Saturday, August 23, 2014

ရဲစခန်းမှူးက အမှုမဖွင့်ပေးလျှင် မြန်မာနိုင်ငံရဲလက်စွဲ ဥပဒေများနှင့်အညီ အရေးယူရမည်။

သို့ 
ကိုလွင်ဦး နှင့် f.b သူငယ်ချင်းများသိစေရန် မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသော

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရဲစခန်းပေါင်းမြောက်များစွာ ဖွင့်လှစ်ထား
ပါသည်။

ထိုကဲ့သို့  ဖွင့်လှစ်ထားသောရဲစခန်းနှင့် ရဲကင်းများတွင်တာဝန်ထမ်းဆောင်နေသော စခန်းမှူးနှင့် 

သက်ဆိုင်ရာတပ်ဖွဲ့ ဝင်များသည် မိမိတို့ စခန်းပိုင် နယ်နမိတ်အတွင်း ဖြစ်ပေါ်လာသောမှုခင်းကိစ္စ အရပ်ရပ်ကိုလက်ခံဆောင်ရွက်ဖြေရှင်းပေးရန် သက်ဆိုင်ရာအထက်အဖွဲ့ အစည်းများမှ မြန်မာနိုင်ငံ
ရဲလက်စွဲဥပဒေများနှင့်အညီ ညွှန်ကြားထားပြီးဖြစ်ပါသည်။

မိမိတို့ စခန်းပိုင်နယ်နမိတ်အတွင်း ဖြစ်ပေါ်လာသော ခိုးမှု ဓားပြမှု လူသတ်မှု မုဒိန်းမှုစသည့် 

အမှုကြီးများနှင့် အခြားအမှုငယ်များဖြစ်သော လိမ်လည်မှု ခိုက်ရန်ဖြစ်ပွားမှု ယာဉ်တိုက်မှု စသည့် အမှုငယ်များကိုလဲ တိုင်ကြားသူရှိပါကအချိန်နှင့်တစ်ပြေးညီ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ပေး
ရမည်ဖြစ်ပါသည်။

ထို့ အပြင် ရဲစခန်းမှအရေးယူပိုင်ခွင့်မရှိသော အသားရေဖျက်မှု ပုဒ်မ ၅၀၀ ရိုးရိုးနာကျင်စေမှု 

ပုဒ်မ ၃၂၃ ကာမကိုလိမ်လည်ရယူမှု ပုဒ်မ ၄၁၇ စသည့် အမှုများကိုလဲ ပုံစံ က.ခ ဖြင့် သက်ဆိုင်ရာ
မြို့ နယ်တရားရုံးသို့  ဦးတိုက် လျောက်ထားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

ထိုကဲ့သို့  နစ်နာသူ ပြည်သူတစ်ယောက်က အရေးယူဆောင်ရွက်ပေးရန်တင်ပြလာသောတိုင်ကြား

ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးခြင်းမရှိသော သက်ဆိုင်ရာစခန်းမှူး တာဝန်မှူးများကိုလဲ မိမိတိုင်ကြားသောနေ့ ရက်အချိန် အကြောင်းအရာ အပြည့်အစုံရေးသား၍ အထက် အဖွဲ့ အစည်း
များဖြစ်သော မြို့ နယ်မှူး ခရိုင်မှူး တိုင်းတပ်ဖွဲ့ မှူး ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ထိအောင် တင်ပြ

တိုင်ကြားလို့ ရပါသည်။

တိုင်ချက်ဟုဆိုရာ၌ တယ်လီဖုံးဖြင့်ဖြစ်စေ စာဖြင့် ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ တိုင်ကြားမှုကို ဆိုလိုပါသည်။တိုင်ကြားမှုအားလုံးထဲတွင် စာဖြင့်ရေးသားတိုင်ကြားခြင်းသည် အထိရောက်ဆုံးနှင့် အကောင်းဆုံးဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပ်ုဒ်မ ၁၅၄ အရ တိုင်ကြားချက်အားလက်ခံရေးဖွင့် ဆောင်ရွက်ရမည်။

တိုင်ကြားချက်အား လက်ခံရေးဖွင့်ဆောင်ရွက်ခြင်းမရှိပါက အလုပ်တာဝန်ဝတ္တရားများမှ ရပ်စဲခံရမည့်
အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ် အထိအပြစ်ပေး အရေးယူခံရမည်ဖြစ်
ကြောင်း သက်ဆိုင်ရာရဲစခန်းများကို ညွှန်ကြားထားပြီးဖြစ်ပါသည်။

သို့ ဖြစ်ပါ၍ f.b မှ သူငယ်ချင်းများ အသက်တစ်ရာမနေရ အမှုတစ်ရာ တွေ့ရဆိုသလို မိမိရဲ့ 

မကျေနပ်မှုများ နစ်နာမှုများကို မိမိနှင့်သက်ဆိုင်ရာရဲစခန်းများတွင် တိုင်ချက်ဖွင့်၍ ရပါကြောင်းနှင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိပါကလဲ အထက်ဌာနများကို ဆက်လက်တင်ပြတိုင်ကြားနိုင် 
ပါကြောင်း လေးစားစွာဖြင့်တင် ပြအပ်ပါသည်။

hooligan.pathein.