Friday, April 18, 2014

မတရားဖိနှိပ့်အုပ်ချုပ်သည့် အစိုးရ အလိုမရှိ ဆန္ဒပြတောင်းဆိုမည်

၂၀၁၄-၄-၁၈
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် အစိုးရနှင့် တပ်မတော်မှ ပြည်သူလူထုအား
မတရားဖိနှိပ့်လာခြင်းအား ဆန့် ကျင်သောအားဖြင့် ပြည်သူတရပ်လုံးမှ အစိုးရ၏ ပုဒ်မ ၁၈ ဖြင့်ဖမ်း
ဆီးခြင်း၊ ဦးသန်းရွှေ၏ သမီးများမှ လယ်ယာမြေများမတရား သိမ်းခြင်း၊ဘုန်တော်ကြီးကျောင်းများ မတရားသိမ်းဆီးခြင်း၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနေရ
ခြင်းတို့ နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နေချိန်တွင် ကချင်ပြည် မံစီမြို့ နယ်တွင် အစိုးရတပ်
နှင့် KIA တပ်တို့  စစ်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခတွေ့ နေရပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တိုင်းပြည်မငြိမ်မသက် ဖြစ်နေရခြင်းသည် အစိုးရ၏ စီမံအုပ်ချုပ်မှု ညံဖျင်းသောကြောင့်ဖြစ်သည်။ ပြည်သူများက ဖိနှိပ့်အုပ်ချုပ်သည့် ဦးသိန်းစိန်အစိုးရ ဖြုတ်ချရေး တောင်းဆိုဆန္ဒပြမှုများ ပြည်နယ်အသီးသီးတွင် စတင် လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

မြသိန်း