Tuesday, May 27, 2014

မကောင်းတဲ့ စနစ်ဆိုးတွေ ဖယ်ရှားပြီး ကောင်းတဲ့စနစ်တွေ အစားထိုး ကျင့်သုံးကြ

၂၀၁၄-၅-၂၇
ပုဂံဘုရားပုထိုးစေတီများကို ကြည့်စမ်း၊ အလွန်စနစ်ကျတယ်၊ အုတ်တချပ်နဲ့ တချပ်ကြားအပ်ထိုးမ၀င်
နှိင်လောက်အောင် စနစ်တကျ တည်ဆောက်ထားတယ်၊ ဒါပေမယ့် ငလျင်ဒဏ်ကို မခံနိုင်ဘူး၊ ပြိုကျပျက်စီးရတယ်၊ ဒီလိုပဲ မင်းတို့ မဆလပါတီ ဘယ်လိုပဲ ခိုင်ခံအောင် တည်ဆောက်ထားတယ် ဆိုပေမယ့် ပြည်သူတွေရဲ့ ဒေါသဆိုတဲ့ ငလျင်ဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး၊ အချိန်မီ ပြုပြင်ကြပါ။

မကောင်းတဲ့ စနစ်ဆိုးတွေ ဖယ်ရှားပြီ ကောင်းတဲ့စနစ်သစ်တွေ အစားထိုး ပြုပြင်ကြပါ။
ကျင့်သုံးကြပါ၊ ဒီနေရာ မြတ်ဗုဒ္ဓကို အတုယူဖို့ လိုတယ်၊ မြတ်စွာဘုရားလည်း ဒုက္ကရစရိယာကို
(၆)နှစ် ကျင့်ခဲ့တာပဲ၊ ဒီအကျင့်မှာ အတ္ထကိလမထ အကျင့်ဖြစ်တယ်၊ ငါ တကယ်လိုလား မြတ်နိုးတဲ့ သံသရာမှ လွတ်မြောက်ကြောင်း ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်ကြောင်း မဟုတ်ဖူးလို့ သိသည်နဲ့တပြိုင်နက် မမှန်ကန်တဲ့ လမ်းစဉ်ကို စွန့်ပစ်ခဲ့တယ်။

ဂုဏပူဇာမော်ကွန်း
==============
ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့