုံးရင် ဘယ်လိုပုံစံဆို အဆင်ပြေမလဲဆိုတာ ဆုံးဖြတ်လို့ရမှာပါ။ ဘယ်အချိန် တွေ့ရမယ် ဆိုတာတော့ မသိဘူး။ ကော်မတီက ရက်ပေါင်း (၆၀) သက်တမ်းဆိုတော့ ဒီကြားထဲ အဆင်ပြေသလို တွေ့မှာပါ” ဟု ၎င်းကဆိုသည်။ထို့အပြင် မဲပေးနိုင်သူ အရေအတွက်ကို ညှိနှိုင်းရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း
 ပြည်သူ့လွှတ်တော် PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။သို့သော်လည်း
 PR စနစ် ကျင့်သုံးရေးကို အမျိုးသားလွှတ်တော်တွင် အတည်ပြုထားပြီး ကိုယ်စားလှယ် ၃၆ ဦးပါ PR
စနစ် အကောင်အထည်ဖော်ရေး ကော်မတီကို ဇွန်လအတွင်း ဖွဲ့စည်းထားသည်။
ရွေးကောက်ပွဲများတွင် PR စနစ် ကျင့်သုံးနိုင်ရေးကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ရန်
အတွက် ကိုယ်စားလှယ် ၂၄ ဦး ပါဝင်သည့် PR စနစ် ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး
 ကော်မတီကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖွဲ့စည်းခဲ့သည်။ ထို့အပြင် သြဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးတွင်
 ပြည်သူ့လွှတ်တော်၌ PR စနစ် ကျင့်သုံးနိုင်ရေးအတွက် မူကြမ်းတစ်ရပ်ကို စတင်ရေးဆွဲမည်
 ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
အထက်ပါစာသားများကိုလေ့လာကြည့်ပါက PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီ
 PR စနစ် ကျင့်သုံးနိုင်ရေးအတွက် ဟုတွေ့ မြင်ရပြီး လူဦးရေ၊ ဒေသဖွဲ့စည်းပုံ၊ မဲပေးနိုင်သူ အရေ
အတွက် စသည်တို့ ကို လေ့လာမည်ဟု သိရှိရသည်။ ကိုယ်စားလှယ် ၂၄ ဦး ပါဝင်သည့် PR စနစ် ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့ စည်းထားပြီးဖြစ်သည်။
သည်။ယခု PR စနစ်ကို အဓမ္မအကောင်အထည်ဖော်ရန် အထက်ပါစာသားများက သက်သေပြနေ
သည်ကို တွေ့ မြင်ရသည်။
မြသိန်း