Monday, April 21, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးဝင်းတင် ကွယ်လွန်


ဦးဝင်းတင်
အမည်   ဦးဝင်းတင်
အဖအမည်  ဦးပု
အမိအမည်  ဒေါ်အမာ
မွေးသက္ကရာဇ်  ၁၉၃ဝ ပြည့် မတ်လ ၁၂ ရက်
ဇာတိ   ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင်မွေးဖွားသည်။ ပညာအရည်အချင်း ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင်နှင့် နိုင်ငံရေးသိပ္ပံဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့
ရခဲ့သည်။

စာနယ်ဇင်းနောက်ခံသမိုင်း ၁၉၄၃ ခုနှစ်တွင် အကျိုးဆောင်ဂျာနယ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့၍
၁၉၅၃ ခုနှစ်တွင် RFA  နိုင်ငံခြားသတင်းဌာနတွင် ည အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာအဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့
သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန်(ဟော်လန်)နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန်  (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း အဘက်မှလည်း မြနမာဘာသာပြန် စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ တဖက်တွင် စာသင်နေရင်း မြန်မာ နိုင်ငံ သတင်းများ စုစည်းဖော်ပြသည့်
 ဒို့ပြည်သတင်း သတင်းစာ စောင်ရေ (၅ဝဝ) ခန့် ထုတ်ဝေ၍ ကမ္ဘာတဝှမ်းရှိ ပြည်ပရောက်မြန်မာများ
ထံ စာတိုက်မှအခမဲ့ပေးပို့ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာနိုင်ငံပြန်လာသည့်အချိန်အထိ လုပ်ဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ်ကြေးမုံသတင်းစာ စတင်ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရသည့်အချိန်နောက်
ပိုင်း၁၉၆၉ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ၌ အယ်ဒီတာချုပ် ဖြစ်ခဲ့
သည်။ ထိုကာလအတွင်း အနောက်ဥရောပနှင့် အရှေ့အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာဆရာ တယောက်အဖြစ် လေ့လာရေးခရီးသွားရောက်ခဲ့သည်။ မြန်မာစာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ စနေစာပေဝိုင်းကို ဦးဆောင်ကျင်းပခဲ့သူ  တဦးလည်းဖြစ်သည်။ ၁၉၇၈ ခုနှစ်၌ မဆလ တပါတီအစိုးရက ဟံသာဝတီသတင်းစာကိုပိတ်ပစ်လိုက်ပြီးနောက် ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။ စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့်ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန်အကဲဖြတ်ချက်များကို (ပေါ်သစ်) အမည်ဖြင့် ရေးသားခဲ့ သည်။ ကွိ ၊ ဥတ္တရအလင်း၊ စသည့် ဘာသာပြန်စာအုပ်များကိုလည်း ရေးသားခဲ့သည်။ ကမ္ဘာနီတွင်တဒင်္ဂ အမည်ရှိခရီးသွားမှတ်တမ်း
စာပေကို ရေးသားခဲ့သည်။

                                      နိုင်ငံရေးနောက်ခံ
ရှစ်လေးလုံးအရေးတော်ပုံအတွင်း အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုးထုတ်ပြန်
ခဲ့သည့် ကြေညာချက် ထွက်ပေါ်လာရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒုဥက္က္တအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ သည်။ ကျောင်းသားသမဂ္ဂမှ ရှစ်စောင်
တိတိ ထုတ်ဝေခဲ့သည့် ëသမဂ္ဂí သတင်းစာတွင် အင်တိုက်အားတိုက် ပါဝင် ရေးသားခဲ့သည်။ ဆန္ဒဖော်
သံ သတင်းစာကို ၃ဝ၊ ၈၊ ၈၈ တွင် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီး
နောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အခါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နှုတ်ထွက်ခဲ့ပြီးနောက် ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။  နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာရေးသားထုတ်ဖော်စည်း
ရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန်ရည်ရွယ်၍ စစ်အစိုးရ၏ ပြည်ထဲရေး နှင့်သာသနာရေးဝန်ကြီးဌာနမှ
 ၆၊ ၆၊ ၈၉ နေ့တွင် ကြေညာချက် အမှတ် ၃၈ ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှ
ဦးဆောင်၍ နိုင်ငံရေးပါတီများမှ ထိုအမိန့်ကိုဆန့်ကျင်ရာ၌ သုံးစွဲခဲ့သည့် အများပြည်သူ သဘော
မတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ၊ ဟူသောဆောင်ပုဒ်ကို ရေးသားခဲ့သည်။

                                             ဖမ်းဆီးထောင်ချခံရခြင်း 
၁၉၈၈ ခုနှစ် အောက်တိုဘာလ တွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံတဦး၏ ဖခင်ထံ တယ်လီဖုန်းဆက် စကား ပြောဆိုမှုဟု အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည်။ လွတ်ရက်စေ့ကာနီး
 ၁၉၉၂ နှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူ အုံºကွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့သည်ဟု အကြောင်းပြချက်ဖြင့် ထောင်ဒဏ်
၁၁ နှစ် ထပ်မံ ချမှတ်ခံရသည်။

                                              ထောင်တွင်းဖြတ်သန်းမှု
 ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ ၄ ရက်နေ့ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်းထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ်ဖြတ်တောက်ထား
ခဲ့သည်။

 ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူးတိုက်မှ အမှတ် ၃ တိုက်သို့ ပြောင်းရွှေ့ထားခဲ့
သည်။

 အကျဉ်းထောင်တွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲများတွင် အကြံဉာဏ်
များပေးခဲ့သည်။  ထောင်တွင်းလွတ်လပ်မှုကို တိုက်ပွဲဝင်ရင်း အပတ်စဉ် မှတ်တမ်းလွှာတခုကို
တိုက်အတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ် တွင် Su-Slorc Dialogue Policy ကို ရေးသားထုတ်ဝေခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ပေးရန်၊ အမျိုးသားညီလာခံ ကို ဖျက်သိမ်းပေးရန်၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် သဘောထားစာတမ်းကို ရေးသားခဲ့သည်။ ထိုနောက် သုံးပွင့်ဆိုင်
ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နဝတ၊ လူမျိုးစုခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှ
သာလျှင်  မြန်မာနိုင်ငံ၏ အလုံးစုံသော ပြဿနာများ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ထို့ကြောင့် နိုင်ငံရေးပေါ်လစီတရပ်ချမှတ် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့ပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင် မတွေ့ရသဖြင့်  Appeal to the World  ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှုမရှိ၍ ကမ္ဘာကြီးမှ စစ်အာဏာရှင်တို့အား ပိတ်ဆို့အရေးယူပေးပါရန် တောင်းဆိုခဲ့ သည်။ ရက်ပိုင်းအတွင်း  Appeal to
the Public ကမ္ဘာ့ ပြည်သူများသို့ ပန်ကြားချက် တစောင်ကို ရေးသားထုတ်ဝေ ခဲ့သည်။ ထိုပန်ကြားချက်တွင် စစ်အာဏာရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည်လှည့်ဖြားနေသည့် အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမျိုးသားညီလာခံမှ နှုတ်ထွက်သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ အင်အားစုများက လက်မှတ်ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ခဲ့သည်။ လောလောဆယ် အရေးအကြီးဆုံး အလုပ် ၂ ခုကို လုပ်ရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။ တခုမှာ ပါတီပြုပြင်ရေး
 (Party Refom ) နှင့် ညီလာခံ ပြုပြင်ပြောင်းလဲရေး (NC Reform) တို့ ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် အဖွဲ့အစည်းအသီးသီးပါသော ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများ၊
 ထောင်တွင်း ဖိနှိပ်ညဉ်းပန်း မှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေ တို့ပါဝင်သော ၈၃ မျက်နှာပါစာတမ်းကို ကုလသမဂ္ဂ အထွေထွေအတွင်းမှုချုပ်ထံလိပ်မူ၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယိုဇိုယိုကိုတာထံသို့ လျှို့ဝှက် စာရေးသား ပေးပို့ခဲ့မှု ကြောင့် ၁၉၉၆ ခုနှစ် မတ်လ
 ၂၈ ရက်နေ့တွင် ထောင်ဒဏ် ရ နှစ် ချမှတ်ခံရပြန်သည်။  ဦးဝင်းတင်သည် ထောင်တွင်းတွင် (ထ) လေးလုံးပေါ်လစီကိုလည်း ချမှတ်လမ်းညွှန်မှုပေးခဲ့ပေသည်။ ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊
 ထိုင်မနေနဲ့၊ ထိတွေ့ရမယ် ဆိုသည့် ပေါ်လစီပင်ဖြစ်သည်။ ဦးဝင်းတင် အကျဉ်းထောင်ကျနေစဉ်
အတွင် ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း
လွတ်လပ်ခွင့်ဆု  (UNESCO/ Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်းခံရ
သည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့ သတင်းစာများအသင်းကြီး  (World Association of Newpapers,WAN)
 မှ ချီးမြှင့်သည့် လွတ်လပ်မှုရွှေကလောင်ဆု  (Golden Pen of Freedom Award ) အား သာယာဝတီစမ်းစမ်းနွဲ့နှင့်အတူ ရရှိခဲ့သည်။

                                                 ကျန်းမာရေးအခြေအနေ
 အသက်အရွယ်ကြီးရင့်မှု၊ ထောင်တွင်း အကျဉ်းခံကာလကြာမြင့်လာမှုတို့ကြောင့်  ကျန်းမာရေးမှာ အဖက်ဖက်မှ ချွတ်ယွင်း လျှက်ရှိသည်။ အထူးသဖြင့် လည်ပင်းကျီးပေါင်း တက်ရောဂါ၊ အူကျရောဂါ၊ သွေးတိုးရောဂါ၊ ဆီးကျိတ်ရောင်ရောဂါ၊ သွားကိုက်ရောဂါ တို့ကို ခံစားနေရသည်။ သို့သော်လည်း စိတ်ဓါတ်ရေးအရ ကြံခိုင်နေဆဲဖြစ်ကြောင်း သိရသည်။

 ၂ဝဝ၄ ခုနှစ်မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့ သတင်း သမဂ္ဂမှ ဥဒါန်း မဂ္ဂဇင်းကို
ထုတ်ဝေ ခဲ့သည်။ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ် နိုင်ငံတွင် လမ်းတလမ်းအား
 "ဝင်းတင် လမ်း" ဟု အမည် ပေးထားသည်။

၁၉၉၆ ခုနှစ်၊ အင်းစိန်ထောင် စစ်ခွေးတိုက် အတွင်း ချုပ်နှောင် ခံနေရစဉ် ဘဝတူ နိုင်ငံရေး အကျဉ်း
သား များကို ဦးဝင်းတင်က သူ့ ခံယူချက်နှင့် ပတ်သက်ပြီး "မြန်မာပြည်မှာ နိုင်ငံရေး လုပ်တော့မယ် ဆိုကတည်းက စစ်အာဏာရှင် တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျနော်တို့ ကြိုတင် တွက်ဆ ထားရ
မယ်။ အာဏာရှင်ကို ပလ္လပေါ်က ဆွဲချတဲ့ အခါ အဆင် မသင့်ရင် အသက်တောင် ပေးချင် ပေးရလိမ့်
မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။

ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန် မကျေရင် နောက်လာမယ့် မျိုးဆက် တွေကကျနော်တို့
ကို အပြစ် တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက် လာမယ့် လူငယ် မျိုးဆက်ကို လွတ်လပ်
ရေးနဲ့ တရား မျှတမှု အတွက် ဘယ်လမ်းကို လျှောက်ရမယ် ဆိုတာ လောက်တော့ စံနမူနာ ပြနိုင်ရ
မယ်။ ကျနော်တို့ ကိုယ်တိုင် အလံ မလှဲစတမ်း စွန့်လွှတ် စွန့်စား ပြနိုင်မှ နောက် လူငယ် မျိုးဆက် ကလည်း ဒီအလံကို ဆက်လက် စွဲကိုင် ချီတက် ကြမှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်က လှန်နိုင်ဖို့ ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲ
ဆုပ်ကိုင် ထားကြဖို့ လိုပါတယ်" ဟု ပြောကြား ခဲ့သည်။

ဦးဝင်းတင်နှင့် ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက အကျဉ်းထောင် အတွင်း တွေ့ဆုံခွင့် ရခဲ့သူ
 မြန်မာ နိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အထူး လေ့လာ စောင့်ကြည့်သူ ကုလ သမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးက "ဦးဝင်းတင် ကဲ့သို့ တိုင်းပြည်၏ နား မျက်စိ ဖြစ်သော သတင်းစာ ဆရာကြီး တဦးကို ဆယ်စုနှစ် တခုခွဲ ကြာသည် အထိ စစ်အာဏာပိုင် တို့က အငြိုး တကြီး ထောင်
သွင်း ချုပ်နှောင် ထားသည်ကို သူ့ အနေဖြင့် နားမလည် နိုင်အောင် ဖြစ်ရကြောင်း၊ ဦးဝင်းတင်
 တဦးတည်း တိုက်ပိတ် ခံထားရ သဖြင့် သူ့ မှတ်ဉာဏ်များ ချွတ်ယွင်း မသွား စေရန် သမံ
တလင်းနှင့် နံရံ များပေါ်တွင် စာများ ရေးလိုက် ဖတ်လိုက် လုပ်နေရ ပုံကို တွေ့ရှိ ခဲ့ရ၍ သူ လွန်စွာ
စိတ် ထိခိုက် ခဲ့ရသည်" ဟု ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်း ဖမ်းဆီး ထားသော အကျဉ်းသား
 များကို ပြန်လည် လွှတ်ပေးစဉ်က ဦးဝင်းတင်လည်း ပြန်လည် လွတ်မြောက် လာနိုးဖြင့် သူ့ကို
 လေးစား ချစ်ခင် သူများက မျှော်လင့် ခဲ့သည်။ ဒီအကြောင်းနှင့် ပတ်သက်ပြီး စာပေ အသိုင်းအဝိုင်းနှင့် လူထုက လေးစား ချစ်ခင်သည့် သတင်းစာ ဆရာမကြီး လည်းဖြစ်၊ စာရေး ဆရာမကြီး လည်းဖြစ်တဲ့
လူထု ဒေါ်အမာ ပြောပြ ခဲ့သည်မှာ၊"အမေ ကလေ ကိုဝင်းတင်လဲ လွတ်လာတယ် ကြားတော့
ဝမ်းသာပြီး မျှော်နေတာပေါ့။

နောက်တော့ မပါဘူး ဆိုတော့လဲ အရင် ကတည်းက တွက်ထား ပြီးသားပဲလို့ အောက်မေ့ပြီး
နေလိုက် တာပါပဲ။ နောက်တာ့ ဒုဝန်ကြီး ကိုယ်တိုင်က လွှတ်ပေးမယ့် လူတွေရဲ့ စာရင်း ထဲမှာ
 ဦးဝင်းတင် ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေ မိတာ ပေါ့ကွယ်။ ဟုတ်တယ် မို့လား။
 ဒုဝန်ကြီး ကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံး ကျတော့လည်း လွတ် မလာဘူး။ အမေ့ စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလိုလဲ မကောင်း အိပ်လိုလဲ မကောင်းနဲ့ အတော် နေမကောင်း ဖြစ်သွား ရတယ်။"၂ဝဝ၇ မတ်လ ၁၂ ရက်က အသက် (၇၇) နှစ် ပြည့်မြောက်သည့် ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေး ခံယူချက်များ မပြောင်းလဲ သေးကြောင်း သူ့အား ထောင်ဝင်
 သွားတွေ့သူ ဦးမောင်မောင်ခင် ကတဆင့် "သူဟာ ၁၂ ရက်နေ့ ဆိုရင် (၇၇) နှစ် ပြည့်ပြီတဲ့၊ အဲဒီ
(၇၇) နှစ် ပြည့်တဲ့ အချိန်မှာ ငါ့ သဘောထားကို ပြောပြ ချင်တယ် ကွာတဲ့၊ လူတွေ ကလည်း သိချင်မှာ ပေါ့တဲ့၊ အဲဒါ ဘာလဲ ဆိုတော့ သူဟာ တလျှောက်လုံး သူရပ်တည် ခဲ့တဲ့ သဘောထား ကနေပြီး ရွေ့
မသွား ပါဘူး၊ ဒီအတိုင်း ပါပဲတဲ့။ အဲဒါကတော့ သုံးခု ပေါ့ဗျာ၊ တခု ကတော့ ဒေါ်အောင်ဆန်းစုကြည်
နဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရေး၊ နှစ်က လွှတ်တော် ခေါ်ပေးရေး၊ သုံးက
 တွေ့ဆုံ ဆွေးနွေးရေး၊ ဒီဟာက လွဲလို့ ငါဘာမှ ကိုင်စွဲ ထားတာ မရှိပါ ဘူးတဲ့၊ ဒီဟာတွေ ကိုင်စွဲ
 ထားတဲ့ အတွက် ငါ့ကို မလွှတ်လည်း အရေး မကြီးပါ ဘူးတဲ့။" ဟု ပြောကြား ခဲ့သည်။
၂၀၀၈ စက်တင်ဘာ ၂၃ တွင် စစ်အာဏာပိုင်များက အကျဉ်းထောင်က လွှတ်ပေးလိုက်သည်။ ဦးဝင်းတင်အဆိုအရ သူ့ကို နေအိမ်သို့ ထောင်အာဏာပိုင်များက အတင်းအကြပ် ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ်ပြန်လည် လွတ်မြောက်ချိန်မှ ၂၀၁၄ ခုနှစ်၊ မတ်လအထိ တိုင်းပြည်၏ဒီမိုကရေစီ
ထွန်းကားရေးနှင့် အာဏာရှင် စံနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး
 အသက်(၈၅)နှစ်ဖြစ်သူ ဘဘ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၁) ရက် နံနက် (၆း၃၀) တွင် ကွယ်လွန်ခဲ့ပါသည်။