Saturday, July 19, 2014

၆၇ နှစ်မြောက် အာဇာနည်နေ့ တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ယခင်နှစ်များထက် များပြားလှစွာသော ပြည်သူလူထုကြီးမှ မြို့ အသီးသီးတွင် ဂါရ၀ပြု

၂၀၁၄-၇-၁၉
၂၀၁၄ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်ဗိမာန်သို့ 

တက်ရောက်၍ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွတ်ရိုသေစွာဖြင့် ဂါရဝပြုခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀ှမ်းရှိ မြို့ အသီးသီးမှာ ပြည်သူတွေဟာ ယခင်နှစ်တွေနဲ့ မတူပဲ ကျောင်းသားလူငယ်
အများစုက ပန်းခွေ ပန်းစီးများ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး များ၏ ဓါတ်ပုံ
များကိုကိုင်ဆောင်၍ လမ်းမပေါ်ထွက်ပြီး လမ်းလျှောက်ချီတက် အလေးပြုခဲ့ကြတာကိုတွေ့ မြင်ရ
ပါတယ်။

အာဇာနည်နေ့ မရောက်ခင်မှာ အစိုးရ အာဏာပိုင်များက ဥသြသံရှည်စွဲရင် အရေးယူမည်ဟု
 ပြောကြားခဲ့ပြီး တစ်ချို့ မြို့ တွေမှာ လူစုလူဝေးနဲ့ တန်းစီလမ်းလျှောက်ခြင်းကို ခွင့်မပြုဟု
 ကြေညာထားသည်ကို တွေ့ ရပါသည်။သို့ သော်လည် အစိုးရမှ ၁၈ ရက်နေ့ မှာ အာဇာနည်နေ့ 
ကျင်းပပြုလုပ်ခွင့်ကို တရားဝင်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတွေဟာ နိုင်ငံရေးအမြင် အတွေးအခေါ်တွေ တနေ့ ထက်တနေ့ မြှင့်တက်လာနေပြီး
 စစ်မှန်သော ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်ခွင့်များကို တောင်းဆိုလာ
နေကြပြီး "အများပြည်သူ သဘောမတူ တဲ့ အမိန့် အာဏာဟူသမျှ တာဝန် အရ ဖီဆန်ကြ" ဟု
 ဦးဝင်တင်၏ သမိုင်းတွင်သည့် မိန့် ကြားချက်ကို ပေါ်လွင်ထင်ဟပ်စေခဲ့ပြီး ပြည်သူတွေရဲ့ 
အခန်းကဏ္ဍမြှင့်တင်လာနေကြသည်။ယနေ့ နိုင်ငံရေးအခြေအနေသည်လည်း ပြည်သူ့ အင်အား
 အားကောင်းလာစေရန် အာဏာသည် ပြည်သူ့ ထံမှ ဆင်းသက်ရမည်ဟူသော စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ခု ပေါ်ထွန်းလာရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်ဟု ယူဆလာနေကြသည်။

မြသိန်း