Friday, March 28, 2014

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အပြောင်းလဲ တပ်မတော်သားများ ပူးပေါင်းပါဝင်လာ








၂၀၁၄-၃-၂၈
တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့် ခွန်း
ဒီတပ်မတော်ဟာ လူတစ်ဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ် တစ်နိုင်ငံလုံး
တစ်မျိုးသားလုံးအတွက်ဖြစ်တယ်။ဒီတပ်မတော်ဟာ တစ်ဖွဲ့  တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်။တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက်ဖြစ်တယ်။

ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
"တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခု
အတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဌာန်းထားတဲ့မူ မဟုတ်ဘူး၊ ဒါ့ကြောင့်ထောက်ခံဆန္ဒမဲ
ပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ဆန္ဒကို လေးစားရမှာဖြစ်တယ်၊နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ ခက်မသုံးဖြာတို့ကို နည်းလမ်းတကျတိုင်းထွာသုံးစွဲခြင်းနဲ့ ပြန်လှန်ထိန်းကျောင်းခြင်းကို အဟန့်အတားဖြစ်စေမဲ့ကိစ္စတွေ အခြေအနေအချိန်အခါအရ အခြေခံလိုအပ်ချက်များနဲ့ သဟဇာတ မဖြစ်ပါစေ၊ ဖြစ်ပါစေ ပြင်ဆင်ဖို့ လိုအပ်လာရင်လည်း အခန်း ၁၂ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်
ခြင်းအခန်းမှာပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်"
ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော်နေ့ မှာ မိန့် ခွန်း
ပြောကြားခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
"ကျမတို့ တပ်မတော်ကို ပြည်သူလူထုကနေပြီးတော့ ကြည်ညိုတယ်၊ ချစ်ခင်တယ်၊
အားကိုးတဲ့ တပ်မတော်တစ်ခု ဖြစ်စေချင်တယ်၊ တကယ့် အဆင့်မီတဲ့ Professional Army ပေါ့ ဖြစ်စေချင်တယ်၊ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ကိစ္စဟာ ရေရှည်မှာတော့ ဒါနိုင်ငံရေးကိစ္စဖြစ်တယ်၊ နိုင်ငံရေး
အရ ရှေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ပေါ့၊ တပ်မတော်ဆိုတာ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်တယ်"ဟု ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံရဲ့  နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို တပ်မတော်ဟာ နိုင်ငံနဲ့  ပြည်သူ့ ကို ကိုယ်စားပြုတဲ့ တပ်မတော်ဖြစ်ဖို့ လိုအပ်ပါတယ်။တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
က ဗမာ့တပ်မတော်ကို ထူထောင်ခဲ့တာဟာ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက်ဖြစ်တယ်လို့  မိန့်  ကြားထားတဲ့အတွက် တပ်မတော်သားတစ်ရပ်လုံး နိုင်ငံနဲ့ ပြည်သူတို့ ၏ အကျိုးကိုဆောင်ရွက်ကြရ
ပါမယ်။တစ်ချိန်ကတပ်မတော်ဟာ ဗမာ့လွတ်လပ်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ပြီး တိုင်းပြည် အတွင်းကျုးကျော်လာတဲ့ ရန်သူမှန်သမျှကို ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲ ၀င်ခဲ့သောကြောင့်တပ်မတော်
ဟာ တိုင်းပြည်ကာကွယ်ရေးအတွက် အသက်ပေးသွားကြသော တပ်တော်သားများကို ဂုဏ်ပြုကြ
ချစ်ခင်လေးစာကြပြီး ပျိုတိုင်ကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ ရပါတယ်။ ဦးနေ၀င်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်ခဲ့ရချိန်မှစပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး
တော်ပုံကြီးမှ အာဏာထပ်သိမ်းခဲ့ပြီး ပြည်သူတွေကိုဖိနှိပ့်ခဲ့မှုကြောင့် တပ်မတော်ဟာ ပြည်သူ့ ချဉ်ဖတ်အဖြစ်ကို ရောက်ရှိခဲ့ကာ ယနေ့  အချိန်အထိ တပ်မတော်နဲ့  ပြည်သူအကြား
မှာ အမှန်းတရားများဖြစ်ခဲ့ရသည်။

ယနေ့ အချိန်သည် ဒီမိုကရေစီအပြောင်းအလဲကာလ တခုသို့ ရောက်ရှိနေပြီး ခက်ခဲသော လမ်းကိုလျှောက်လှမ်းနေရသည့်ကာလ၀ယ် တပ်မတော်အဖို့ မည်သည့်ဘက်မှ ဘက်မလိုက်ပဲ
တိုင်းပြည်၏ အနာဂတ်နှင့် ပြည်သူ့ အကျိုးအတွက် ရှေ့ ရှု့ ၍ စစ်မှန်တဲ့ ပြည်ထောင်စုဒီမိုကရေစီ
နိုင်ငံတော်ပေါ်ပေါက်လာရေးအတွက် တရားမျှတပြီး လွှတ်လပ်တဲ့ ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီစံနှုန်းများနဲ့  ညီညွတ်တဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုဖြစ်လာရန်ဝိုင်းဝန်းပံ့ပိုးပေးဖို့ 
လိုအပ်လျှက်ရှိပြီး ပြည်သူကလေးစားသော အရပ်သား အစိုးရတရပ်ပေါ်ပေါက်လာစေရန် တရားမျှတစွာဖြင့် ပြည်သူလူထု၏ ဆန္ဒများကိုအလေးထားဆောင်ရွက်သင့်ပေသည်။

ကာကွယ်ရေး ဦးစီချုပ်၏ မိန့် ခွန်းအရ အခြေအနေအချိန်အခါအရ အခြေခံလိုအပ်ချက်များနဲ့
သဟဇာတ မဖြစ်ပါစေ၊ ဖြစ်ပါစေ ပြင်ဆင်ဖို့ လိုအပ်လာရင်လည်း အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်"
ဆိုသည့်ပေးထားတဲ့ ဂတိအတိုင်း အပြောနှင့် အလုပ် ဟန်ချက်ညီညီ အကောင်အထည်ဖေါ်ဆောင်ဖို့ 
လိုအပ်ပါတယ်။

တပ်မတော်သားများသည် ပြည်သူထဲကပြည်သူသာဖြစ်သည့်အတွက် ပြည်သူတွေရဲ့ ခံစားချက်တွေကို သိရှိထားသူအများစုမှာ ပြည်သူဆန္ဒကို အလေးထားလာနေကြပါသည်။စစ်သားအများစုမှာ တိုင်းပြည်
၏ အကျပ်အတည်းဒုက္ဒမျိုးစုံကို ပြည်သူနှင့်အတူခံစားနေရပြီး ပြည်သူများအနေဖြင့်လည်း နားလည် သဘောပေါက်ကြသည်။စစ်မှန်တဲ့ဒီမိုကရေစီကို ပြည်သူ့ ဝန်ထမ်းအများစုက ထောက်ခံလာနေကြပြီး
စနစ်တခုအပြောင်းအလဲကို မိမိတို့ လည်း လိုလားလာကြသည်။၁၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနှင့်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအများစုသည် မိမိတို့ ကံကြမ္မာအပြောင်းအလဲအတွက် ဒီမိုကရေစီအင်အားစုကို ရွေးချယ်ကြမှာ ဧကံမုတ်ချမလွဲပေ။ထို့ ကြောင့် တပ်မတော်သည် အမှန်တရားဘက်မှရပ်တည်၍ တိုင်းပြည်နှင့် ပြည်သူတို့ ၏ အကျိုးကို ရှေ့ ရှု့ ကာ လက်ကမ်းကြိုဆိုရ
မည့် အချိန်ကိုရောက်ရှိနေပြီဖြစ်လေသည်။

ယနေ့ အချိန်အခါသည် ပြည်သူတရပ်လုံးအား ဖိနှိပ့်ချုပ်ချယ်သည့် မတရားသည့်အခြေခံဥပဒေများ
အောက်မှ လွတ်မြောက်ရန် ပြည်သူ့ ဆန္ဒများကို အမြို့ မြို့ အနယ်နယ်တွင် ဖော်ထုတ်နေကြပြီး
 လွတ်လပ်၍ တရားမျှတသော ဥပဒေစိုးမိုးရေးနှင့် စစ်မှန်တဲ့ဒီမိုကရေစီစနစ် ဖေါ်ပေါက်လာရေး
တွေ့ ဆုံဆွေးနွေးရေးတို့ ကို ထိထိရောက်ရောက် ဆောင်ရွက်ကာ စနစ်တစ်ခုအပြောင်းအလဲကို ပြည်သူများစုကလိုလားနေသော အချိန်ကာလဖြစ်လာနေသည်။တိုင်းပြည် ဆင်းရဲမွဲတေ ဖိနှိပ့်မှုများအောက်မှ လွတ်မြောက်စေရန်တပ်မတော်တွင်လည်း တာဝန်ရှိသည်။ရဟန်ရှင်လူ ကျောင်းသားပြည်သူများက စနစ်တစ်ခုအပြောင်းအလဲကို လိုလား၍ဖိအားပေးလာချိန်တွင် တပ်မတော်မှမှန်မှန်ကန်ကန် ဂတိတည်ကြည်စွာဖြင့် တပ်မတော်၏ အခန်းကဏ္ဍ မမှေးမှိန်ရလေ
အောင် အနာဂတ်ကို ဖေါ်ဆောင်ပေးခဲ့လျှင် တပ်မတော်နှင့်ပြည်သူအကြားအမှန်းတရားများ
သိသိသာသာ ပြောင်းလဲလာနိုင်သောအချိန်ကာလ တစ်ခုကျရောက်နေပြီဖြစ်၍ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့်အတိုင်း အပြောင်းအလဲမှ ကမ်းလှမ်းလာသော ပြည်သူ့ လက်များကို ယုံယုံကြည်ကြည်ဖြင့် စိတ်ဝမ်းမကွဲ ဆောင်ရွက်မည်ဆိုပါက တပ်မတော်သည် ပြည်သူကလေးစားအားထားရသော ပြည်သူ့ တပ်မတော်အဖြစ် ပြန်လည်ရပ်တည်လာနိုင်မည် ဖြစ်၍ တပ်မတော်အကြီးအကဲများ၏ ရွေးချယ်ရမည့် လမ်းခွဲတစ်ခုအဖြစ် သမိုင်းတွင်မည့် စစ်မှန်တဲ့
ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်လာနေလေသည်။
မြသိန်း