၂၀၁၄-၃-၂၆
ဆန္ဒထုတ်ဖော်ခွင့်ကို လွှတ်တော်မှာ ပြဌာန်းလိုက်ပြီး ဆန္ဒပြမယ့်လူတွေက စာတင်ဖို့ပဲလိုတယ်။
စာ မတင်ရင် ပုဒ်မ (၁၈) နဲ့ အရေးယူမယ်။ စာတင်တဲ့လူကိုခွင့်ပြုရမယ်လို့ လွှတ်တော်က
တညီတညွတ်တည်းဆုံးဖြတ်ထားပါတယ်။
ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ခွင့်ကို ဥပဒေအရခွင့်ပြုထားသော်လည်း အုပ်ချုပ်ရေးအာဏာပိုင်ရဲတပ်ဖွဲ့ 
ဝင်တွေက ချိုးဖေါက်ကာ ပြည်သူတွေရဲ့  ဆန္ဒဖော်ထုတ်ခွင့်ကို တားဆီးပိတ်ပင်နေတာဟာ အုပ်ချုပ်ရေး
မဏ္ဍိုင် ယိမ်းယိုင်နေမှု့ ကြောင့်ဖြစ်ပါတယ်။ပြည်သူတွေဟာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလားနေကြသောလည်း အစိုးရက မသိကျိုးကျွန်ပြုကာ ရေငုံနှုတ်ပိတ်နေပြီး ဒီနှစ် ၁၂ လပိုင်း ကြားဖြတ်ရွေးကောက်ပွဲကို အကြောင်းပြကာ အခြေခံဥပဒေပြင်ဆင်ရေးကို အချိန်ဆွဲနေသောကြောင့် ပြည်သူများက အစိုးရအပေါ် တောင်းဆိုဆန္ဒဖော်ထုတ်မှုများ မြို့ တိုင်းနယ်တိုင်းတွင် တစ်နိုင်ငံလုံး
ဆန္ဒထုတ်ဖော်နေကြသည်။
ဥပဒေစိုးမိုးရေးအတွက် အဖက်ဖက်မှ ကြိုးစားနေသော်လည်း မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်တဲ့တရားစီရင်ရေး
မဏ္ဍိုင်၊အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တို့ သည် အပြန်အလှန်ထိမ်းညှိ၍ မရဖြစ်နေရခြင်း၏
အဓိက အကြောင်းအရင်းမှာ စနစ်မကောင်း၍ဖြစ်သည်။
လက်ရှိအစိုးရသည် စစ်အာဏာရှစ်စနစ်ကို ဆုပ်ကိုင်ထားခြင်းကြောင့် ပြဿနာ အမျိုးမျိုးနှင့် ရင်ဆိုင်
နေရပြီး အုပ်ချုပ်ရေး၊ လူမျိုးရေး၊ဘာသာရေး ပရိပက္ခများကို အစိုးရ၏အာဏာဆုပ်ကိုင်ထားချင်သူများ
က ဖန်တီးနေကြသည်ကိုတွေ့ မြင်ရသည်။ဦးသိန်စိန်အစိုးရအဖွဲ့ က အမျိုးဘာသာ သာဿနာ စောင့်ရှောက်ရေးအဖွဲ့ နှင့် ၉၆၉ အဖွဲ့ ကို ဦးဆောင်နေသည်။
တိုင်းပြည်ဟာ အင်မတန်အန္တရယ်ကြီးလှသည် အာဏာရှင်တို့ သည် မိမိတို့  အာဏာတည်မြဲရေး
အတွက် ကောင်းကျိုး မကောင်းကျိုး အဖက်ဖက်မှ နည်းမျိုးစုံဖြင့်လုပ်တတ်ကြပြီး နိုင်ငံအကျိုးကို မငဲ့ကွက်ပဲဆောင်ရွက်တတ်ကြသည်။ယနေ့  ဖြစ်ပေါ်နေသော ပြဿနာသည် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ၂၆ နှစ်တာ စစ်အစိုးရအဖြစ်အုပ်ချုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ ဆန္ဒကို လျစ်လှူ့ ရှု့ ခဲ့ကာဖိနှိပ်မှုများဖြင့် အဆုံးသတ်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အား NLDမှ အစိုးရဖွဲ့ ခွင့် မရရှိခဲ့
ပေ။နောက်ပိုင်းတွင် စစ်တပ်မှ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာကာ စီးပွားရေးလုပ်ငန်းများကို ဗိုလ်ချုပ်ဆိုသူများနှင့် သူ၏အသိုင်းအ၀ိုင်းမှ ချုပ်ကိုင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် စစ်တပ်မှ ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲခဲ့ပြီး နှစ်ပေါင်း ၂၀ကျော်
စစ်အာဏာစစ်အာဏာရှင် စနစ်အောက်ရောက်ရှိခဲ့ရပြန်သည်။ စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူတွေဟာ ဖိနှိပ့်ငြင်းဖမ်းမှုအောက်တွင် နှစ်ပေါင်း ၅၀ ကျော်ဖြတ်သန်းလာခဲ့ရပြီး စိတ်ထောင်း
ကိုယ်ခြေ ဘ၀ပေါင်းများစွာ ပျက်ဆီးခဲ့ရာကာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို ပြောင်းလဲလာ၍ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ကာ စစ်ယူနီဖောင်းချွတ်များက ပြိုင်ဘက်မရှိ ကလိမ်ကကျစ်နည်းမျိုးစုံဖြင့် အနိုင်ယူခဲ့ပြန်သည်။
စစ်တပ်မှနိုင်ငံရေးနယ်ပယ်သို့  ၁၉၆၂ နှစ် အာဏာသိမ်းဝင်ရောက်လာမှုကြောင့် ပြည်သူတွေ နှစ်ပေါင်း ၅၀ ကျော် အသိဒုက္ခရောက်ခဲ့ကြရပြီး ဆင်းဆင်ရဲရဲဖြင့်နေထိုင်စားသောက်ခဲ့ရကာ တစ်ချိန်က အာရှရဲ့  ကျားနိုင်ငံမှ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရသည်။ယခုတခါ ဗုဒ္ဓဘာသာသာဿနာ ထွန်းကားတဲ့မြန်မာနိုင်ငံ
မှာ လူမျိုးရေး ဘာသာရေး သွေးထိုးမှုတွေ ဖန်တီးပြီး နိုင်ငံရေးမှာ သံဃာများဝင်ရောက်လာအောင် အမျိုးဘာသာ သာဿနာ စောင့်ရှောက်ရေးအဖွဲ့ နှင့် ၉၆၉ အဖွဲ့ ကို အစိုးရမှ အားပေးအားမြှောက်ပြု၍ သံဃာ သင်းခွဲနေပြန်သည်။ဘာသာရေးကို ခုတုန်းလုပ်ပြီး သံဃာအချင်းချင်း မညီညွတ်အောင်၊
ပြည်သူအချင်းချင်းချင်း မညီညွတ်အောင် သံဃာနှင့်ပြည်သူ မညီညွတ်အောင် သွေးခွဲထားမှ အာဏာရှင်တွေ ကုလားထိုင်မြဲပြီး စိတ်ချစွာ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပေးထားသည်။
ပြည်သူတွေအနေဖြင့် အာဏာဆုပ်ကိုင်ထားချင်သူများ၏ နိုင်ငံရေးလှည့်ကွက်ကို အထူးသတိကြီးစွာ
ထားဖို့ လိုအပ်ပေသည်။
နိုင်ငံရေးတွင် ဘာသာရေးရောထွေးအောင် သံဃာတွေကိုအသုံးပြု၍ တိုင်းပြည်မငြိမ်မသက် ဖြစ်အောင် အာဏာရှင်များက နိုင်ငံရေး အမြတ်ထုတ်ရန် ဖန်တီးလာပြန်သည်။အခုလို နိုင်ငံရေးမှ သံဃာတွေကို ဆွဲထည့်လာခြင်းသည် တိုင်းပြည်၏ ကြီးမားလှသော အန္တရာယ်ဖြစ်သည်။ သာဿနာပြုလုပ်ငန်းများ
ဘာသာ ဿနာပြန့် ပွားရေးလုပ်ငန်းများကို သံဃာတွေ ကျယ်ကျယ်ပြန့် ပြန့် မလုပ်ဆောင်ရပဲ ဗုဒ္ဓ၏ ဆိုဆုံးမ တရားတော်များနှင့်အညီ တရားဘာဝနာကျင့်ကြံအားထုတ် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်
၍ မေတ္တာဘာဝနာ ပွားများနေရမည့်အစား အာဏာရှင်တို့ ဖန်တီးတဲ့ ပရိပက္ခပြဿနာများထဲသို့  သံဃာများ ရောက်လာခဲ့ရပြီ။ဘာသာရေး၊လူမျိုးရေး လမ်းကြောင်းပေါ်သို့  သံဃာနှင့် ပြည်သူကို စိတ်ဝမ်းကွဲအောင်ပြုလုပ်ခဲ့သည်။ တိုင်းပြည်ဟာ စနစ်တစ်ခုအပြောင်းလဲကို ရောက်ရှိမည့်အချိန်၊ ပြည်သူတွေဖိနှိပ်ခံဘ၀မှ လွှတ်မြောက်ကာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့  တက်လာမည့် အချိန်တွင် ယခုလို ဘာသာရေး၊လူမျိုးရေး ပရိပက္ခတွေကို ဖန်တီးပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်
တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ဖြစ်လာနေသည်။
၂၀၁၅ ဟာ ပြည်သူတွေအဖို့ အာဏာရှင်လက်အောက် အဖိနှိပ်ခံဘ၀နဲ့ နေမလား၊ စစ်မှန်တဲ့ဒီမိုကရေစီ
ကို အားပေးထောက်ခံပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး၊ လူ့ အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကိုထောက်ခံအားပေးပြီး ပြည်သူအား ဖိနှိပ့်သူအာဏာရှင်ကို ဖြုတ်ချ၍ စနစ်တစ်တခု ပြောင်းလဲ လုပ်ကာ တိုင်းပြည်မနစ်နာရအောင် ပြည်သူတွေ ဒုက္ခဆင်းရဲခြင်းမှ မြန်မြန်လွတ်မြောက်စေရန် ပြဿနာများကို အခြေခံဥပဒေပြင်ဆင်ပြီး ဥပဒေစိုးမိုးမှုအောက်မှ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းကာ
နေထိုင်လိုသလားဆိုတာ ပြည်သူတွေ ရွေးချယ်ရမဲ့ လမ်းခွဲတစ်ခုဖြစ်လာနေပါသည်။
မြသိန်း