Thursday, July 24, 2014

ဦးနေ၀င်း နိုင်ငံတော်ဘဏ္ဍာငွေများ အလွှဲသုံးစားလုပ်ခဲ့မှု စစ်အစိုးရတွင် တာဝန်ရှိ

၂၀၁၄-၇-၂၄
မြန်မာနိုင်ငံ၏ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း၏ မြေးများ မြန်မာနိုင်ငံ၏ စီးပွားရေး
လုပ်ငန်းကဏ္ဍ တချို့တွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေခဲ့ကြသည်ဟု သတင်းများတွက်ပေါ်နေပါတယ်။
 AGD ဘဏ် ၏ အရေးပါသည့် ရှယ်ယာတချို့ကို ၀ယ်ယူနိုင်ရန် ကြိုးစားနေသည်။ လျှပ်စစ်စွမ်းအား ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများလည်း အိမ်ဆောက်လုပ်ငန်းများတွင် ရင်းနှီးမြုတ်နှံမည်။

အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားပြီး ဒီငွေတွေဟာ
ဘယ်ကရလာသလဲလို့  ပြည်သူများက စိတ်ဝင်စားနေကြသည်။မိမိတို့ စီးပွားရေးလုပ်ငန်းတွေက
နေရတာဟု ကျော်နေ၀င်းကဖြေကြားထားသည်။ကျွန်တော်တို့ ပိုင်ငွေတွေကို ဘယ်နိုင်ငံခြား
အစိုးရကမှ ကျနော်တို့ မိသားစုဝင်တွေကို ပိတ်ဆို့ အရေးယူမှုတွေ မပြုလုပ်ခဲ့သလို ကျနော်တို့ နဲ့ဆက်သွယ်ခဲ့တဲ့အတွက် ဘယ်ဘဏ်စာရင်း ဘယ်ပိုင်ဆိုင်မှုကိုမှ ထိန်းချုပ်ခြင်း၊ နိုင်ငံပိုင်သိမ်းယူ
ခြင်းတွေ မပြုလုပ်ခဲ့တာကို လူတိုင်းသိပါတယ်။ ဒီနေ့ ၀ီကီလိခ် ခေတ်ကြီးမှာ မဟုတ်မမှန်တာ
 ပြုလုပ်ပြီး ရလာတဲ့ငွေကို ဘယ်သူမှ သတိမပြုမိဘဲ နေမှာမဟုတ်ပါဘူးလို့  ပြောဆိုထားပါတယ်။

ဒီငွေတွေရဲ့  သမိုင်းနောက်ကြောင်းလိုက်ရမယ်ဆိုရင် ဦးနေ၀င်းဟာ ဆင်းရဲသားမိသားစုက
မွေးဖွားလာသူတစ်ဦးပါ။နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ်က သိမ်းယူခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံရဲ့  သံယဇာတတွေကို အမြတ်ထုတ်ရောင်းစားခဲ့လို့  ဒီငွေတွေဖြစ်လာတယ်ဆိုတာ သမိုင်းအထောက်
အထားတွေနဲ့ ရှိပါတယ်။

ဦးနေ၀င်းသည် နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲများတွင် ပါဝင်သူအဖြစ် နိုင်ငံရေးအစဉ်အလာရှိသူ
မဟုတ်ပါ။၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ တို့ ဗမာသခင်အစည်းအရုံးခေတ်တွင် ၀င်ရောက်လာဟန်
ရေးသားကြပေမဲ့ အင်္ဂလိပ်နယ်ချဲ့ ကို တိုက်ခိုက်သော မည်သည့်နိုင်ငံရေးတိုက်ပွဲတွင်မှ ပါဝင်ခဲ့သူ
မဟုတ်။သခင်အမည်ကို စစ်ပြီးနောက်ပိုင်း တို့ ဗမာအစည်းအရုံးသခင်အဖွဲ့  နှစ်ခုအနက် မည်သည့်
အဖွဲ့ ဝင်အဖြစ် မှတ်ပုံတင်၍ စာရင်းသွင်း ၀င်ရောက်ခဲ့ခြင်းမရှိပါ။

ထိုအပြင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများတွင်ပါဝင်ခြင်းမရှိဘဲ၊ အင်္ဂလိပ်
အစိုးရ သူလျှိုအဖြစ်လည်းကောင်း၊အင်္ဂလိပ်အစိုးရ စုံထောက်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ဂျပန်
ကင်ပေတိုင် စုံထောက်တာဝန်ကို ထမ်းဆောင်ခဲ့သသည်မှာ သမိုင်းသက်သေခံအချက်အလက်
များအရသိရှိရသည်။

ညီညာနေသော တိုင်းပြည်တွင် တပ်မတော်နှင့် နိုင်ငံရေးခေါင်းဆောင်များကို တစိတ်တ၀မ်းထဲ
ညီညွတ်နေခိုက်တွင် ၀န်ကြီးချုပ်ရာထူး ရလိုမှုဖြင့်  ၀န်ကြီးများကိုကြိမ်းမောင်းပြီး အကျပ်ကိုင်၍
တောင်းဆိုခဲ့သဖြင့် ၀န်ကြီးချုပ် ဦးနုက လူထုမဲဖြင့်တင်မြှောက်သူမဟုတ်သည့် ဗိုလ်နေ၀င်းကို
ဒု ၀န်ကြီးချုပ်ရာထူးကို ပေးခဲ့ရသည်။ရာထူးပေးမှုကြောင့် စိတ်ဝမ်းခွဲခဲ့ပြီး တပ်မတော်နဲ့  ခေါင်း
ဆောင်များကို သဘောကွဲလွဲမှုဖြစ်ခဲ့ရာ လက်ဝဲ၀ါဒီများ တောခိုခဲ့ရာမှ ပြည်တွင်းစစ်မီးတောက်
လောင်ခဲ့ရသည်၊မီးမွှေးပေးခဲ့သူမှာ ဦးနေ၀င်းပင်ဖြစ်သည်။

နောက်ပိုင်းတွင် ဖဆပလ ပျက်ရသည်မှာ ဗိုလ်နေ၀င်း၊ဦးကျော်ငြိမ်းတို့ က ဆိုရှယ်လစ်အင်အားစုနှင့် ကူးလူးဆက်ဆံကြပြီး ရှင်သန်ကြီးထွားနေသော ပါလီမန်ဒီမိုကရေစီစနစ်ကို မပျက်မခြင်း ဖျက်ဆီးကာ မိမိ၏အကျိုးစီးပွားအတွက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တွင် ဗိုလ်နေ၀င်းက အာဏာသိမ်းလိုက်ပြီး အာဏာရှင်စနစ်ကိုထူထောင်ခဲ့သည်။

ထိုနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထူထောင်ပြီးသည်နှင့် တပြိုင်နက် BOC ရေနံလုပ်ငန်းကို
၁၉၆၃ ခုနှစ် ဂျန်န၀ါရီလ ၁ ရက်နေ့ တွင် ပြည်သူပိုင်သိမ်းခဲ့သည်။ နိုင်ငံခြားသား BOC မန်နေဂျာ
ယုံကြည်ရသူကို နိုင်ငံခြားသို့ ခရီးထွက်ရင် ခရီးသွားနားနေရန်အတွက် လန်ဒန်မြို့ တွင် နိုင်ငံတော်
ငွေဖြင့် တိုက်အိမ်ကြီး ၁လုံးကိုဝယ်ယူခဲ့သည်။ BOC ကို ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်
တချက်လွှတ် ဥပဒေ အမှတ် ၁ အရ ဆိုရှယ်လစ်ခေတ်နှင့် ဆီလျှောခြင်းမရှိဟုဆိုကာ ဘဏ် ၃၁ ခု
ကို ပြည်သူပိုင်သိမ်းခဲ့ပြီး နိုင်ငံခြားဘဏ် ၁၄ ခုကို လျှောကြေးပေး၍ နိုင်ငံသားပိုင် ဘဏ်များ
လျှောကြေးမရရှိခဲ့ပေ။ ၁၉၆၄ ခုနှစ် ဧပြီလ ၉ ရက်နေ့ တွင် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်း မှန်သမျှ
ကို ပြည်သူပိုင်သိမ်းဆီးခဲ့သည်။ထိုပြည်သူပိုင်သိမ်းငွေများဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏
စီးပွားရေးစနစ်ကို တည်ဆောက်ခဲ့သည်။

ထိုနောက် ဗိုလ်နေ၀င် ဂျာမဏီတွင် ရဲတိုက်ကြီးတစ်ခုကို နိုင်ငံတော်ငွေဖြင့် ၀ယ်ယူခဲ့ပြီး၊တခြား
နိုင်ငံများတွင်လည်း ဒေါ်လာငွေများ၊ နေအိမ်နှင့်မြေများ ရင်းနှီးမြုတ်နှံမှုများ ပြုလုပ်ထားခဲ့သည်။
ဦးနေ၀င်း ဆင်းရချိန်မတိုင်မီလေးတွင် ကျောက်လုပ်ငန်းကြီးကို လုပ်ကိုင်၍ ဥရောပတွင် ကျောက်
ဆိုင်များဖွင့်လစ်ထားသည်။စိတ်ချရသော လူယုံတော် ဗိုလ်ကြီးကို ရာထူးမှထွက်စေကာ ဥရောပ
ကျောက်ဆိုင်များကို တာဝန်ပေးခဲ့သည်။မြန်မာနိုင်ငံ ကျောက်ပြပွဲများကျင်းပလျှင် ဦးနေ၀င်းနှင့်
ဒေါ်ခင်မေသန်းတို့  လာရောက်ကြည့်ရှု့ ပြီး ကြိုက်နှစ်သက်သည်များကို ယူဆောင်သွားပြီး
ပြန်လည်ပေးအပ်ခြင်းအလျှင်မရှိပါ။ ဒေါ်ခင်မေသန်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့ သို့ သွားရောက်ရာတွင်
ကျောက်များယူဆောင်သွားသဖြင့် လေဆိပ်တွင်ဖမ်းဆီးခံရပြီး နိုင်ငံခြားသတင်းများတွင်ဖေါ်ပြ
ခံခဲ့ရသည်။ဦးနေ၀င်းကျောက်ရောင်းရငွေကို ဆွစ်ဇာလန်နိုင်ငံရှိဘဏ်များတွင် စာရင်းဖွင့်ထားကြောင်း
သတင်းများထွက်ပေါ်ခဲ့သည်။

၁၉၅၀ ခုနှစ်တွင် ဦးနေ၀င်းသည် မြန်မာနိုင်ငံတွင် ဘိန်းလုပ်ငန်းကြီးကျယ်လာအောင် ပျိုးထောင်
ပေးခဲ့သူဖြစ်သည်။ဗိုလ်အောင်ကြီးအား ကိုးကောင်းဒေသသို့ စေလွှတ်ကာ ဂျင်မီယန်းတို့ မောင်
နှစ်မအား စည်းရုံးစေ၍ ကာကွယ်ရေးတပ်ဖွဲ့ စည်းစေခဲ့သည်။လောစစ်ဟန်နဲ့  ခွန်ဆာတို့ သည်
၁၉၅၀ ခုနှစ် အစပိုင်းမှာပင် သူတို့ တပ်များအား လစာလုံလောက်စွာမပေးပဲ ဘိန်းစိုက်ပျိုး၍ ငွေ
ရှာရန် လိုင်စင်ပေးခဲ့သူမှာ ဗိုလ်ချုပ်ကြီးနေ၀င်းပင်ဖြစ်သည်။

ဦးနေ၀င်း ရွှေတိဂုံထီးတော်မှ စိန်ကျောက်များ ပုဂံဘုရားများမှ ရတနာများ ခိုးယူသည်မှာ
 ရှေးဟောင်းရတနာ မက်မောသော ၀ါသနာရှိသဖြင့် ခိုးယူသည်ဟုတ် ရှေးဟောင်းရတနာ
ကို မက်မောသော နိုင်ငံခြား သူကြွယ်များထံသို့  ဈေးကောင်းနှင့်ရောင်းချ၍ သားစဉ်မြေးဆက်
စားနိုင်အောင် နိုင်ငံခြားငွေဖြင့် ရောင်းချပြီး နိုင်ငံခြားဘဏ်များတွင် ငွေစုထားခဲ့သည်။
နိုင်ငံနှင့် နိုင်ငံသားများ မွဲပြာကျခဲ့ရပြီး ၁၉၈၇ နှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသည် အဆင်းရဲ
ဆုံးနိုင်ငံအဖြစ်သို့  ရောက်ရှိခဲ့ရသည်။ဦးနေ၀င်းသည် နိုင်ငံခြားအပန်းဖြေခရီး အကြိမ်ကြိမ်
ထွက်လေ့ရှိသည်။ဂျာမဏီသို့ ခရီးထွက်ခဲ့ရာ ဥရောပဘဏ်များတွင် အပ်နှံထားသော နိုင်ငံခြား
ငွေထုတ်ကြီးမှာ များစွာကြီးမားလာနေသည်။သားသမီးများကိုပါ နိုင်ငံခြားသို့ ခေါ်သွားပြီး
ခိုးဝှက်ထားသည့် ကျောက်သံပတ္တမြားဖြင့် ဥရောပတွင်ဖွင့်ထားသော ကျောက်ဆိုင်များမှ
ဝင်ငွေနှင့် နိုင်ငံခြားမှဝယ်ယူတင်သွင်းကုန်များ စက်ကိရိယာများမှ ကော်မရှင်ခ လာဘ်ငွေများကို
သားသမီးများအတွက် အမွေအနှစ်အဖြစ် ဝေစုခွဲပေးခဲ့သည်။  

၁၉၈၈ ခုနှစ် နောက်ပိုင်း ဦးနေ၀င်းကို ထိန်းသိမ်းခဲ့စဉ်က ဦးနေ၀င်းရဲ့  ပိုင်ဆိုင်မှုတွေကို စစ်ဆေး
စုံစမ်းခြင်းမရှိခဲ့ပါ။အာဏာကိုသာ စစ်တပ်ကလွှဲယူခဲ့ပြီး ဦးနေ၀င်မိသားစုကို အကာအကွယ်ပေး
ခဲ့ပါတယ်။ အင်ဒိုနီးရှား စစ်ခေါင်းဆောင် ဆူဟာတို (Suharto) အာဏာရှင်နဲ့  ဖိလပိုင်ခေါင်း
ဆောင် မားကိုးစ်တို့  အာဏာရှင်များ ရာထူးမှ နှုတ်ထွက်ခဲ့ရသည့်အချိန်တွင် အသက်ပေးခဲ့ရသူ၊
ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ပိုင်ဆိုင်မှုများသိမ်းဆည်းခံရမှုများရှိခဲ့ကြသည်။ထိုပိုင်ဆိုင်မှုများသည်
နိုင်ငံတော်မှပိုင်ဆိုင်မှုများဖြစ်သောကြောင့် သိမ်းဆီးခဲ့ရခြင်းဖြစ်သည်။မြန်မာနိုင်ငံမှာတော့
အာဏာရှင် ဦးနေ၀င်းနဲ့ ဦးသန်းရွေတို့  ရာထူးမှ နှုတ်ထွက်ခဲ့သောလည်း ဖမ်းဆီးခြင်း၊အရေးယူ
ခြင်း၊စစ်ဆေးခြင်း၊သိမ်းဆီးခြင်းများမရှိခဲ့ပဲ အာဏာရှင်တွေရဲ့ ငွေတွေနဲ့  ခရိုနီတွေရဲ့  စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ဦးထောင်လာအောင် လုပ်ငန်းလုပ်ပိုင်ခွင့်များ ခွင့်ပြုထားသည်။

နိုင်ငံရေးလှုပ်ရှားသူများ ဒီမိုကရေစီလှုပ်ရှားသူများ လူ့ အခွင့်အရေးလှုပ်ရှားသူများကျတော့
နှစ်ရှည်ထောင်ဒဏ်တွေချမှတ်၊ စီးပွားရေးတွေပျက်စီးအောင်လုပ်၊ အလုပ်အကိုင်တွေမရအောင်
နှောက်ယှက်၊ လယ်သိမ်း၊မြေသိမ်း၊ကျောင်းသိမ်း၊လိုင်စင်သိမ်း၊အလုပ်သမားအခွင့်အရေး၊
လယ်သမားအခွင့်အရေး၊ကျောင်းသားအခွင့်အရေး တောင်းဆိုသူများကို ဖမ်းဆီးထောင်ချပြီး
ပြည်သူတွေ ဘ၀ပျက်အောင်လုပ်ခဲ့ကြတယ်။အာဏာရှင်တွေဟာ တခေတ်ပြန်ဆန်းလာဖို့ 
နည်းမျိုးစုံနဲ့ ကြိုးစားလာနေတာတွေရပါတယ်။လူယုတ်မာတွေ ညီညွတ်ပြီး ဦးမော့လာရင်တော့
တိုင်းပြည်ကြီးဟာ ကံဆိုးမိုးမှောင်ထဲကို ရောက်တော့မှာသေကြာပါတယ်။အာဏာရှင်စနစ်ကို
မြန်မာနိုင်ငံမှ အမြစ်ကမကျန်အောင် တွန်လှန်ကြဖို့  ပြည်သူတွေကို နှိုးဆော်အပ်ပါသည်။

မြသိန်း