၂၀၁၄-၄-၆
ပြည်သူတွေ အားကိုးရာမဲ့ဖြစ်နေကြတာဟာ အရင်းစစ်တော့ အမြစ်ကပေါ်ဆိုသလိုပဲ အာဏာရှင်
စနစ်ဆိုးရဲ့ ဒဏ်ကို ပြည်သူတွေခံနေကြရပါတယ်။တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ပြည်သူတွေဟာ အစိုးရဆိုးတွေရဲ့  ဖိနှိပ်မှုကိုခံနေရပြီး ဥပဒေမဲ့အုပ်ချုပ်ခဲ့တဲ့အတွက် ပြဿနာပေါင်းစုံနဲ့  တိုင်းပြည် ဟာအိုးနင်းခွက်နင်း ဖြစ်နေရပါတယ်။ ၂၀၀၈ အခြေခံဥပဒေကလည်း အာဏာရှင်လိုရာစိတ်ကြိုက်
ရေးဆွဲခဲ့ပြီး ပြုရပြင်ရခက်နေပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ တိုင်းပြည်ငြိမ်းချမ်းစွာပြန်လည်ထူထောင်ရေးအတွက် ပြဿနာတွေကို
အဖြေရှာကြဖို့  တွေ့ ဆုံဆွေးနွေးရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်တွင်းငြိမ်းချမ်းရေးကို
ဦးမတည်တာတွေ့ ရပြီး။ ပြဿနာကြီးထွားလာစေမဲ့ မျိုးစောင့်ဥပဒေကို ဆောင်ရွက်နေပြီး ဒီမိုကရေစီနိုင်ငံထူထောင်ရေးမှာအရေးပါသော ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူအတွက် အကျိုးမရှိ
သော အခြေခံဥပဒေ ဖြစ်နေတာတွေ့ ရ၍ သမ္မတရဲ့ ညွန်ကြားချက်နဲ့  အခြေခံဥပဒေ လေ့လာပြင်ဆင် ရေးကော်မတီကို ဖွဲ့ စည်းထားပြီး ၉၀ %ကျော် ပြည်သူအများစုက ပြင်ဆင်ဖို့  မိမိတို့ ၏ဆန္ဒပြုထား
ပါတယ်။တခါ ပြည်သူ ၉၀% ကလည်း အခြေခံဥပဒေပြင်ဆင်ဖို့  မိမိဆို့ ၏ ဆန္ဒကိုမြို့ နယ်အသီးသီးမှာ ဖော်ထုတ်တောင်းဆိုနေကြပါတယ်။အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိကကျသော်လည်း အစိုးရဟာ မပြင်ဆင်ချင်တဲ့အတွက် နည်းအမျိုးမျိုးနဲ့  လည့်ပါတ်နေပြီး ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ဖန်တည်းလာပြန်တယ်။
ကာကွယ်ရေးဝန်ကြီးချုပ် မင်းအောင်လှိုင်ကလည်း ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်
ရမယ်လို့ ဆိုထားပြီး အခြေခံဥပဒေပြင်ဆင်ချင်ရင် ၇၅ %ကျော်ရဲ့  မဲဆန္ဒနဲ့ မှ ပြင်ဆင်ရမယ်လို့ 
ပြဌာန်းထားတော့ ဘယ်နည်းနဲ့ ပြင်ပြင် တပ်မတော်ကိုယ်စားလှယ် တစ်ဦးထက်မနဲ ထောက်ခံမှ
ပြင်ဆင်လို့ ရမယ်ဆိုတော့ အခြေခံဥပဒေကို တပ်မတော်က ဓါးမြတိုက်ထားပြီး အခြေခံဥပဒေဟာ
တိုင်းပြည်အတွက်မဖြစ်ပဲ တပ်မတော်ရဲ့  အာဏာရှင်လူတစ်စုအတွက် ဖြစ်နေပါတယ်။
ထို့ ကြောင့် နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမဲ့အခြခံဥပဒေဖြစ်ချင်ရင် ပြည်သူ့ ဆန္ဒကိုလေးစားရမှာ
ဖြစ်ပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ပြည်သူတွေက တောင်းဆိုနေတဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ ဆုံဆွေးနွေးအဖြေရှာရမယ်။ပြည်တွင်းငြိမ်းချမ်းရေး
အတွက် ဖက်ဒရယ်မူနှင့်ကိုက်ညီတဲ့ အခြေခံဥပဒေကိုပြင်ဆင်ပေးရမှာဖြစ်တယ်။အပြစ်အခတ်ရပ်ဆဲ
ဖို့ ညှီနှိုင်းရုံနဲ့  စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မရနိုင်ပါဘူး။ဖက်ဒရယ်အခြေခံဥပဒေကို အကောင်အထည်
ဖော်ဖို့ လိုအပ်ပါတယ်။တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်
လူ့ အခွင့်အရေး၊ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အ၀ရရှိဖို့ လိုအပ်နေပါတယ်။
ယနေ့ပြည်သူတွေရဲ့  အခက်အခဲအမျိုးမျိုးကို ဆန္ဒထုတ်ဖေါ်နေကြတယ်။ ပြည်သူတွေရဲ့ တောင်းဆို မှုတွေကို ယခုအချိန်မှာ တာဝန်ရှိသူအစိုးရမှ လျစ်လှူ့ ရှု့ ထားပြီး ဒီမိုကရေစီအဖွဲ့ အစည်းတွေက ကူညီဆောင်ရွက်ပေးနေရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို အားကိုးအားထား ပြုလာနေကြပြီး လူထုခေါင်းဆောင်ရဲ့  အိမ်ရှေ့ မှာ ပြည်သူတွေက မိမိတို့ ရဲ့ 
အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့  လိုလားနေကြပါတယ်။အစိုးရကို အားကိုးလို့ မရတော့
လူထုခေါင်းဆောင်ကိုပဲအားကိုးရတာပေါ့ ဒါတော့မှန်ပါတယ်။သို့ သော်လည်း လူထုခေါင်းဆောင်
ဟာ လက်ရှိအချိန်မှာ တိုင်းပြည်ကိုအုပ်ချုပ်နေသူ အာဏာရပါတီ မဖြစ်သေးပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးချင်သော်လည်း အခက်အခဲရှိနေပါတယ်။
လူထုခေါင်းဆောင်ကို လုပ်ပိုင်ခွင့်ပေးအပ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် အားကိုးရင် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရအောင် သမ္မတဖြစ်အောင် ထောက်ခံအားပေးဖို့ လိုသလို ပြည်သူတွေကို ဖိနှိပ့်အုပ်ချုပ်တဲ့ အာဏာရှင်အစိုးရကိုလည်း အရင်ဆုံး ဖြုတ်ချဖြစ်ဖို့  လိုအပ်ပါ
တယ်။အာဏာရှင်ပြုတ်ကျသွားမှ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေး
ဥပဒေစိုးမိုးရေးကိုရရှိမှာဖြစ်၍ ပြည်သူအားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီး ရွေးကောက်ပွဲတွေ
မှာ မိမိတို့ ရရှိမဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို ထိထိမိမိအသုံးချပြီး မိမိတို့ လိုချင်တဲ့ စစ်မှန်တဲ့
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်မဲ့ အရပ်သားအစိုးရတရပ်ကို ရွေးချယ်ကာ
ပြည်သူ့ ပါတီ NLD ကို ၀ိုင်းရန် ထောက်ခံကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
မြသိန်း