၂၀၁၄-၃-၃၁
လျှပ်စစ်မီတာခများတိုးမြှင့် ကောက်ခံမည့် ကိစ္စကို မကျေနပ်တဲ့ အတွက် မန္တလေးမြို့ ပိုက်ကျုံးရပ်၂၆ ဘီလမ်းအနောက်မှအရှေ့ သို့  ဒီနေ့ ညနေ ၆ နာရီခန့် က လူသုံးဦးက ဆန္ဒပြခဲ့ ကြပါတယ်။တရားဝင်ဆန္ဒပြခွင့် တင်ခဲ့ ပေမယ့် ခွင့် ပြုချက်မရတာကြောင့် ခုလို ခွင့် ပြုချက်မဲ့ ဆန္ဒပြရတာဖြစ်
ကြောင်း ဦးဆောင်သူတဦးက ပြောပါတယ်။ဆန္ဒပြသူတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့ ဝင်များကတားဆီးခဲ့
ကြပြီး အခုအချိန်ထိတော့ ဖမ်းဆီးမှုမရှိသေးဘူးလို့ သိရပါတယ်။အခုဆန္ဒပြမှုဟာ မန္တလေးမြို့ မှာ ဒုတိယအကြိမ်ဆန္ဒပြတာဖြစ်ပြီး ပထမအကြိမ်ဆန္ဒပြသူလေးဦးကိုတော့ ရဲက အင်အားသုံးဖမ်းဆီးခဲ့ ပြီးတရားစွဲဆိုခဲ့ ပါတယ်။
(ဓာတ်ပုံ-တေဇလှိုင်/ဧရာဝတီ)