Sunday, July 20, 2014

အာဇာနည်နေ့ မှာ ဟွန်းတီးပြီးအလေးပြုလို. လိုင်စင်အဖမ်းခံရတာဂုဏ်ယူတယ်

၂၀၁၄-၇-၂၀
လိုင်စင်သိမ်းခံရသူ ကိုငြိမ်းမင်းသူကို မီဒီယာတစ်ဦးကမေးတယ်။ " လိုင်စင်သိမ်းခံရတဲ့အတွက် ဘယ်လိုခံစားရလဲ " တဲ့။ သူက" ကျနော် ကျေနပ်တယ်။ ဂုဏ်ယူတယ်။ လိုင်စင်ဆိုတာ ပြန်လျှောက်လို့ရပါတယ်။ ဝမ်းမနည်းပါဘူး။ အာဇာနည်တွေကို ဟွန်းတီးပြီး အလေးပြုလိုက်ရတဲ့အတွက် ကျနော် ဝမ်းသာပါတယ် " လို့ပြန်ဖြေသွားတယ်။
ဖြစ်စဉ်မှာ လှည်းတန်မီးပွိုင့်တွင် ဟွန်းတီးအလေးပြုနေသည့် ယာဉ်မောင်းကိုငြိမ်းမင်းသူ
အား ကမာရွတ်မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ သုံးပွင့်ရာထူးရှိသည့် ယာဉ်ထိန်းရဲအရာရှိ
ဦးအောင်ကြီးမှ လိုင်စင်သိမ်းသွားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှပင် အာဇာနည်နေ.ကို ဥသြစွဲပေးခြင်းအပြင်
မီးသတ်ယာဉ်များဖြင့်တောင် ဥသြစွဲပေးနေချိန်တွင် ယခုကဲ့သို. လုပ်ဆောင်ခြင်း
အပေါ် မေးခွန်းထုတ်စရာများဖြစ်နေပေသည်။ မနလေးတိုင်းတွင်မူ လမ်းပန်းဆက်သွယ်
ရေးဝန်ကြီး ဦးကျော်ဆန်းကိုယ်တိုင်မှ ကား၊မော်တော်ဆိုင်ကယ်များဖြင့် ဟွန်းတီး
အလေးပြုနိုင်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
သတင်းဓါတ်ပုံ- Ya Minn Eain.