Friday, July 18, 2014

ပြည်နယ်အသီးသီး၌ အာဇာနည်နေ့ တွင် အာဇာနည်
ခေါင်းဆောင်ကြီးများအား လေးစားဂုဏ်ပြု ခြင်းနှင့် ပါတ်သက်၍
အာဏာပိုင်များ မတရားဖိနှိပ်တားဆီးခြင်းကို ပြည်သူများ လက်ခံမည်မဟုတ်

၂၀၁၄-၇-၁၈
မနက်ဖန်ကျရောက်မည့်( အာဇာနည်နေ့ ) ဇူလိုင် (၁၉) ရက်နေ့ မှာ ဗိုလ်ချူပ်အောင်ဆန်းနဲ့ တကွ  အာဇာနည် ခေါင်းဆောင်ကြီးများကို မမျှော်လင့်ပဲဝင်လာတဲ့ ဂဠာန်ဦးစော၏ လူသတ်သမား
များက ၀န်ကြီးများရုံး အစည်းအဝေးတွင် စက်သေနတ်များဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၍  ၀န်ကြီးအဖွဲ့ အားလုံး အတုံးအရုံးနဲ့ လဲပြိုကျဆုံးခဲ့ရပါတယ်။ဗိုလ်ချုပ်တို့ နဲ့ အတူ သူရဲကောင်းအာဇာနည်
ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတဲ့နေ့ ဖြစ်သလို မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေးနဲ့  ဒီမိုကရေစီအရေးလည်း အားထားခဲ့ရတဲ့ ခေါင်းဆောင်ကြီးများ ဆုံးရှုံးရခြင်းသည် တိုင်းပြည်အတွက် အနစ်နာဆုံးဖြစ်ပြီး

အစားထိုးမရတဲ့ ခေါင်းဆောင်ကြီးများဆုံးရှုံးခြင်း ပြည်သူများကျေကွဲဝမ်းနည်းရသောတနေ့ ဖြစ်ပါတယ်။
မနက်ဖန်ကျရောက်မည့် ၆၇ နှစ်မြောက် အာဇာနည်နေ့  ဇူလိုင်လ ၁၉ ရက်နေ့ တွင် မမေ့အပ်သော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် ပြည်သူအားလုံး လမ်းပေါ်ထွက်၍ 
ဥသြသံနှင့်အတူ ၁၀ နာရီ ၃၇ မိနစ်တွင် ဦးညွှတ်အလေးပြုကြပါစို့ ။

ယနေ့ အချိန်သည် ခေါင်းဆောင်ကြီးများ ရည်မှန်ခဲ့တဲ့ စစ်မှန်သောဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရှိစေ

ရန် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် (တပြည်ထောင်လုံး ညီညွတ်ရေးကြီးကို
 ခိုင်မြဲစွာ အုဌ်မြစ်ချ ) ရယူပေးခဲ့တာကို သင်ခဏ်းစာယူ၍ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်သူများနှင့် ဒီမိုကရေစီအင်အားစုများ စည်းလုံးညီညွတ်စွာဖြင့် 
ပြည်သူ့ အခန်းကဏ္ဍမြှင့်တင်ကာ "အများပြည်သူ သဘောမတူ တဲ့ အမိန့် အာဏာဟူသမျှ တာဝန် 
အရ  ဖီဆန်ကြ" ပြည်သူတွေအနေဖြင့် အထိမ်းအမှတ်လို နေ့ ကြီးရက်ကြီးတွေမှာ အာဏာပိုင်များ၏ အာဏာကို အလွန်အကျွံ အသုံးချ ပိတ်ပင်တားဆီးမှုများကို ပြည်သူ့ အင်အားဖြင့်  ညီညွတ်ရေးကို ခိုင်မြဲစွာတည်ဆောက်ပြီး စည်းလုံးညီညွတ်စွာ အာဇာနည်နေ့ မှာ ပြည်သူ့ ကဏ္ဍမြင့်တင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်အပ်ပါသည်။

မြသိန်း