၂၀၁၄-၆-၁၁
ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ကို ပိုင်ဆိုင်ကြောင်း မူလပိုင်ရှင်ဖြစ်သူ ပီနန်ဆရာတော် ဦးပညာဝံသက အောက်တိုဘာ ၂၄ ရက်နေ့က
The Voice သို့ မိမိသည်မှုလပိုင်ရှင်ဖြစ်ပြီး စာချုပ်စာတမ်းများ လက်ဝယ်တွင်ရှိနေသည်ဟု မိန့်ကြားခဲ့သည်။အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်ကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံသို့
နိုင်ငံတော် အကြီးအကဲများက ရေစက်ချ လှူဒါန်းထားခြင်းကြောင့်
ပီနန်ဆရာတော်
ကို ပြန်လည်လွှဲအပ်ရန် မဖြစ်နိုင်ဘဲ ယခုအချိန်အထိ နိုင်ငံတော်
သံဃမဟာနာယက အဖွဲ့ကသာ ပိုင်ဆိုင်ကြောင်း ဦးမိုးဇော်ရွှေက ဆိုသည်။
“အဲဒီကျောင်းတိုက်ကို ပြန်ပေးဖို့ ပီနန်ဆရာတော်က နိုင်ငံတော်သမ္မတကြီးထံ ပြန်တောင်းပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့က သာသနာရေးဦးစီး ဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက နိုင်ငံတော်မှသံဃမဟာနာယက
ကို အစိုးရမှ လှူဒါန်းထားသောကြောင့် သံဃမဟာနာယကသာ ပိုင်ဆိုင်သည်ဟု ပြောကြားသည်။
မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ကြီးကို ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပီနန် ဆရာတော်၏ ဦးဆောင်ညွှန်ကြားမှုနှင့်အတူ ထိုစဉ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် (ဝန်ကြီးချုပ်ဟောင်းက) ပန္နက်ချ
ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သာသနာပြု သင်တန်းကျောင်းကို စတင်ဖွင့် လှစ်နိုင်ခဲ့ကြောင်း ကျောင်းတိုက်၏ ကမ္ပည်းမှတ်တမ်းအရ သိရသည်။
ထိုကြောင်းတိုက်ကြီးကို ပီနန်ဆရာတော်ကြီးမှ ဦးစီး၍ ပြည်တွင်းပြည်ပ အလှူရှင်များဖြင့် ငွေကျပ်
သိန်း ၁၀၀၀ ကျော် အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်သီးပုဂ္ဂလ စီမံအုပ်ချုပ်ရန် မဖြစ်နိုင်သဖြင့် နိုင်ငံတော် အကြီးအကဲများက ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံသို့ လှူဒါန်းခဲ့ကြောင်း၊ ထို့ကြောင့် ပီနန် ဆရာတော်ထံသို့ ပြန်လည်
လွှဲအပ်ရန် မဖြစ်နိုင်ကြောင်းကို ၂၀၁၃ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ၄၇ ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုသည်။
သို့သော် အဆိုပါ ကျောင်းတိုက်ကို ၎င်းထံသို့ ပြန်လည် လွှဲအပ်ကြောင်း အောက်တိုဘာလ ၁ ရက်နေ့ ရက်စွဲပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အကြောင်းကြားစာကို အောက်တိုဘာလ ၁၈ ရက်
နေ့က လက်ခံရရှိခဲ့ကြောင်း ပီနန်ဆရာတော် ဦးပညာဝံသထံမှ သိရှိခဲ့ရသည်။
၂၀၁၄-၆-၁၁ ရက် ယနေ.ည ၁၁း၃၀ ခန်.က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို.နယ်ရှိ
ပီနန်ဆရာတော်ကြီးပိုင်ဆိုင်သီတင်းသုံးရာ မဟာသန္နိသုခကျောင်းတော်ကြီးသို. ရဲတပ်ဖွဲ.များပိတ်ဆို့ 
နေရာယူထားခြင်းနှင့် စပ်လျဉ်းပြီး မေးမြန်းရာ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူမှ အဆိုပါကိစ္စမှာ သာသနာရေးဝန်ကြီးသို့ သာ မနက်ဖြန် မေးမြန်းပါဟု ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပီနန်ဆရာတော်ကြီးသည် သာသနာပြုရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေချိန် ယခုလို မဟာသန္နိသုခ
ကျောင်းတော်ကြီးကို ရဲတပ်ဖွဲ့ ဝင်များက ညအချိန်လာရောက် ၀ိုင်းရံထားပြီး သာသနာရေးဝန်ကြီး
ဌာန၏ စေခိုင်းချက်ဖြင့်ဟုဆိုသည်။ထိုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် အာဏာရှင်အစိုးရဟု
ထင်ရှားစွာပေါ်လွင်နေသည်။သမိုင်းဖြစ်ရပ်များကို ပြန်လည်မြင်ယောင်မိ၍ အာဏာရှင်လက်ထက်
၈၈ အရေးအခင်းနှင့် ၂၀၀၇ သံဃာ့အရေးအခင်းတွင် ဘုန်းတော်ကြီးကြောင်းများကို ညအချိန်ဝိုင်းရံ
ကာအကြမ်းဖက်၍ ကျောင်းတိုက်များကို ချိတ်ပိတ်သိမ်းယူခဲ့ဘူးသည်။ ထိုဖြစ်ရပ်သည် သံဃာ့ ကိစ္စဖြစ်သည့်အတွက်သံဃမဟာနာယကအဖွဲ့ နှင့် ပီနန်ဆရာတော်ကြီးတို့ သာ တိုက်ရိုက်သက်
ဆိုင်မှုရှိပြီး ဥပဒေကြောင်းအရဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ကြားထဲမှ အစိုးရက ငထွေးခါးနာနေ သည့်အဖြစ်မျိုးဖြစ်နေလေသည်။
သံဃာ့များ ကာယကံရှင်အချင်းချင်း ၀ိနည်းနှင့်အညီဖြေရှင်း အကြောင်းကြား
စာပေးပို့ ထားသော်လည်း သာသနာရေးဝန်ကြီးဌာနမှ ကြားဝင်မကြေမနပ်ဖြစ်နေခြင်းမှာ
ထင်ရှားနေပြီး အစိုးရမှ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေချိန် ကြောင်းတိုက်ကို ရဲများက
ဝိုင်းရံစီးနင်းကာ သံဃာများဖမ်းဆီးမှုသည် ဥပဒေစိုးမိုးမှုကို ခြိမ်းချောက်ခံနေရပြီး အာဏာရှင်စစ်
အစိုးရ၏ လုပ်ရပ်များယနေ့ အချိန်အထိ ရှိနေဆဲဖြစ်ပြီး တိုင်းပြည်အတွက် မကောင်းသော လက္ခာရပ်ဖြစ်သည်။ပြည်သူပြည်သားများ ဥပဒေရဲ့ အကာအကွယ်ကို မရရှိဘဲ အစိုးရ၏ ဥပဒေမဲ့ အနိုင်ကျင့်မှုခံနေရသည်။အာဏာရှင်စစ်အစိုးရသည် ဘာသာ သာသနာကိစ္စနှင့် သံဃာ့ကိစ္စရပ်များ
တွင် သာသနာရေးဝန်ကြီးဌာနမှ ၀င်ရောက်နှောက်ရှက်ခြင်း ဖြစ်နေသည်။လက်ရှိအစိုးရ၏
လက်ပံတောင်းတောင်ကိစ္စ၊ လယ်ယာမြေသိမ်းစည်းမှုကိစ္စ၊ ဘုန်တော်ကြီးကြောင်းများ မတရား သိမ်းပိုက်ခံရမှုကိစ္စ စသည့်လုပ်ရပ်များသည် အကြမ်းဖက်လုပ်ရပ်များဖြစ်၍ ၂၀၀၈ ဖွဲ့ စည်းပုံ
အခြေံဥပဒေသည် အုပ်ချုပ်သူအစိုးရ၏ ပြည်သူများအပေါ် မတရားအနိုင်ကျင့်မှုများကို ဥပဒေ
အရ တရားဆွဲဆိုရာတွင် တရားမျှတမှုမရှိဘဲ တရားရေးမဏ္ဍိုင်ယိုင်းယိုင်မှုကြောင့် ဥပဒေစိုးမိုးမှု
မရှိဖြစ်နေရသည်။
မြသိန်း
Wednesday, June 11, 2014
ပီနန်ဆရာတော်ကြီး၏ သန္တိသုခကျောင်းအား ညအချိန် ရဲအင်အားသုံး ၀င်ရောက် စီးနင်း
Posted by
luthuorthan.bg@gmail.com