၂၀၁၄-၃-၉
“ မောဟပိတ်ဆို့ ပညာချို့သည့် လူတို့ဥစ္စာ များတုံပါလည်း မဟာသမုတ် ရေအစုတ်သို့ သောက်ထုတ်သုံးချိုး ဘယ်လူမျိုးမှ အကျိုးမရ ဖြစ်တတ်စွ၏”တဲ့။လူ့လောက ပစ္စည်းရှာကြတယ်၊
အဲဒီအ၀ိဇ္ဖာပိတ်ဖုံးနေတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းတွေက ဘာနဲ့တူသလဲဆိုရင် “ မဟာသမုဒ် ရေအစုတ်သို့”တဲ့၊ သမုဒ္ဒရာရေနဲ့ တူသတဲ။ သမုဒ္ဒရာရေဆိုတာ သောက်လို့လဲ မရဘူး၊ ချိုးလို့လဲ မရဘူး၊ သုံးလို့လဲ မရဘူး၊ ဟုတ်လား၊ ပင်လယ်ဆားငံရေဆိုတာ သောက်လို့မရ ချိုးလို့မရ သုံးလို့မရ အလဟဿ ဖြစ်သွားသလိုပဲ
တဲ့၊ အဲဒီ အ၀ိဇ္ဖာပိတ်ဆို့နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပစ္စည်းတွေကတော့ မဟာသမုဒ္ဒရာရေနဲ့တူ တူတယ်တဲ့ ၊ ဘယ်သူ့မှ အကျိုးမပြုဘူးတဲ့။
အဲဒီ မောဟပိတ်ဆို့နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပစ္စည်းတွေလို မဖြစ်နဲ့တဲ့၊ မဟာသမုဒ္ဒရာရေလို မဖြစ်စေနဲ့။
ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်။
ညာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ ဥစ္စာကတော့ ဘာနဲ့တူသလဲဆိုရင် တွင်းထွက်ရေနဲ့တူတယ်တဲ့၊ တွင်းထွက်ရေ နဲနဲလေး ထွက်စေကာမူ အများအတွက် အကျိုးပြုတယ်။
“ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာ၏” ဆိုတဲ့ မဃဒေ၀လင်္ကာအတိုင်း စုဆောင်း
ထားတဲ့ ပစ္စည်းတွေ တွင်းထွက်ရေလို ကိုယ့်အတွက် အများအတွက် အကျိုးပြုဖို့ အဲဒါ အရေးကြီး
တယ်။ဒို့ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေဟာ လူလိမ္မာပညာရှိတို့ရဲ့ ဥစ္စာတွေလို တွင်းထွက်ရေလို အားလုံးအတွက် အကျိုးပြုရမယ်လို့ အဲသလိုစိတ်ထားနဲ့ ပစ္စည်းရှာ။
ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး