၂၀၁၄-၃-၁၀
ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ်ဖြစ်တဲ့ လယ်တီဆရာတော်ဘုရားကြီး သတင်းသုံးတော်မူခဲ့တဲ့
သမိုင်းတွင်တဲ့ သိမ်တော်ကို အမျိုးဖျက်သစ္စာဖေါက် လောက်တွေဖြစ်တဲ့ စစ်အာဏာရှင်တွေက
သမိုင်းနဲ့ သာဿနာကို ငွေနဲ့ လဲပြီး တရုတ်ကို ရောင်းခဲ့လို့  ဒေသခံ ပြည်သူတွေ ဒုက္ခမျိုးစုံ
ကြုံတွေ့ နေရပြီး အနာဂတ်မှာ ရှေးဟောင်း ကမ္ဘာ့သမိုင်းဝင်မည့် ဗုဒ္ဓဘာသာ သာဿနာ ထွန်းကား
ခဲ့တဲ့ နေရာတနေရာအဖြစ် နိုင်ငံဂုဏ်ကို ဆောင်နိုင်မည့် နေရာတွေ အဆောက်အဦးတွေကို ဖျက်ဆီး၊
ရောင်းချခံနေရတာဟာ အင်မတန် ရှက်စုတ်ရွံ့ ရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို ယနေ့ အစိုးရက
အားပေးအားမြှောက်ပြု နေတာဟာ အင်မတန်မှ ၀မ်းနည်းကြေကွဲစရာ ကောင်းလှပါတယ်။
ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ရှေးနှစ်ပေါင်းများစွာထဲက ငြိမ်းချမ်းစွာ တရားဒေဿနာတော်
များနှင့်အညီ တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ သနားစာနာချစ်ခင်စွာဖြင့် အတူနေထိုင်လာကြသော
တိုင်းရင်းသားပြည်သူများမှာ ၂၀၁၀ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ဘာသာရေး၊လူမျိုးရေး
ပြဿနာများကြီးထွားလာခဲ့ပြီး ဘာသာမတူသူ၊လူမျိုးမတူသူများ ခုတ်နက်သတ်ဖြတ်ကြတဲ့ သတင်း
တွေဟာ သွေးသံရဲရဲနဲ့  မြင်ရှုမကောင်းဖြစ်ခဲ့ရပါတယ်။ဒီပြဿနာတွေကို နောက်ကွယ်မှ ဖန်တီးနေသူ
များရှိနေတယ်လို့  ပြည်သူများကဝေဖန်နေကြပြီး အာဏာပိုင်တွေကို ရှုံ့ ချခဲ့ကြပါတယ်။
လက်ရှိ ဦးသိန်းစိန်အစိုးရဟာ အမျိုးဘာသာသာဿနာ စောင့်ရှောက်ရေးအဖွဲ့  အင်စိန်ရွာမကျောင်း
ဆရာတော် တင်ပြလာတဲ့ မျိုးစောင့်ဥပဒေကို အခြေခံပြင်ဆင်သင့်သည့် (၄)ချက်ကို စီစစ်ပြီး
ပြည်သူ့ လွှတ်တော်သို့  သမ္မတကြီးကိုယ်တိုင်က ဥပဒေသတ်မှတ်ပြင်ဆင်ဖို့  တင်ပြတောင်းဆို
လာတာကို တွေ့ ရပါတယ်။ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက တင်ပြလာတဲ့ ဥပဒေတွေကို
သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကတဆင့် ပြင်ဆင်တင်ပြဖို့  သမ္မတကြီးထံ ပြန်လည်အကြောင်းကြား
ခဲ့ပါတယ်။ ထိုနောက် သမ္မတကြီးက မျိုးစောင့်ဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ ပြီး ဥပဒေကြောင်းအရ
သုံးသတ်ပြင်ဆင်ပေးဖို့  ထပ်ပြီးတောင်းဆိုလာတာတွေ့ ရပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ 
အမျိုးဘာသာ သာဿနာ စောင့်ရှောက်ရေးအဖွဲ့ ကို အားပေးလုပ်ဆောင်နေတာတွေ့ မြင်ရပြီး
ယခင်ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်၊ မိတ္ထီလာ၊ ပြည် စသည့် ပြဿနာတွေမှာ သံတယရှိလာပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ လက်ပံတောင်းတောင်ကိစ္စ၊ လယ်သမားများ လယ်ယာသိမ်းခံရမှု၊သမီးလေး
ရွာဖျက်ဆီးခံရမှု၊ စစ်ကိုင်းမှာဖြစ်တဲ့ပြဿနာ၊ နေပြည်တော် ဘုန်းကြီးကျောင်းတွေ တရားစွဲခံရမှု
စတာတွေဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေဖြစ်တယ်။ တကယ်သာ အမျိုးဘာသာသာဿနာ
ကို စောင့်ရှောက်ချင်စိတ်ရှိရင် ပြည်သူပြည်သားတွေကို ဖိနှိပ်မှုနဲ့ မဟုတ်ပဲ ဖြေလည်ရာပြေလည်
ကြောင်း လမ်းကြောင်းတွေအများကြီးရှိပါတယ်။အာဏာရှင်တွေဟာ ပြည်သူတွေကို ဖိနှိပ့်ချုပ်ချယ်မှု
နဲ့ သာ ဖြေရှင်ကြပြီး ပြည်သူတွေအတွက် လုံးဝထဲ့မစဉ်းစားတာကို တွေ့ မြင်ရပါတယ်။
အမျိုးဘာသာ သာဿနာကို ပြည်သူတွေ စောင့်ရှောက်လာကြတာ ရှေးနှစ်ပေါင်းများစွာထဲကပါ
ရွှေတံဂုံစေတီတော်ကြီးတည်ရှိနေတာက သက်သေဖြစ်ပါတယ်။ပြည်သူတွေဟာ ပန်း၊ရေ၊ဆီမီး
အမြဲကပ်လေ့ရှိပြီး ၀တ်အသင်းများဖွဲ့ စည်းကာ အပတ်စဉ် ပရိတ်ရွက်ပွဲများ နေ့ ကြီးရက်ကြီးများမှာ
ပွဲတော်များကိုကျင်းပကြပြီး သန့် ရှင်းရေးအသင်းများဖွဲ့ စည်းပြီး ကောင်းမှုကုသိုလ်ပြုကြပါတယ်။
အာဏာရှင်တွေလက်ထက်ကြမှ ဘုရားမြေတောင် စစ်တပ်ဆွဲခံထားရပါတယ်။ သံဃာတွေကိုသတ်
သံဃာတွေကို သင်းခွဲ၊သင်္ကန်းချွတ်ခိုင်းလိုခိုင်း၊အာဏာကိုအလွဲသုံးစားလုပ်ခဲ့ပြီးမှ အမျိုးဘာသာ သာဿနာကို စောင့်ရှောက်ရမယ်ဆိုတာ ယုံကြည်စရာမရှိပါဘူး။လူမျိုးရေးမှာလည်း ဦးနု၊ဦးနေ၀င်း၊
ဦးသန်းရွှေ ဦးသိန်းစိန် လက်ထက်မှာ ခိုးဝင်လာတဲ့ တရုတ် ကုလားတွေကို လဒ်စားပြီး မှတ်ပုံတင်
ထုတ်ပေး နိုင်ငံသားတွေပေး၊ပါတီတွေဖွဲ့ ခိုင်းပြီးမှ ဒီလူတွေလူဦးရေတိုးနှုန်းမြန်လို့  မျိုးစောင့်ဥပဒေဆို
ပြီး ပြည်သူတွေနဲ့  သံဃာတွေ နှစ်ခြမ်းကွဲအောင် တိုင်းပြည်ရေတိမ်နှစ်အောင် သံဃာတွေကိုခုတုံး လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့  ကြံစည်လာပြန်တယ်။
ဒီပြဿနာကို သည်လာတဲ့အဓိက တရားခံကတော့ အာဏာရှင်တွေပဲဖြစ်တယ်။ တိုင်းပြည်ကပြုပြင်
ပြောင်း လဲရေးလမ်းကြောင်းပေါ်ကိုရောက်လာပြီး တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့  စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်းကို မရောက်သေးဘူး။ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ပြဿနာမျိုးစုံကို ဖန်တီးနေပြန်
တယ်။ စစ်အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ ၁၉၈၈မှ ၂၀၁၀ အတွင်း အမျိုးဘာသာ သာဿနာ စောင့်ရှောက်
ရေးအဖွဲ့ ကို မဖွဲ့ ခဲ့ပဲ၊ ၂၀၁၀ ရွေးကောက်ပွဲပြီး ၂၀၁၁ မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး
အကျဉ်းသားတွေကို လွှတ်ပေးပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ကာမှ အမျိုးဘာသာ သာဿနာစောင့်ရှောက်ရေးအဖွဲ့ ကို သမ္မတ ကိုယ်တိုင်က ဦးဆောင်ပြီး လွှတ်တော်မှာ မျိုးစောင့်ဥပဒေပြဌာန်းပေးဖို့  တောင်းဆိုနေတာတွေ့ နေရပါတယ်။ ၂၀၁၅ ဟာ အာဏာရှင်တွေအဖို့ 
နောက်ဆုံးဖြစ်တယ်။ပြည်သူတွေဟာ အသိညာဏ်တွေမြှင့်တက်လာပြီး ဒီမိုကရေစီအခွင့်အရေး
တွေ၊လူ့ အခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ၊ ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်အောင်
ကြိုးစားလာနေချိန်၊တိုင်းပြည်ရဲ့  ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုကို လိုလားနေချိန်၊စစ်မှန်တဲ့ဒီမိုကရေစီ
အင်အားစုတွေအားကောင်လာနေတာကို အာဏာရှင်တွေ တုံလှုပ်လာနေပါတယ်။ပြောမိပြောရာပြော
မလုပ်သင့်ဒါတွေကိုလုပ်၊ သံဃာနဲ့ ပြည်သူကို သွေးခွဲ၊ လူမျိုးရေး ဘာသာရေး ပြဿနာတွေကို ဖော်ဆောင်နေတာဟာ ရိုးသားမှုမရှိဘူး။ပြန်ပြီးအာဏာသိမ်းဖို့ လမ်းကြောင်းတွေခင်းလာတာကို လေ့လာတွေ့ ရှိရပါတယ်။ သံဃာနဲ့  ပြည်သူတွေအနေနဲ့  နောက်ကြောင်းပြန်မဲ့ လမ်းကြောင်းကို
သတိထားကြဖို့ ၊၂၀၁၅ ဟာ သံဃာနဲ့  ပြည်သူတွေကို မတရားတဲ့ဥပဒေတွေနဲ့  ဖိနှိပ့်သတ်ဖြတ်ခဲ့တဲ့
အာဏာရှင်တွေကို ဖယ်ရှားကြဖို့  ဒီမိုကရေစီအရေးမှာ အသက်ပေးကာ သွေးမြေကျသွားကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းအား သစ္စာမဖောက်ပဲ ဒီမိုအချင်းချင်း ကျောခြင်းကပ် ယဉ်ခြင်းဆက်၍
စည်းလုံးညီညွတ်စွာနဲ့  စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်ကို ၂၀၁၅ မှာ အားမာန်အပြည့်အ၀နဲ့  အောင်လံ ထူကြပါစို့  တိုက်တွန်းလိုက်ရပါတယ်။
မြသိန်း