Friday, July 18, 2014

သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး သတင်းထောက်များနှင့် ၈၈ မျိုးဆက် တွေ့ဆုံ

 
၂၀၁၄-၇-၁၈
ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ ၂၀၁၄ ခုနှစ်၊ နေ့လည် ၂းဝဝ နာရီ တွင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၌ သတင်းလွတ်လပ်ခွင့် ကော်မတီ၊ Myanmar Journalist network မှ သတင်းထောက်များနှင့် ၈၈ မျိုးဆက် ( ငြိမ်း ချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်တို့ တွေ့ဆုံခဲ့ကြပြီးလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် လျှက်ရှိသော သတင်းမီဒီယာလွတ်လပ်ခွင့်ချိုးဖောက်ခံနေရမှုများနှင့် သတင်းမီဒီယာ များမှ သတင်း ထောက်များ နှစ်ရှည်ထောင်ဒဏ်ချမှတ် အပြစ်ပေး အရေးယူခြင်း၊ သတင်းထောက်များအား
ပုဒ်မ (၁၈) ဖြင့်အရေးယူရန်ပြုလုပ်နေ ခြင်း၊ ခေါ်ယူ မေးမြန်းမှုများပြုလုပ်နေခြင်းတို့နှင့်ပတ်သက်ပြီး
 ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
သတင်မီဒီယာ သမားများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်နှင့်သတင်းမီဒီယာလွတ်လပ်ခွင့်
 နှင့် သတင်းထောက်များအပေါ်ဖိနှိပ်ချုပ်ချယ်မှုများနှင့်ပတ်သက်ပြီး အမြန်ဆုံး ရပ်တန့် ရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အဝ ရရှိရေးအတွက် သတင်း မီဒီယာသမား များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်။

 The 88 Generation Peace and Open Society