Sunday, April 6, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပုသိမ်မြို့ ပြည်သူလူထု၏ ဒုတိယအကြိမ်မြောက် ပြည်သူ့ဆန္ဒဖေါ်ထုတ်ပွဲ

၂၀၁၄-၄-၆
''၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုနှင့်တပ်မတော် အကြားသွေးခွဲသပ်လျိုထား
ပြီး အာဏာရှင်စနစ်တည်မြဲရေးကို ဦးတည်စေသော ဖွဲ့စည်းပုံအခြေခံဥပဒေသာဖြစ်ပါသည်။
သို့ဖြစ်ပေရာ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတည်းဟူသော တာဝန်တစ်ခု
ထဲကိုသာ မြင့်မြတ်စွာထမ်းဆောင်ခြင်းအားဖြင့်သာ ပြည်သူချစ်သောပြည်သူ့တပ်မတော်ကြီး
အဖြစ် ရပ်တည်နိုင်ရန်၎င်း အမျိုးသားချင်းပြန်လည်သင့်မြတ်ရေးမူကို အခြေခံ၍ စစ်မှန်သော
ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်၎င်း အနာဂတ်မြန်မာနိုင်ငံတော်တွင်
စစ်မှန်သောဒီမိုကရေစီ နှင့် အခြေခံလူ့အခွင့်အရေးများကိုအပြည့်အဝ အာမခံချက်ပေးနိုင်သော
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်ရေးအတွက်၎င်း ကျွနုပ်တို့ ပုသိမ်မြို့ပြည်သူ
လူထုအပေါင်းမှ''ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒဖေါ်ထုတ်ပွဲာကြီးကို ဒုတိယအကြိမ်
မြောက်အဖြစ် ပြုလုပ်ခြင်းဖြစ်ပါသည်''
photo = မိုးစည်ဲ