Friday, May 30, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နယ်ပယ်အသီးသီးမှ ပြည်သူများ ပူးပေါင်းပါဝင်မှု အရှိန်မြှင့်တက်လာနေ

၂၀၁၄-၅-၃၀
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆ ဆိုလိုရင်းမှာ ၄င်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ပုဒ်မတိုင်းအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

မည်သည့် ပုဒ်မ ပြင်ဆင်မူတွင်မဆို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော်က ထောက်ခံရမည် ဆိုသည်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပို့လွှတ်ထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမူပါမှသာ ပြင်ဆင်နိုင်ရန် နှင့် တပ်မတော်ကိုယ်စားလှယ်များက သဘောမတူလျှင် ပြင်ဆင်မူမရနိုင်အောင် ခက်ခဲစွာပြဌာန်းထား ခြင်းဖြစ်သည်။

ထိုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးသည် နိုင်ငံသူ နိုင်ငံသားတိုင်းအတွက်
အရေးကြီးသည်။မတရားတဲ့ ဥပဒေတွေနဲ့  ပြည်သူတွေအပေါ် ဖိနှိပ့်မှုအမျိုးမျိုးဖြင့် အုပ်ချုပ်နေသော အစိုးရအား ဆန့် ကျင်ကြရမည်။ ဒီမိုကရေစီစနစ်တွင် အာဏာသည် ပြည်သူ့ ထံမှ ဆင်းသက်ရမည်
ဖြစ်သောကြာင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မှသာ ပြည်သူ့ လက်သို့  အာဏာပြန်
လည်ရောက်ရှိမည်ဖြစ်ပေသည်။ထိုကြောင့် ပြည်သူအားလုံး ပူးပေါင်းပါဝင် တောင်းဆိုကြရမည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲသို့  တနေ့ ထက်တနေ့  နယ်ပယ်
ပေါင်းစုံမှ ပြည်သူများ ပါဝင်လာနေကြပြီး အောင်မြင်မှုအရှိန် မြှင့်တက်လာနေကာ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင် ရောက်ရန် အင်အားစုများ၏ ခြေလှမ်းများ အားကောင်းလာနေသည်။

မြသိန်း