Sunday, May 25, 2014

ဟင်္သာတမြို့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်၏ မိန့် ခွန်း

၂၀၁၄-၅-၂၅
မေးနေကျ မေးခွန်းလေး မေးစမ်းပါရစေ အခု ဒီကို ရောက်လာကြတာ မလာမနေရလို့ အမိန့်
အာဏာနဲ့ ခေါ်လို့လား (မဟုတ်ပါဘူး .. )။
ဟိုဟာပေးမယ် ဒီဟာပေးမယ် - ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ် လို့ကော ပြောပြီး
 ခေါ်လို့လား (မဟုတ်ပါဘူး )။
ဒါဆို အခုရောက်လာကြတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်လို့
လာကြတာပေါ့ (ဟုတ်ပါတယ် )။

ဒီဒေသ က တစ်ခြားတိုင်းနဲ့ပြည်နယ်တွေထက်ထူးခြားတယ် အမြဲတမ်း မသိချင်ယောင် မကြားချင်ယောင်ဆောင်တဲ့ အဘတွေ ကြီးစိုးတဲ့ ဒေသ ဒီလိုဒေသမှာ ဘာပေးမယ်လို့မှ မဆွယ်ပဲရောက်လာကြတဲ့သူတွေ ဆိုတော့ တကယ်ကို မတရားတဲ့ ဥပဒေကို ပြင်ဆင်ချင်ကြလို့
ပေါ့ ဒီ ဖွဲ့စည်းပုံကို သေသေချာချာ နားလည်ချင်မှ နားလည်မယ် ဒါပေမဲ့ ဒီဥပဒေဟာ
 ပြည်သူတွေအပေါ် မတရားဘူး ဖိနှိပ်ချုပ်ချယ်တယ် ဒုတိယအချက်က တစ်စုတစ်ဖွဲ့ကိုတော့
အခွင့်ထူးခံ ဥပဒေဖြစ်နေတယ် ဒါကြောင့် အသေးစိတ်နားမလည်သော်လည်း ဒီဟာကို ပြင်မှ
 ဖြစ်မယ်လို့ ရောက်လာကြတာပေါ့။

အားလုံးက ဒီ နာဂစ်ဥပဒေ စာအုပ်အစိမ်းကြီးကို အရည်ကျိုသောက်လောက်အောင် အစအဆုံးအလွတ်မရသည့်တိုင် ဒီစာအုပ်ထဲက ဥပဒေတွေဟာ မတရားဘူးဆိုတာကိုတော့ အားလုံးနားလည်ကြနေကြပါတယ်။အကြောပေးရတယ်ဆိုတာ အများတန်းမတူတဲ့ ဒုက္ခိတတွေကို ပေးရတာပါ လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုက ဒီလို အခွင့်ထူးခံ အကြောပေးတာကို ခံစားတယ်ရယူတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းပါတယ်။


ဒီထဲမှာ ကာလုံလို့ခေါ်တဲ့ အထဲက အများစုဟာ ကာချုပ်က ခန့်အပ်တဲ့သူတွေသာ
အများစုဖြစ်တယ် ပြည်သူက ဘယ်လောက်ပဲ သဘောထားရှိရှိ အဲဒီလူတွေက သဘောမတူဘူး
ဆိုရင် ဘာမှလုပ်လို့မရဘူး ၊ နိုင်ငံတော်သမ္မတ ဖြစ်နေလဲ စစ်တပ်ကသဘောမတူရင် လွတ်ငြိမ်းချမ်းသာခွင့်တောင် ကြေငြာလို့မရဘူးအဲဒီအခြေခံဥပဒေက ပြည်သူတွေကို
 အကာအကွယ်ပေးမဲ့ ဥပဒေမဟုတ်ဘူး နှိပ်ကွပ်ဖို့ပဲ လုပ်ထားတဲ့ ဥပဒေပါ ကျနော်တို့
သွားနေတာက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့ကြိုးစားနေကြတာပါ
ဦးနုက စပ်ခွန်ချိုကို ကျနော်တို့အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်နိုင်ငံတော်ဖြစ်တော့မယ်ဗျလို့ 
ပြောခဲ့ပြီး နောက်နေ့ပဲ စစ်တပ်က အာဏာသိမ်းတာပါဘဲ။

သူများနိုင်ငံတွေမှာ စစ်တပ်ဆိုတာ အာဏာသိမ်းဖို့ဆိုတာကို တွေးလို့တောင်မကြောက်ကြပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့အလုပ်ကိုသာတန်ဖိုးထားလုပ်ကိုင်ကြတဲ့ စစ်တပ်တွေ
ဖြစ်နေကြလို့ပါဘဲ ၊ အမေရိကန်မှာဆိုရင် စစ်တပ်က အာဏာမသိမ်းနိုင်အောင် နိုင်ငံသားတိုင်း
လက်နက် ကိုင်ဆောင်ခွင့်ရှိနေပါတယ်။

အခုဆိုရင် ဘာဖြစ်လာပြီလဲ နောက်မျိုးဆက်တွေက အခွင့်အရေးရအောင် စစ်တပ်ထဲဝင်မယ် စစ်ဗိုလ်လုပ်မယ်ဆိုတဲ့ စိတ်တွေဝင်လာကြတော့မှာပေါ့ ပြောလာကြတော့မှာပေါ့ အင်ဒိုနီးရှားမှာ
 တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ရှိခဲ့ပါတယ် ဒါပေမဲ့အရပ်သား ၀တ်စုံနဲ့ပါ
ခုတော့ ဒီမှာ စစ်ဝတ်စုံကြီးတွေနဲ့ လွှတ်တော်ထဲဝင်နေတာ နောက်တစ်ချိန်မှာ အဲဒီဓါတ်ပုံတွေ ပြန်ကြည့်စမ်းပါဗျာ ရှက်စရာကြီးပြည်သူလူထုက ကောင်းကင်ကြီး အစိုးရဆိုတာက တိမ်တွေပါ ၊
တိမ်တွေက မြဲသလား ၊ ကောင်းကင်ကြီးက မြဲသလား ခဏလေးပေါ်ပေါက်ရတဲ့ တိမ်တွေက ကောင်းကင်ကြီးကို ချိမ်းခြောက်ကြိမ်းမောင်းလွှမ်းမိုးချင်လို့ရမလားစစ်အာဏာရှင်လက်အောက်မှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေကြားနေရတာက အမိန့်တွေပါဥပဒေကဲ့သို့အာဏာတည်သော အမိန့်
တွေ အောက်မှာ နေလာခဲ့ကြရတာပါဘယ်အာဏာရှင်ကမှ နိုင်ငံသားတွေမှာ လွတ်လပ်စွာ အခွင့်အရေးတွေရှိတယ်ဆိုတာကို ညဖက်မှာ အရပ်ထဲ လော်စပီကာနဲ့ အော်ပြီး အသိပေးမှာ
မဟုတ်ပါဘူး ကျနော်တို့ပြည်သူတွေက ကိုယ့်ရဲ့အခွင့်အရေးတွေကို ကိုယ်ရအောင် ဘယ်အဘကြိုက်ကြိုက် မကြိုက်ကြိုက် ရအောင်လုပ်ယူရမှာပါ။

ဒီအခွင့်အရေးတွေကို ရအောင်လုပ်ဖို့ဆိုရင် တာဝန်ယူမှုတွေလိုပါတယ် ။ အခု ဒီကိုရောက်လာတာ
ဟာ ဒီရပိုင်ခွင့်တွေကို သိဖို့ သိအောင်လုပ်ဖို့တာဝန်ယူပြီးလာကြတာပါဘဲ ၊ ဒီလို ပြည်သူတွေ
စုစည်းလာဖို့ ဆော်သြသူတွေ အခမ်းအနားကျင်းပပေးသူတွေ သတင်းစကားဖြန့်ဝေသူတွေအား
လုံးဟာ ကိုယ့်တာဝန်ကိုယ်ယူကြတာပါဘဲ ဒီအခွင့်အရေးတွေကို ရဖို့ ကျနော်တို့လက်ချင်းကျစ်ကျစ် ပါအောင်ဆုပ်လို့တိုက်ပွဲဝင်ရမှာပါလက်နက်တွေဟာ ပြည်သူကို ချိမ်းခြောက်လို့ဘဲရပါတယ်။

 ပြည်သူတွေ ရဲ့ နှလုံးသားကို မသိမ်းပိုက်နိုင်ပါဘူးအခုကျနော်တို့ကို ဘယ်သူက အုပ်ချုပ်လဲ အထွေထွေအုပ်ချုပ်ရေး က အဲဒီလူတွေကို ဘယ်သူ ခန့်ထားလဲ မိုးကျရွှေကိုယ်တွေက ၊ ဒါဟာ အခွင့်ထူးခံတာမဟုတ်ဘူးလားပြုပြင်ပြောင်းလဲမှုတွေလိုလားတဲ့ဝန်ထမ်းတွေထဲမှာလည်း ဒါတွေကို ပြောင်းလဲဖို့လိုပါတယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း တိုင်းရင်းသားတွေရဲ့တန်းတူညီမျှမှုကို
လည်း လုပ်ဆောင်ဖို့လိုပါတယ် ဒါဟာ တစ်ပြိုင်တည်းလုပ်ရမဲ့ အလုပ်ပါ ချန်ထားခဲ့လို့မရပါဘူး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်ရာမှာ အဲဒီနှစ်ခုလုံးတစ်ပြိုင်တည်းဖြစ်အောင်မလုပ်ရင် မငြိမ်းချမ်းမှုတွေကို အကြောင်းပြပြိး အာဏာရှင်စနစ်ကို အသက်သွင်းနေကြဦးမှာပါ ၊ တိုင်းရင်းသားတွေကလည်း ဒါကို သဘောတူပြီးသားပါ ၊ ပါဝင်ကူညီအားဖြည့်ဖို့လည်း ကတိက၀တ်တွေပြုကြပြီးသားပါ။

ကချင်ပြည်နယ်မှာ သေနတ်သံတွေမတိတ်သေးပါဘူး ၊ ရှမ်းပြည်နယ်မှာ ပေါက်ကွဲသံတွေ
မတိတ်သေးပါဘူး ၊ ကလေးငယ်တွေ ကျောင်းမတက်နိုင်ကြသေးပါဘူး ၊ နေရာတိုင်းမှာ
အဲဒီလို ဖြစ်နေတဲ့ ပြည်ထောင်စု တစ်ခုလုံး ကို မြင်အောင်ကြည့်ပါ ၊ ဒဏ်ရာ ဒဏ်ချက်တွေကို
ကုစားဖို့ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ကို ပြင်ရမှာပါ ကျောင်းသား
 တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း လက်နှစ်ဖက်ပြတ်သွားလို့ တပ်ကနေ အနားယူခွင့်
ပေးခဲ့တဲ့ ရဲဘော်တစ်ယောက်နဲ့တွေ့တဲ့အခါ သူက ကျနော့်မှာ လက်ဆွဲနှုတ်ဆက်စရာ လက်နှစ်လုံးမရှိတော့ပါဘူး ဒါပေမဲ့ ကျနော့တိုင်းပြည်အတွက် ကျနော် ဘာလုပ်ပေးနိုင်ဦးမလဲတဲ့
ဗျာ အခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူတွေ ပါဝင် လက်မှတ်ရေးထိုးပြီး ဆန္ဒဖော်ထုတ်ဖို့လုပ်နေပါပြီ ရဲဘော်ကြီးရေ ခင်ဗျား ဘာလုပ်မလဲဆိုတာ ခင်ဗျားသိမှာပါ လို့
ကျနော်က ပြောတော့ သူက ကျနော့မှာ လက်မှတ်ရေးထိုးဖို့ လက်နှစ်ဖက် မရှိတော့ပေမဲ့
 ဘော့ပင်ကို ပါးစပ်နဲ့ကိုက်ပြီး ကျနော်လက်မှတ်ထိုးပါမယ် .. လို့ပြောခဲ့တယ်
အဲဒီရဲဘော်လို စိတ်ဓတ်နဲ့ ကျနော်တို့နိုင်ငံအတွက် ကျနော်တို့ရဲ့နောင်လာနောင်သားတွေ
အတွက် လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ကြပါလို့ ပြောကြားချင်ပါတယ်။

ဦးမင်းကိုနိုင် (ဟင်္သာမြို့ လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)