Thursday, April 3, 2014

DKBAနှင့် လိုက်ပါသော သမီးလေးကျေးရွာဒေသခံကားများ အစိုးရမှတားဆီး

၂၀၁၄-၄-၃
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သောတံတားတွင် DKBAနှင့် လိုက်ပါသော သမီးလေးကျေးရွာဒေသခံများ ကားများကို တားဆီးထားကြောင်း မန္တလေးစီးပွားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောဝင်းဇော်က ပြောကြားသည်။

"နာရီဝက်ကျော်ပြီ ဗိုလ်မှူးစောစန်းအောင်နဲ့ ညှိုနှိုင်းနေတာ၊ ကားတွေရပ်ထားရတယ်၊ ဆက်သွားလို့မရသေးဘူး"ဟု ၎င်းကဆိုသည်။

ဒူးရင်းဆိပ်တံတားတွင် စစ်သား ၁၀၀၀၊ရဲ ၅၀၀ လက်နက်အင်အားအပြည့်အစုံဖြင့် ရှေ့ဆက်မသွားရန် တားဆီးနေသည်။

" ကျွန်တော်တို့ဘက်မှ လက်နက်လဲမပါပါဘူး၊ အဲလိုမျိုးတွေဖြစ်မှာဆိုးလို့ ဘာမှမယူခဲ့တာ" ဟု
 DKBAမှ တပ်သားတစ်ဦးက ဆိုသည်။

သမီးလေးကျေးရွာဒေသခံများကို မြ၀တီမြို့နယ် ဆုံစည်းမြိုင်ကျေးရွာသို့ ခေါ်ဆောင်သွားရန် ဒေသခံများကိုတင်ဆောင်လာ ကား၅စီးကို ဖြတ်သန်းခွင့်မပြုဘဲ တားဆီးစစ်ဆေးနေကြောင်း၊ အဆိုပါ ကားများပေါ်တွင် သမီးလေးကျေးရွာဒေသခံ ၂၀၀နီးပါး ပါဝင်သည်။

Credit to မဂျမ်းဘုံ