Wednesday, July 23, 2014

အကြမ်းဖက်မှုတွေရဲ့  နောက်ကွယ်က တရားခံ


၂၀၁၄-၇-၂၃
၁၆-၅-၂၀၁၄ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘာသာရေးကိုအကြောင်းပြပြီး မဲဆွဲစည်းရုံးရေးလုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာအရေးယူမှုများ ပြုလုပ်သွားမည်ဟု
 ပြောဆိုထားသည်။

အမျိုး၊ ဘာသာ၊ သာသနာတိုးတက်စေဖို့ ၅၉ (စ)ကို မထောက်ခံဖို့  အပါအဝင် အချက်လေးချက် တောင်းဆိုကာ ၂၀၁၄ မေ ၁၅ ရက်က ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ
 ဦးဆောင် ဆန္ဒပြခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီမှ ယခုလို ဘာသာရေးကို အကြောင်းပြပြီး မဲဆွယ်
စည်းရုံးခဲ့တာကို ကော်မရှင်က ထိရောက်စွာအရေးယူခြင်းမရှိသည်ကို တွေရှိရသည်။

 ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် လူသတ်၊ မီးရှို့ဖျက်ဆီးမှု
 များတွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ဖမ်းဆီးထိမ်းသိမ်းနိုင်ခြင်းမရှိခဲ့ပါ။

မတ်လ ၂၀ မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ ရွှေဆိုင် တစ်တွင်  ရွှေလာရောင်းသူ အမျိုးသမီးတစ်ဦးနှင့်ဝယ်သူတို့အကြားပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ဆိုင်ခန်း နှစ်ခန်ဖျက်ဆီးခံလိုက်ရ
သည်အထိ ဖြစ်ပွားခဲ့ကြောင်း လူမျိုးရေးဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများဖြစ်ပွား
ခဲ့ကြောင်း  မိထ္ထီလာ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင်က ပြောကြားသည်။ 

မေ ၂၈ ရက်မှ ၂၉ ရက်အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ်ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင်ရုံတစ်လုံး၊ ဂိုဒေါင်လေးလုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ လားရှိုးမြို့၌ ယမန်နေ့ည ၈ နာရီမှ စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဖြစ်သည်။
လားရှိုးမြို့၌ ယနေ့နံနက် ၁ဝ နာရီခွဲခန့်တွင် ရပ်ကွက် (၇)၊ ရပ်ကွက် (၁) နယ်မြေ ၈ တို့တွင်
လူစုလူဝေးများ က တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်၍ စုဝေးခဲ့ကြသဖြင့် လုံခြုံရေး အဖွဲ့က
အချိန်မီ ဟန့်တားခဲ့ရသည်။

၂၉.၆.၂၀၁၄ ရက်နေ့ က မန္တလေး ဆန်းကဖေးက  စဖြစ်ပွားခဲ့ပါတယ်။ဘာသာခြား တယောက်က ဗုဒ္ဓဘာသာ မိန်းကလေးတယောက်ကို အဓမ္မပြုကျင့်တယ်လို့ သတင်းထွက်တယ်။ ဒီသတင်းနဲ့ အဖြစ်အပျက်အပေါ် အခြေခံပြီး အမုန်းတရားတွေ အမုန်းတရားပေါ်ပေါက်လာအောင် သွေးထိုး
လှုံ့ဆော်ခဲ့ပြီး ရခိုင်၊ မိတ္တီလာ၊ ရှမ်းပြည်နယ် လားရှိုး၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်းမှာ အကြမ်းဖက်မှု တွေ
ဖြစ်ပွားခဲ့ပါတယ်။

ဘယ်နယ်ကမှန်းမသိတဲ့ ဒီအကြမ်းဖက်သူတွေ ထွက်လာပြီး ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ၀င်ရောက်
လှုံ့ ဆော် အကြမ်ဖက်ခဲ့တာတွေဟာ ဖြစ်စဉ်တိုင်းကိုကြည့်ရင် တရမမှုတွေကနေစပြီး လူမျိုးရေး
ဘာသာရေး အဓိကရုဏ်းတွေကို ဖြစ်လာအောင် နောက်ကွယ်က ကြိုးကိုင်သူတွေရှိနေတယ်ဆိုတာ
သေချာပါတယ်။မန္တလေးမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားလာတော့
ဒီ အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် ဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာတွေကနေ ဖြန့်ချီခဲ့တယ်
လို့ သမ္မတ ရုံးက ယူဆကြတယ်လို့ ဆိုပါတယ်။အမုန်းတရား ဖြန့်ဖြူးမှုကိစ္စတွေ၊ အကြမ်းဖို့  လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ဒီကနေ့ အချိန်ထိ မွေးမြူထားတာ အံ့သြစရာ
 တွေ့မြင်နေရပါတယ်။

ဒီပြသနာတွေပေါ်လာစေတဲ့အကြောင်းအရင်းက တပ်မတော်ရဲ့ ဒီအစ်အေ (DSA) အပတ်စဉ်(၈)   နောက်ပိုင်း ကျောင်းဆင်းလာကြတဲ့ မြန်မာ့တပ်မတော် အရာရှိတွေအားလုံးတို့မှာ ၄င်းတို့ စစ်တက္ကသိုလ်တက်နေတဲ့ ၄ နှစ် ကာလအတွင်း ဒုတိယနှစ်သင်ရိုးထဲမှာ နိုင်ငံရေးဒသန နှင့် 
အထွေထွေ လူမှုဆက်ဆံရေးဆိုတဲ့ သင်ခန်းစာ ဘာသာရပ်တခု ပြဌာန်းထားတယ်။အဲဒီဘာသာထဲ
မှာ အထူးစိတ်ဝင်စားစရာကောင်းဆုံးကတော့ ဘာသာရေးနဲ့ပတ်သက်တဲ့ သိပ္ပံအမြင်အယူဆဆိုတဲ့ သင်ရိုးတခုထည့်ထားတာကို တွေ့ မြင်ရပါတယ်။အဲဒီသင်ရိုးထဲမှာ ဖေါ်ပြထားပုံက ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှု လိုက်နာဆောင်ရွက်မှုနဲ့ ဘာသာရေးကျင့်ထုံးများအား ကျင့်ကြံမှုအားလုံးသည် စိတ်ရောဂါ ဝေဒနာရှင်များကသာ ယုံကြည်ခြင်း လိုက်နာခြင်းကျင့်ကြံကြခြင်းလို့ ဖေါ်ညွန်းထား
တာတွေ့ရပါတယ်။ဒါဟာ မြန်မာ့တပ်မတော်ရဲ့  သင်ရိုးထဲက ဘာသာရေးပြသနာတွေ ဖြစ်လာ
အောင် တပ်မတော်သားတွေကို ရိုက်သွင်းခဲ့တဲ့ ဖန်တီးမှု တခုဖြစ်ပြီး တိုင်းပြည်ရဲ့  အကြမ်းဖက်မှု
တွေဟာ မည်သည့်အဖွဲ့ အစည်းတွေက လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။

စစ်တပ်က အာဏာကို လက်မလွတ်နိုင်တဲ့ လူတစ်စု အာဏာရှုးတွေက မိခင်ဘာသာကိုတောင် အရှုးဖြစ်အောင်လုပ်ခဲ့ကြတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ ပြသနာအားလုံးဟာ သံသယမကင်းဖြစ် လာစေပါတယ်။ဒါကြောင့် အစိုးရရဲ့ နောက်ကွယ်မှာ လွှတ်တော်၊ စစ်တပ်၊ ခရိုနီတွေဝိုင်းရံထားပြီး စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကို ပျက်ပြားစေမည့် လူမျိုးရေး ဘာသာရေး ပြသနာများကို ဖန်တီးနေကြတာကိုတွေ့ ရပါတယ်။

သမ္မတ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ၏ မျိုးစောင့်ဥပဒေကို သမ္မတကြီးက
ဦးဆောင်ရေးဆွဲပြီး လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးစားခဲ့ပါတယ်။ အမျိုးဘာသာ သာသနာ
 စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဦးနေ၀င်းမြေးတွေနဲ့ ကြံဖွတ်ဝန်ကြီး ဦးအောင်သောင်းက ဖွဲ့ စည်းထားပြီး နောက်ကွယ်က သမိုင်းဖြစ်စဉ် အကြမ်းဖက်မှုတွေကို ကြိုးကိုင်သူဟု ထင်ရှားပါ
တယ်။

လွှတ်တော် လွှတ်တော် ဥက္ကဌ တွေဟာ ဗိုလ်ချုပ်တွေကို ခန့် အပ်ထားပြီး လွှတ်လပ်မှုမရှိပါ။
လွှတ်တော်တင်မည့် ကိစ္စတွေကို စီစစ်ပြီး ပယ်ချလေ့ရှိပါတယ်။ အစိုးရနဲ့  စစ်တပ်ရဲ့  အပြစ်တွေ
ကို ဝေဖန်မယ်ဆိုရင် ပိတ်ပင်လေ့ရှိပြီး ပါတီဆွဲနဲ့  အလုပ်တွေကို ဖော်ပြပြောဆိုတာတွေရှိပြီး
ဒီမိုကရေစီအယောင်ဆောင်တွေ ဖြစ်နေတာကို တွေ့ မြင်ရပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာလည် စစ်တပ်ထွက်ဖြစ်ပြီး ကော်မရှင်ရဲ့  လုပ်
ပိုင်ခွင့်တွေကို ဘောင်ကျော်ပြီးလုပ်ခဲ့လို NLD ကို ပြန်တောင်ဖန်ရဘူးပါတယ်။ မဲဆန္ဒရှင်တစ်ဦးဟာ
မိမိနယ်မြေကို ကျော်လွန်၍ ဟောပြောခွင့်မရှိဟု ရွေးကောက်ပွဲကော်မရှင်ရဲ့  လုပ်ပိုင်ခွင့်ကိုသုံးပြီး
ပိတ်ပင်ခဲ့ဘူးပါတယ်။တာဟာ စစ်အာဏာရှင်တွေရဲ့  စိတ်ဓါတ်ကိုဖေါ်ပြနေပြီး လုပ်ပိုင်ခွင့်ရရင်
ဖိနှိပ်ဖို့  ကြိုးစားခဲ့တယ်၊လွတ်လပ်တရားမျှတမှု မရှိတဲ့ ကော်မရှင် တစ်ခုဖြစ်နေတာကို တွေ့ ရပါတယ်။

အကြမ်းဖက်မှုတွေရဲ့  တရားခံကို အမြန်ဆုံး  ဖော်ထုတ်ပေးဖို့  နိုင်ငံတော်အစိုးရနဲ့  နိုင်ငံတော် အထူးစုံစမ်းရေးရဲတပ်ဖွဲ့ မှာ တာဝန်ရှိပါတယ်။ ဒါတွေကို မဖော်ထုတ်နိုင်ရင် နောင်မှာ သမိုင်းတရားခံတွေဖြစ်လာနိုင်တယ်ဆိုတာ သိစေအပ်ပါသည်။

မြသိန်း