၂၀၁၄-၆-၈
မနက်ဖြန် မကွေးမြို.က ၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲကို မြသလွန်ဘုရားကြီးကွင်းမှာ ကျင်းပခွင့်
ကို ဥပဒေနဲ.အညီ မြို.နယ်အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်နဲ.၈၈ မျိုးဆက်ကတာဝန်ရှိသူတွေ လျှောက်ထား ခဲ့ပါတယ်။ ဒါကိုခရိုင်အုပ်ချုပ်ရေးမှူးရုံးက ခွင့်မပြုနိုင်ဘူးလို.ခေါ်ယူတားမြစ်ခြင်းခံရသည်ဟု ကြားသိ
ထားရပါတယ်။ စီစဉ်သူတွေဘက်ကတော့၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲကိုဖြစ်အောင် လုပ်ကြမယ်လို.သိထားပါတယ်။
မနက်ဖြန် မကွေးပွဲအတွက် ရန်ကုန်က (ကိုဌေးကြွယ် ကိုအောင်သူ မမာမာဦး ကိုဝေဠု မသက်သက်
အောင် ကိုချစ်ကိုလင်း မနီလာသိန်း မမီးမီး ကိုမြတ်သူ ကိုငြိမ်းချမ်း)တို့ ထွက်ခွာသွားကြပါပြီ။
တစ်နိုင်ငံလုံး ခြိမ့်ခြိမ့်သဲ လူထုလူတန်းစားအသီးသီးက ဥပဒေဘောင်အတွင်းကဖွဲ.စည်းပုံအခြေခံ
ဥပဒေ ပုဒ်မ(၄၃၆) ပြင်ဆင်ရေးအတွက် လူထုဟောပြောရှင်းလင်းပွဲတွေ၊ လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်နေချိန်မှာ မကွေးတိုင်းဒေသကြီး၊မကွေးမြို.က ခွင့်ပြုချက်မပေးဘူးဆိုတာကတော့ နည်းနည်းလွန်လာပြီ။
ခွင့်ပြုချက်မပေးတဲ့ လူထုဟောပြောပွဲကို မကွေးတိုင်းဒေသကြီးအတွင်းက မင်းဘူး၊စကု ၊ပွင့်ဖြူ ၊ ဆင်ဖြူကျွန်း ၊စလင်း ၊နတ်မောက်၊ရေနံချောင်း၊ချောက် စတဲ့မြို.နယ်တွေကပြည်သူတွေ လာရောက်
ပူးပေါင်း ပါဝင်ကြမယ်လို. သိထားပါတယ်။
ပိုဆိုးတာက ယနေ.ညမှာ မကွေးမြို.မှာသတင်းတစ်ခုထွက်လာတယ် မြို့နယ်အုပ်ချူပ်ရေးမူး ဦးဥာဏ်မျိုးဆိုသူက"မင်းတို့ကိုခွင့်မပြုဘူးလုပ် ရဲရင်လုပ်ကြည့်၊အင်အားသုံးဖြိုခွင်းပစ်မယ်''
လို့  ပြောကြားနေတယ်ဆိုတာပါပဲ။
ဒီသတင်းသာ အမှန်ဆိုခဲ့ရင်၊ မြို.နယ်အုပ်ချုပ်ရေးမှူးတာဝန်ယူထားသူ တစ်ယောက်က ဒီလိုပြော တယ်ဆိုခဲ့ရင်၊ ကျွန်တော်တို့  ဘက်ကပြောချင်တာကတော့ ၂၀၁၄ ခုနှစ်ဟာ ၂၀၀ရ ခုနှစ်
ရွှေဝါရောင်တော်လှန်ရေးတုန်းကလို အခြေအနေမျိုးမဟုတ်သလို၊၁၉၈၈ ခုနှစ်ကလိုလည်း မဟုတ်တော့ပါဘူး။
ပြည်သူ့ မီဒီယာတွေရှေ့ မှာ နိုင်ငံတကာစာမျက်နှာမှာ မနက်ဖြန် လုပ်ရဲရင်လုပ်ကြည့်လိုက်ပါလို့ ပါ။
Credit:Kyaw Swar Myint