Monday, July 28, 2014

ပီအာ စနစ်ဆိုတာ ‘ ပီပီပြင်ပြင် အာ ’ ဒါကို PR လို့ ခေါ်ပါတယ်

၂၀၁၄-၇-၂၈
PR စနစ်ဆိုတာ ပါတီကို ပြည်သူကရွေးပြီး အနိုင်ရပါတီက ကိုယ်စားလှယ်ကို ရွေးပေးရပါတယ်၊၊

လက်ရှိအစိုးရအဖွဲ့  ဝန်ကြီးတွေဟာ ပြည်သူကို အလေးမ ထားပဲ ပြောချင်ရာပြော လုပ်ချင်တာလုပ်တဲ့ အရည်အချင်း မပြည့်ဝသူများ၊ပြည်သူတွေကို ကိုယ်စားမပြုတဲ့အတွက် တကယ်၍ အမည်နဲ့ အရွေးခံ
ရမယ် ဆိုရင် ပြည်သူတွေရှိက ‘ မဲ ’ ရနိုင်ဖို့ မလွယ်ပါ၊ ပါတီကိုရွေးခိုင်းပြီး ပါတီက ဒီလူတွေကို
 ပြန်ထည့်လို့ ရအောင် ပြည်သူကိုလှည့်စားဒါဖြစ်ပါတယ်၊၊

လက်ရှိအစိုးရဟာ စစ်အာဏာရှင်ကနေ ဆင်းသက်လာသူတွေဖြစ်လို့ ပြည်သူတွေကလက်မခံကြပါ၊၊

အပြောင်းအလဲတစ်ခု နိုင်ငံရေးအခင်းအကျင်းသစ်တွေ ရရှိလာအောင် စစ်မှန်တဲ့ ဒီမိုကရေစီ 
အရပ်သား အစိုးရသစ်ကို လိုလားနေကြပါတယ်၊၊

မြသိန်း