Tuesday, June 17, 2014

PR စနစ်ဟာ ကြံဖွတ်ပါတီရဲ့  နိုင်ငံရေးအမြတ်ထုတ်မှု လှည့်ကွက်

၂၀၁၄-၆-၁၇
စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တောင် မရရှိသေးတဲ့ မြန်မာနိုင်ငံမှာ PR စနစ်ကို ဒီအချိန်မှာ ပြဌာန်းဖို့ မသင့်သေးပါဘူး။ PR (Proportional Representative – PR) စနစ်ဆိုတာက အချိုးကျ ကိုယ်စားပြု
စနစ် ကိုယ်စားလှယ်တွေကို အချိုးကျ ရွေးချယ်တာဖြစ်ပါတယ်။လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရရှိ
သူက နိုင်ရယူတဲ့စနစ်ဖြစ်ပြီး မဲအများဆုံးရရှိသူက အစိုးရဖွဲ့ စည်းခွင့်ကိုရရှိမှာဖြစ်ပါတယ်။
လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့  ထောက်
ခံမှု အများဆုံးရရှိနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ်အနိုင်မရရေးကို ကာကွယ်
တဲ့အနေနဲ့  လက်ရှိ ကြံဖွတ်အစိုးရက NDF မှ ဒေါ်ခင်ဝိုင်းကြည်(လက်ရှိအစိုးရကို ထောက်ခံသူ)ကို
PR စနစ်ကျင့်သုံးဖို့  အဆိုတင်သွင်းခိုင်းပြီး လွှတ်တော်မှာ အများစုဖြစ်နေတဲ့ ကြံဖွတ်အင်အားနဲ့ 
 ထောက်ခံခဲ့ဒါဖြစ်ပါတယ်။ဒီလုပ်ဇတ်ကြီးကိုလည်း ပြည်သူတွေ သိထားကြပါတယ်။

တဖက်မှာလည်း တပ်မတော်က PR စနစ်ကို မထောက်ခံပေမဲ့ သမ္မတ အရည်အချင်းသတ်မှတ်ချက်
မှာ နိုင်ငံတကာစံနှုန်းနဲ့ ညီညွတ်မှုမရှိတဲ့ ၅၉ (စ) ပြင်ဆင်ဖို့ ကို တပ်မတော်က ကန့် ကွက်ထားပါ
တယ်။

ကြံ့ဖွတ်ပါတီကတော့ အချိုးကျ PR စနစ်ကိုကျင့်သုံးဖို့ အချိုးကျ ကိုယ်စားပြုစနစ် ကော်မရှင်ဆိုပြီး ဖွဲ့စည်းဖို့ကြိုးစားနေတာတွ့ ရပြီး NLD တော့ မပါဝင်ခဲ့ပါဘူး။ ၅၉ (စ)ကို ပြင်ဆင်ဖို့ ကို လက်ရှိအစိုးရ ကြံဖွတ်ပါတီမှ ကန့် ကွက်ထားပါတယ်။

တိုင်းရင်းသာအများစုကလည်း PR စနစ်ကို လက်မခံနိုင်ကြောင်း ပြောကြားထားသည်။

လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှ အနိုင်ရနိုင်ခြေမရှိတဲ့အတွက် အာဏာရ (ကြံ့ဖွတ်ပါတီ) ဟာ
နည်မျိုးစုံနဲ့  NLD အနိုင်မရရေး၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးကို
လွှတ်တော်မှာ နေရာအများစုရရှိထားတဲ့ ကြံ့ဖွတ်အစိုးရက လွှတ်တော်ကို အသုံးချလာတာတွေ့ 
ရပါတယ်။လွှတ်တော်ပြင်ပ ပြည်သူ့ ထောက်ခံမှုကို မရရှိနိုင်တာကိုသိတဲ့ ကြံ့ဖွတ်ပါတီဟာ
အနိုင်ရနိုင်ခြေရှိတဲ့ ( တပ်မတော် လွှတ်တော်ဥက္ကဌများနဲ့  လွှတ်တော်)ကို အုပ်စုဖွဲ့ ပြီး
အနိုင်ရအောင် ကြိုးစားလာနေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့  ညီညွတ်မှုမရှိတဲ့ ၂၀၀၈
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်သူ့ ဆန္ဒသဘောထားသိရှိအောင် ၈၈ ပွင့်လင်း
လူ့ အဖွဲ့ အစည်းနဲ့  ပူးပေါင်းပြီး ဒီမိုကရေစီအင်အားစုများကို လက်တွဲခေါ်၍ မတရားတဲ့ ဖိနှိမ့်မှု
တွေနဲ့  အုပ်ချုပ်ခံနေရတဲ့ ပြည်သူတွေရဲ့  ဘ၀၊အနာဂတ် မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝ
ရှေ့ ရေးကို မျှော်တွေးကာ လွတ်လပ်၍ တရားမျှတပြီး ဥပဒေစိုးမိုးမှုရရှိစေရန် ဖွဲ့ စည်းပုံအခြေခံ
ဥပဒေပြင်ဆင်ရေးကို ကြိုးစားနေသောကြောင့်  ပြည်သူ့ ပါတီ NLD က ပြည်သူလူထုအများစုရဲ့ 
 ထောက်ခံမှုအားကောင်းလာနေတာကို တွေ့ ရပါတယ်။အာဏာရှင်တွေရဲ့  အနိုင်ကျင့်မှုမှ လွတ်မြောက်ရေးအတွက် ဖွဲ့ စည်းပုံပြင်ဆင်ရေးဟာ အရေးကြီးသည့် အချိန်ရောက်ရှိနေပြီဖြစ်၍ ဒီမိုကရေစီအင်အားစုများ လက်တွဲညီညီဆောင်ရွက်ကြဖို့ အတွက် စည်းလုံးညီညွတ်မှုကို
တည်ဆောက်လာနေကြပါတယ်။

၁၉၉၀ ခုနှစ်မှာ NLD ပါတီဟာ ပြည်သူလူထုရဲ့  ၈၂ ရာခိုင်နှုန်းကျော်နဲ့  အနိုင်ရခဲ့ပေမဲ့ အာဏာသိမ်း စစ်အစိုးရက အနိုင်ရပါတီကို အစိုးရဖွဲ့ ခွင့်မပေးခဲ့တဲ့အတွက် စစ်မှန်တဲ့ဒီမိုကရေစီစနစ်မဖေါ်
ဆောင်နိုင်ခဲ့သောကြာင့် တိုင်ပြည်နဲ့  ပြည်သူတွေ အနှစ် ၂၀ ကျော် နစ်နာခဲ့ရပါတယ်။ ယခုတဖန် ပြည်သူတွေရဲ့ ဒီမိုကရေစီကြိုးစားမှုဟာ တကြော့ပြန် ၉၀ ရွေးကောက်ပွဲဟု ပြည်သူကြား
မှာ ပြောဆိုနေကြပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နဲ့ အရပ်သားအစိုးရသစ်ပေါ်
ပေါက်လာရေး ပြည်သူတွေကြိုးစားလာနေကြတာကို တွေ့ ရှိရပါတယ်။

မြသိန်း